တောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် တပ်မတော်က စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိကြောင်း သိရသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်ဂါးမှီး ကျေးရွာရှိ ဒေသခံတောင်သူများ၏စိုက်ခင်းများသို့ အနယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၅၂၇၅ ပိဿာနှင့် ဂေါ်ဖီထုပ် ၉၄၄၅ ထုပ်တို့ကို ဝယ်ယူပေးခဲ့သည်။ ဒေသခံ တောင်သူများ၏ အခက်အခဲများ အပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေးသွား မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားချက်အရ သိရသည်။ Crd – People Media

မဲရုံသွားခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက် ဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

ရွေးကောက်ပွဲနေ့တွင် မဲရုံသွားခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးမြင့်နိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်းရှိ ၄၄ မြို့နယ်တွင် Stay at Home လုပ်ဆောင်ထားကြောင်း၊ ကော်မရှင်အနေဖြင့် မဲပေးသည့်နေ့တွင် COVID-19 ရောဂါကူးစက်မှုများ မရှိအောင် အစီအစဉ် ချထားသည်ဟု သိရှိကြောင်း၊ ကော်မရှင်အနေဖြင့် ကိုးရီးယားနိုင်ငံကဲ့သို့ အခြားနိုင်ငံများထံ အကြံဉာဏ်ရယူထားပြီး အဆိုပါနိုင်ငံများထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ထားသည်ဟုပြောဆိုသဖြင့် မည်သည့်အစီအစဉ်များ ချထားသည်၊ ရောဂါအကူးမခံရအောင် မဲပေးသူများ စိတ်ချအောင် မည်သို့အစီအစဉ်များနှင့်လုပ်ထားသည်ကို အကျယ်တဝင့် ပြောကြားပေးရန် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ဥပမာအားဖြင့်ဆိုလို့ရှိရင် ကျွန်တော်တို့ နှာခေါင်းစည်းကအစ အကောင်းစားတွေပေါ့။...

ဒုတိယလှိုင်းတွင် ရုန်းကန်နေရသည့် ပြည်သူများ၏ဘဝကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ကိုဗစ်ဒုတိယလှိုင်းတွင် ပြည်သူများ ရုန်းကန်ရသည့်ဘ၀ ရောက်ရှိလာသည်ကို သတိပြုမိ ကြောင်းနှင့် တတ်နိုင်သမျှဖြည့် ဆည်းပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့တွင် ပြောသည်။ နိုင်ငံ၏ ကိုဗစ်-၁၉ နောက် ဆုံးအခြေအနေနှင့်ပတ်သက်၍ ပြည်သူများကို အစီရင်ခံတင်ပြ သည့် မိန့်ခွှန်း၌ ထည့်သွင်းပြော ကြားခြင်းဖြစ်ပြီး ပြည်သူများကို ပစ်ထားမည်မဟုတ်ကြောင်းနှင့် ပြည်သူများ၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် ပြဿနာကို မြန်ဆန်စွာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ‘‘စီးပွားရေးအရ ကျွန်မတို့ ပြည်သူတော်တော်များများမှာ ရုန်းကန်ရတဲ့ဘ၀ ရောက်လာ တယ်ဆိုတာ သတိပြုမိပါတယ်။ အဲဒါတွေအတွက်လည်း နိုင်ငံ တော်ကနေ ဘယ်လောက်အထိ လုပ်နိုင်မယ်၊ ဘယ်လိုနည်းတွေနဲ့ ပံ့ပိုးနိုင်မလဲဆိုတာ တစ်ချိန်လုံးပဲ စဉ်းစားပြီးတော့ လိုအပ်ရင် လို အပ်သလို တတ်နိုင်သမျှ ဖြည့် ဆည်းပေးပါမယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က...

ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့ မြန်မာပြည်က လုပ်ငန်းများနှင့် အလုပ်ပြုတ်ကုန်တဲ့ ဝန်ထမ်းတွေ

ကိုဗစ်က ခရီးသွားလုပ်ငန်းတွေထိတယ်ဗျာ၊ နှစ်တရာမှာ တခါမှမကြုံဖူးတဲ့နှုံးနဲ့ ကို ထိတာ။ အလွန်ကျစ်လစ်သိပ်သည်းတဲ့ လုပ်ငန်းစုဟာ ဖွာလန်ကြဲ သွားတာပဲ။ အခု ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေ မရှိတော့လို့ မြန်မာပြည်ထဲ တနေ့ လူတထောင်လာမယ်ဆိုတောင် ဘယ်ကုမ္ပဏီမှ ဝန်ဆောင်မှုမပေးနိုင်တော့ဘူး။ ဟိုတယ်တွေထိတယ်ဗျာ၊ ဟိုတယ်တွေမှာ ကိုဗစ်လူနာ ထားရတဲ့ ဆေးရုံတွေ စင်တာတွေ တဖြစ်လဲသွားပြီ။ ဟိုတယ်ဆိုတာ အရင်းအနှီး အလွန်ကြီးတဲ့ မြုပ်နှံမှုတွေပါ.. ၁၀ နှစ်နေလို့အရင်းမကြေဘူး။ တနိုင်ငံလုံး တလုံးမကျန် အကုန်ရပ်သွားတယ်။ ဝန်ထမ်းတွေကော? တလတသိန်းလောက်ထောက်ပံ့ကြေးပေးပြီး ဆက်ခန့်ထားရင် အလွန်တော်တဲ့ပုဂ္ဂိုလ်မို့ပဲ။ လူ သိန်းချီ အလုပ်ပြုတ်သွားတာ။ ဧည့်လမ်းညွှန်တွေ….. လှုပ်တောင်မလှုပ်နိုင်ကြတော့ဘူး၊ တလ သိန်း ၂၀၊ ၃၀ ဝင်နေတဲ့ ဥာဏသမားတွေ… တလ သုံးလေးသိန်းဝင်ဖို့ ကာယအားကိုးပြီး delivery ပို့တဲ့ လူ ပို့နေကြပြီ။ ဘုရားဈေးသည်တွေ သူတို့ရောင်းနေကြ ပန်းနံမည် တောင်...

ဖျက်သိမ်းလိုက်သည့် Sim Card များပါ လက်ကျန်ငွေ ကျပ်သန်း (၁၇၀၀)ကျော်အား ကိုဗစ် ဗဟိုကော်မတီကို လှူဒါန်း

မှတ်ပုံတင်းခြင်းမရှိတာကြောင့် ဖျက်သိမ်းလိုက်တဲ့ Sim Card တွေမှာ ကျန်ရှိတဲ့ လက်ကျန်ငွေ စုစုပေါင်း ကျပ်သန်း (၁၇၂၂)သန်းကျော်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ် ၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ အဲဒီလို လှူဒါန်းတာကို အောက်တိုဘာလ (၁၉)ရက်က နေပြည်တော် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ရုံးအမှတ် (၄)မှာ ပြုလုပ်ခဲ့ပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ် ၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ် ဧပြီလ(၄)ရက် ရှေ့ပိုင်းက မှတ်ပုံတင်ထားသူတွေအနေနဲ့ သက်သေခံကတ်ပြားတစ်ခုကို Sim Card (၂) ကဒ်ထက်ပိုပြီး မှတ်ပုံတင်ထားရင်...

coronavirus ကာကွယ်ဆေးထိုးနှံရာတွင် လိုအပ်လာမည့် ဆေးထိုးအပ်များအတွက် ကြိုတင်စုဆောင်းနေကြောင်း ကုလပြောကြား

၂၀၂၁ ခုနှစ်အတွင်းမှာ coronavirus ကာကွယ်ဆေးထိုးနှံတဲ့အချိန် လိုအပ်လာမယ့် ဆေးထိုးအပ်ဘီလီယံနဲ့ချီကာ စုဆောင်းနေကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ တနင်္လာနေ့အထိ စာရင်းတွေအရ တစ်ကမ္ဘာလုံး coronavirus ကူးစက်ခံရသူ သန်း (၄၀)ကျော်နေပြီး သေဆုံးသူပေါင်း (၁ ဒသမ ၁)သန်းကျော်ရှိနေပါပြီ။ Covid-19 ကာကွယ်ဆေးထိုးနှံတာက လူ့သမိုင်းမှာ အရေအတွက်အများဆုံး ကာကွယ်ဆေးထိုးပေးတဲ့ ဖြစ်စဉ်ကြီးတွေထဲက တစ်ခုဖြစ်တာကြောင့် ကာကွယ် ဆေးထုတ်လုပ်ဖို့ လိုအပ်သမျှ အမြန်ဆုံးလုပ်ဖို့လိုအပ်တယ်လို့လည်း ယူနီဆက်ဖ် အမှုဆောင်ဒါရိုက်တာ Henrietta H. Foreက ပြောပါတယ်။ ဒီနှစ်ကုန်မှာ ဆေးထိုးအပ် သန်း (၅၀၀)လောက်ကို အဆင်သင့် ရှိအောင်လုပ်ထားပြီး ငွေကြေးအလေအလွင့်မရှိ အလျင်အမြန် အသုံးပြုနိုင်အောင် ပြင်ဆင်ထားတယ်လို့လည်း သူကပြောပါတယ်။ ဒီသိုလှောင်ထားတဲ့ ဆေးထိုးအပ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဦးဆောင်လုပ်ကိုင်နေတဲ့ လူတိုင်းအတွက် ကာကွယ်ဆေးရဖို့ COVAX အစီအစဉ်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ အခုလက်ရှိ တစ်ကမ္ဘာလုံး...

ရန်ကုန်ပြန် ကွာရန်တင်းဝင်မယ့်သူတွေကို ဟန့်တားသူ ခြောက်ဦး အရေးယူခံရ

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီး ကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာကဒေသခံ(၆)ဦးဟာကျေးရွာ မူလတန်း ကျောင်းမှာ ရန်ကုန်ပြန်တွေကွာရန် တင်းထားရှိတာနဲ့ပတ်သတ်ပြီးဟန့်တားခဲ့တာကြောင့်မနေ့ကအရေးယူထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ရန်ကုန်ကနေ ပြန်လာတဲ့ ရွာသား( ၉) ဦးကို ကွာရန်တင်း ထားဖို့ကျေးရွာကော်မတီကဆောင်ရွက်နေတာကိုဟန့်တားတားမြစ်တာဟာ ရွာမှာ ရောဂါ ကူးဆက်မှာ စိုးရိမ်လို့ တားမြစ်တာဖြစ်တာကြောင့် အမှုဖွင့်အရေးယူ အပြစ်ပေးတာမျိုးမလုပ်ပဲ အသိပညာပေး ဆောင်ရွက်သင့်တယ်လို့ ပန်တနော်မြို့ လူမှုရေး အဖွဲ့က ဦးရဲထွဋ် ကအကြံပြု​ ပါတယ်။ ကွာရန်တင်း ထားတာကို ဟန့်တားခဲ့တဲ့ စောထူးထူး အပါအဝင် ၆ ဦးကို ပန်းတနော်မြို့မရဲစခန်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်ထား​တယ်လို့ သိရပါတယ်။ crd-deltanewsagency

မော်လမြိုင်မှ (၄၅)ရက်သား အမွှာကလေး အပါအဝင် (၁၀)နှစ်အောက် ကလေးငယ် (၈)ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

သူတို့လေးတွေ ဘာသိမှာလဲဗျာ။(၄၅) ရက်သားပဲ ရှိသေးတဲ့ အမွှာကလေးတွေပါ ကူးစက်ခံရတာ။ယနေ့ည မော်လမြိုင် သံလွင်အေး စက်ရုံအဆက် ပိုးထပ်တွေ့လူနာပေါင်း(၄၈)ဦးထဲမှာ သီရိမြိုင်(၅)လမ်းမှ (၄၅)ရက်သားပဲ ရှိသေးတဲ့ အမွှာကလေး အပါအဝင်(၁၀)နှစ်အောက် ကလေးငယ် (၈)ဦးထိ ပါဝင်လာပါတယ်။ မိခင်တွေဖြစ်တဲ့ အလုပ်သမတွေက ပိုးအရင်တွေ့ပြီး ဆေးရုံကြိုရောက်နေတယ်။ ကလေးတွေက Contactတွေအဖြစ် Q ဝင်ခဲ့ရပြီး ပိုးတွေ ထပ်ကူးစက်ခံရတယ်။ Positive လူနာတွေကို ဆေးရုံကြီးကုသဆောင်ကိုပို့တော့ အသစ်လုပ်ထားတဲ့ Isolation Ward-3 ကို ပို့ရတော့ မိခင် နဲ့ ကလေးတွေ တကွဲတပြား။ ရောဂါကြား ပူပင်မှုတွေကြား မိဘနဲ့ သားသမီးတွေ အတူနေခွင့်မရ။ မိခင်တွေက တောင်းဆိုကြတော့ အားလုံး အဆင်ပြေအောင် Positive ထွက်တဲ့ ကလေးတွေကို မိခင်တွေရဲ့ ရင်ခွင်ဆီကို တူတူနေထိုင်ခွင့်ရဖို့ ညချင်းတွင်းကူညီဆောင်ရွက် ပို့ဆောင် ပေးခဲ့ပါတယ်။ ဒီကြားထဲ ကလေးငယ်လေး...

ဘယ်လ်ဂျီယံမှာ ဘားနဲ့စားသောက်ဆိုင်တွေကို တစ်လတာ ပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများလာနေတာကို တားနိုင်ဖို့အတွက် ဘားနဲ့ စားသောက်ဆိုင်တွေကို တစ်လကြာ ပိတ်ပင်ဖို့ ဘယ်လ်ဂျီယံ အစိုးရက လုပ်ဆောင်နေပါတယ်။ ဒီလိုပိတ်ပင်မယ်ဆိုတာကို သောကြာနေ့မှာကြေညာခဲ့ပြီး အခုတနလာင်္နေ့မှာ စတင်အကောင်ထည် ဖေါ် ဆောင်ရွက်နေတာပါ။ ဒါပေမယ့် Antwerp မြို့က စားသောက်ဆိုင်ပိုင်ရှင်တဦးဖြစ်သူ Peter Van der Bossche ကတော့ အစိုးရရဲ့ဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ပြောပါတယ်။ ဘားနဲ့စားသောက်ဆိုင်ပိတ်တာအပြင် ည ၁၂ နာရီကနေ မနက် ၅ နာရီကြား ညမထွက်ရ အမိန့်ထုတ်ပြန်တာ၊ ည ၈ နာရီနောက်ပိုင်း အရက်ဝယ်ခွင့်ပိတ်ပင်တာ၊ မိသားစုအဖွဲ့ဝင်မှအပ အပြင်လူကိုတွေ့မယ်ဆိုရင် တဦးသာခွင်ပြုတာအပါဝင် အခြားတားမြစ်ချက်တွေကိုလည်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ လူအတော်များများကိုတော့ ဖြစ်နိုင်သမျှ နေအိမ်ကနေပဲ အလုပ်လုပ်ဖို့ အစောပိုင်းကတည်းက ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ကူးစက်ရောဂါထိမ်းချုပ်ရေး ဥရောပစင်တာရဲ့ စာရင်းတွေအရ ဘယ်လ်ဂျီယံဟာ လူ တသိန်းမှာ ရောဂါပိုးတွေ့သူ ၇၀၀...

မန္တလေးဆေးရုံကြီးသို့ လာရောက်ပြသသည့် COVID-19 သံသယလူနာများထဲတွင် အနံ့အရသာ ပျောက်သူများနေဟုဆို

မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ လာရောက်ပြသသည့် COVID-19 သံသယလူနာအနက် အနံ့ အရသာ ပျောက်သူ အများဆုံးဖြစ်ကာ စက်တင်ဘာလဆန်းပိုင်းမှ အောက်တိုဘာ ၁၈ရက်အထိ အနံ့မရ သဖြင့် လာရောက်ပြသသူ ၉၀ ကျော်အနက်မှ ပိုးတွေ့ရှိ သူ ၇၀ ခန့်ရှိ ကြောင်း မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးက သိရသည်။ နေ့စဉ်လာရောက်ပြသသည့် လူနာများအတွင်းမှ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနားခြင်း၊ အနံ့မရ ခြင်း စသည့် လက္ခဏာရှိသူများကို COVID-19 သံသယလူနာအဖြစ် သတ်မှတ်ကာ သီးခြားထားရှိ၍ စစ်ဆေးပေးနေခြင်းဟု သိရသည်။ “အခုနောက်ပိုင်း သံသယလူနာအနေနဲ့ လာပြသူတွေမှာ အနံ့မရတာတွေက ပိုများတယ်၊ အနံ့မရလို့ဆိုပြီး ရောက်လာတာ ၉၀ ကျော်လောက်ထိရှိတာမှာ ၇၀ လောက်က Positive ထွက်တယ်၊ အဲဒီတော့ အနံ့မရ တဲ့သူတွေက Positive ထွက်ဖို့ရာ များတာပေါ့” ဟု...