နိုင်ငံ့လက်ရွေးစင် ကြက်တောင်မယ်လေးကို မင်းသမီးတင်ပြီး သီချင်းအသစ် ရိုက်ကူးနေတဲ့ ရဲလေး

နားဝင်ချိုတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ရဲလေးကတော့ ပရိသတ်တွေ ရင်ထဲမှာ စွဲနေတဲ့ သီချင်းကောင်းလေးတွေများစွာကို ဖန်တီးထားနိုင်တဲ့ အနုပညာရှင်ကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်တွေကို ချပြဖို့ အနုပညာတွေကို ဖန်တီးနေတဲ့ ရဲလေးကတော့ လတ်တလောမှာ နိုင်ငံ့လက်ရွေးစင် ကြက်တောင်မယ်လေး သက်ထားသူဇာကို မင်းသမီးတင်ပြီး သီချင်းလေးတစ်ပုဒ် ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ကြက်တောင်မယ် အချောအလှလေး သက်ထားသူဇာကတော့ ရဲလေးရဲ့သီချင်းအသစ်ထဲမှာ နည်းနည်းလေး ပြင်ဆင်လိုက်တော့ တကယ့်မင်းသမီးတွေလို အရမ်းချောပြီး ကြည့်လို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်မယ်လေး သက်ထားသူဇာနဲ့ သီချင်းတစ်ပုဒ် ရိုက်ကူးနေတဲ့ အဆိုတော် ရဲလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ သက်ထားသူဇာလေးကတော့ “ဘာလာလာ ရုပ်ရှင်ရယ် စပွန်ဆာ ရုပ်ရှင် ရယ် နှင်းဆီအငြိမ့် တို့ မတိုင်ခင် သီချင်းအသစ် တစ်ပုဒ် မနေ့ ကရိုက်ကူးပြီးစီးခဲ့ပြီး စက်တင်ဘာလထဲမှာပဲ YLJK...

မြန်မာ-ဂျပန်ပွဲ၌ ကွင်းထဲပြေးဝင်သူအားအရေးယူထားပြီး ဘောလုံးအဖွဲ့ချုပ်မှ ဒေါ်လာ နှစ်သောင်းအထိဒဏ်ကြေးဆောင်ရနိုင်ဖွယ်ရှိ

မြန်မာ့လက်ရွေးစင်အသင်း နှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ပွဲစဉ်တွင် ဘောလုံးကွင်းထဲသို့ ပြေးဝင်ခဲ့သောပရိသတ်တစ်ဦးအား မင်္ဂလာတောင်ညွန့်ရဲစခန်းက ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူထားပြီး ယင်းဖြစ်စဉ်အတွက် အိမ်ရှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဒဏ်ကြေး ဒေါ်လာ နှစ်သောင်း(ကျပ် သိန်း ၃၀၀) အထိ ဆောင်ရနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။ စက်တင်ဘာလ ၁၀ရက် ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပွဲချိန် မိနစ် ၄၀၌ ကွင်းထဲသို့ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ” ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းထားတာပဲရှိတယ်။ ကျွန်တော်တို့မှာလည်း တိုင်ကြားတဲ့သူရှိလာရင် အရေးယူပေးပါမယ်။ လောလောဆယ်တော့ မတိုင်ကြားသေးပါဘူးဗျ။ ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းနဲ့ အရေးယူတယ်။ ထိန်းသိမ်းတယ် ဒါပဲရှိတယ်။ တစ်ခုတော့ရှိတယ်။ (ပ) နံပါတ်မပေးနိုင်ဘူး။ ပုဒ်မမပေးနိုင်ပါဘူးဗျ။ ရန်ကုန်ရဲအက်နဲ့ပဲ အရေးယူတယ်လို့ သိထားပါဗျ” ဟု...

မြန်မာ-ဂျပန်ပွဲ၌ ကွင်းထဲပြေးဝင်သူအားအရေးယူထားပြီး ဘောလုံးအဖွဲ့ချုပ်မှ ဒေါ်လာ နှစ်သောင်းအထိဒဏ်ကြေးဆောင်ရနိုင်ဖွယ်ရှိ

မြန်မာ့လက်ရွေးစင်အသင်း နှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ပွဲစဉ်တွင် ဘောလုံးကွင်းထဲသို့ ပြေးဝင်ခဲ့သောပရိသတ်တစ်ဦးအား မင်္ဂလာတောင်ညွန့်ရဲစခန်းက ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူထားပြီး ယင်းဖြစ်စဉ်အတွက် အိမ်ရှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဒဏ်ကြေး ဒေါ်လာ နှစ်သောင်း(ကျပ် သိန်း ၃၀၀) အထိ ဆောင်ရနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။ စက်တင်ဘာလ ၁၀ရက် ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပွဲချိန် မိနစ် ၄၀၌ ကွင်းထဲသို့ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ” ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းထားတာပဲရှိတယ်။ ကျွန်တော်တို့မှာလည်း တိုင်ကြားတဲ့သူရှိလာရင် အရေးယူပေးပါမယ်။ လောလောဆယ်တော့ မတိုင်ကြားသေးပါဘူးဗျ။ ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းနဲ့ အရေးယူတယ်။ ထိန်းသိမ်းတယ် ဒါပဲရှိတယ်။ တစ်ခုတော့ရှိတယ်။ (ပ) နံပါတ်မပေးနိုင်ဘူး။ ပုဒ်မမပေးနိုင်ပါဘူးဗျ။ ရန်ကုန်ရဲအက်နဲ့ပဲ အရေးယူတယ်လို့ သိထားပါဗျ” ဟု...

ကျန်းမာရေးအခြေအနေကြောင့် ရုံးချိန်းမတက်ရောက်နိုင်ခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ ဒီနေ့ ရုံးချိန်းကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒီနေ့ရုံးချိန်းအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဠုကျော်ရဲ့ ရှေ့နေက ပြောပြခဲ့ပါတယ်။ အစာအိမ်ကြောင့် ဆေးကုသမှု ခံယူနေရတဲ့ ဝေဠုကျော်က ဒီနေ့(စက်တင်ဘာ၁၁ရက်)ရုံးချိန်းကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီတစ်ပတ်မှာ အမှု အခြေအနေ ထူးခြားမယ်လို့ စက်တင်ဘာ(၅) ရက်နေ့က ပြောခဲ့ပေမယ့် ဒီနေ့မှာ အမိန့်ချတာမျိုး မရှိဘူးလို့ ဝေဠုကျော်ရဲ့ ရှေ့နေက ဆိုပါတယ်။“ကိုဝေဠုကျော် ကျန်းမာရေးကတော့ သက်သာပါတယ်။ အမှုအကြောင်းကတော့ အခုချိန် ပြောလို့မရသေးပါဘူး။ဒီနေ့ လျှောက်လဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အမိန့်မချဖြစ်ဘူး” လို့ ဝေဠုကျော်ရဲ့ ရှေ့နေဦးဝေဖြိုးမြတ်က ပြောပါတယ်။ ဝေဠုကျော်က အရင်က အစာအိမ်သွေးကြောပေါက်ဖူးခဲ့တဲ့ ဝေဠုကျော်ဟာ အစားအသောက်မမှန်တာကြောင့် အခုလို ပြန်ဖြစ်တာ ဖြစ်တယ်လို့ ကိုဝေဠုကျော်ဘေးမှာ အမြဲတမ်း အနီးကပ်ရှိနေတဲ့ ကိုဘိုစိန်က ဆိုပါတယ်။“အစားအသောက်မမှန်တာကနေ ဖြစ်တာ။ အစာအိမ်နာနေတာကြာလို့ ဒီနေ့မှာ မေ့ဆေးပေးပြီး အစာအိမ်မှန်ပြောင်းကြည့်ဖို့ ဆေးရုံကြိုတက်ထားတာပါ။...

ဗစ်တိုးရီးယားကို စတင်စစ်ဆေးမည့် ၆ ကြိမ်မြောက်ရုံးချိန်းတွင် ကလေးငယ်၏ မိဘနှစ်ပါးနှင့် နှစ်ဖက်​ရှေ့နေများ ဝင်ရောက်ခွင့်ရ

ဗစ်တိုးရီးယားကို စတင်စစ်ဆေးမည့် ၆ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေးမည့် တရားခွင်အတွင်း ကလေးငယ်၏ မိဘနှစ်ဦးနှင့် ပါဝါတင်ထားသည့် ​ရှေ့နေများသာ ဝင်​ရောက်ခွင့်ရကြောင်း ဗစ်တိုးရီးယားအမှုတွင် လိုက်ပါ​ဆောင်ရွက်နေသည့် နှစ်ဖက်​ရှေ့​နေများ၏ ​ပြောဆိုမှုများအရ သိရသည်။ စက်တင်ဘာ ၁၁ ရက်​နေ့တွင် ​နေပြည်တော် ဒက္ခိဏသီရိ ခရိုင်တရားရုံးတွင် ၆ ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးခြင်းဖြစ်ပြီး ကာယကံရှင်ဖြစ်သူ အသက် ၃ နှစ်အရွယ် ဗစ်တိုးရီးယားကို Video Conferencing ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။   နေပြည်တော်ရှိ ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် သုံးနှစ်အရွယ် ကလေးငယ်မှာ လိင်ပိုင်းဆိုင်ရာ ထိခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး Wisdom Hill ကျောင်းမှ ယာဉ်မောင်းဖြစ်သူ အောင်ကြီး ဆိုသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အရေးယူထားကြောင်း သိရသည်။ Credit-EMG

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံပြီးနောက် ရန်ကုန်တိုင်းတွင် လျှပ်စစ်ဓာတ်အားသုံးစွဲယူနစ် ၂၂ သန်းခန့် လျော့နည်းလာ

ဇူလိုင် ၁ ရက်မှစတင်ကာ လျှပ်စစ်ဓာတ်အား သုံးစွဲခတိုးမြှင့်ကောက်ခံပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားသုံးစွဲသည့် ယူနစ် ၂၂ သန်းခန့် လျော့ နည်းလာကြောင်း စက်တင်ဘာ ၉ ရက် မွန်း လွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲက သိရသည်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခဲ့ခြင်းမရှိသေးသည့် ၂၀၁၉ ခုနှစ် ဇွန်လတွင် ရန်ကုန် တိုင်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲယူနစ် ၇၁၇ သန်းရှိခဲ့သည်။ မီတာခတိုးမြှင့်ခဲ့သည့် ဇူလိုင်လတွင် သုံးစွဲယူနစ် ၆၉၅ သန်းသာရှိ သည့်အတွက် သုံးစွဲယူနစ် ၂၁ ဒဿမ ၉ သန်း လျော့နည်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁ ဒဿမ ၈ သန်းသည် ယခင်ကထက် မီးသုံးစွဲမှုလျှော့ချခဲ့သော်လည်း လျှပ်စစ်ဓာတ်အားခ ကောက်ခံငွေ ကျပ်သန်း ၃၆၈၈၁ သန်းကျော်...

အဒေါ်ဖြစ်သူ ယွန်းနဒီလွင်မိုးနဲ့အပြိုင် ပို့စ်တွေလိုက်ပေးနေတဲ့ လီယျံလေး

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်ပါ။ သားလေးဟာ အသက်ငယ်သေးပင်မယ့်လည်း သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ ဒုနဲ့ဒေးပါ။ မေမေနဲ့အတူ ကြော်ငြာလေးတွေပါ ရိုက်ကူးထားတာပါ။ သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း ဖွားဖွားမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်လေ့ရှိပြီး ပရိသတ်တွေကဒီဗီဒီယိုလေးတွေကို ကြည့်ပြီး အသည်းတွေယားနေရတာပါ။ Liam လေးဟာ အသက်တစ်နှစ်ပြည့်ပြီပဲဖြစ်ပြီး ပါးလေးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းနေတာပါ။ အခုတစ်ခေါက်မှာလည်း တီတီယွန်းနဒီလွင်မိုးက ဓာတ်ပုံရိုက်နေတာလေးကို နောက်ကနေပို့စ်တွေပေးနေတဲ့ ပုံရိပ်လေးကို ယွန်းနဒီလွင်မိုးရဲ့ Instagram လူမှုကွန်ယက်တွင် တင်ထားတာပါ။ ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် အသည်းယားပြီး ချစ်စရာကောင်းလွန်းတဲ့ Liam လေးရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

သမီးလေးရဲ့ အသက် (၁၃) နှစ်ပြည့်မွေးနေ့ကို မျိုးရိုးစဉ်ဆက်မှာကြားခဲ့တဲ့ စကား (၃) ခွန်းနဲ့ လက်ဆောင်ပေးခဲ့တဲ့ ဖခင်

သမီး ဖူးဖူး။ ဒီနေ့ဟာ သမီးအသက် (၁၃)နှစ် ပြည့်တဲ့နေ့လေးနော်။ Happy Birthday ပါ သမီးရယ်။သမီးကို ဖေဖေ မွေးနေ့ရောက်တိုင်း မွေးနေ့လက်ဆောင် စကားတွေ ရေးခဲ့တာလည်း ဒီနှစ်နဲ့ဆို သုံးနှစ် ပြည့်ခဲ့ပြီ သမီး။ ဒီနှစ်တော့ ဖေဖေတို့ မျိုးရိုးစဉ်ဆက် မှာကြားခဲ့တဲ့စကား သုံးခွန်းကို ဖေဖေက သမီးလေးကို ထပ်မှာပါရစေ။ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ပြင်ရွာမှာ မွေးတဲ့သမီးဖိုးဖိုးရဲ့ အမေဒေါ်ကြင်ငွေက သမီးရဲ့ဖိုးဖိုး ဦးယုံရှိန် တိုင်းပညာရေးမှူး ဖြစ်တော့ ဒီစကားသုံးခွန်းကို မှာခဲ့တယ်။ ဖိုးဖိုးဟာ ဒီစကားအတိုင်း တိတိကျကျလိုက်နာခဲ့တယ်။ နောက်တစ်ဖန် သမီးဖိုးဖိုးဦးယုံရှိန်က ဖေဖေ့ကို ဆရာဝန်ဖြစ်တော့ ဒီစကားသုံးခွန်းထပ်မှာပြန်တယ်။ ဖေဖေလည်း ခုထိ လိုက်နာကျင့်သုံးဆဲပဲ။ဒီနှစ်တော့ သမီးကို ဖေဖေက သမီးဘ၀ လမ်းညွှန်အဖြစ် ဒီစကားသုံးခွန်းကို လက်ဆောင်ပေးပါရစေ။ အဲဒါတွေကတော့ -(၁) သမီး ဘ၀တစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။...

ဒဂုံဆိပ်ကမ်းက ဖယောင်းစက်ရုံ Level 4 အဆင့်မီးလောင်မြိုက်လျက်ရှိနေပြီး ရေနှင့်ငြိမ်းသတ်မရဖြစ်နေ

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ စက်မှုဇုန် (၁) ဖယောင်းစက်ရုံ မီးလောင်နေရာ Level 4 အဆင့်ရှိပြီး ရေနဲ့ ငြိမ်းသက်မရတဲ့ အခက်အခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဓူဝံ ကို အတည်ပြုပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ မိနစ် ၅၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသက်ရာမှာ ဂိုဒေါင်းတခြမ်းလုံးမီးလောင်ကျွမ်းသွားခဲ့ပြီလို့ သိရပါတယ်။” လက်ရှိမီးထိန်းဖို့ ကြိုးစားနေပါတယ်။ ဖယောင်းသိုလှောင်တဲ့ စက်ရုံဆိုတော့ မီးငြိမ်းရတာခက်ပါတယ်။ ကျွန်တော်တို့ ဓာတုဆေးရည်တွေဖျန်းပြီး ငြိမ်းသက်ရပါတယ်။ ဖယောင်းတွေဆိုတော့ ရေနဲ့ ငြိမ်းလို့မရဘူး။ လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဓူဝံ ကိုပြောပါတယ်။ လက်ရှိတော့ မီးသတ်ဌာနချုပ်က မီးသတ်ကား အစီး ၆၀၊ သန္ဓေမီးသတ်တပ်ဖွဲ့ ၊ အရံမီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေနဲ့ လူအင်အား ရာကျော်နဲ့ ငြိမ်းသတ်နေရတယ်လို့...

ရိုက်နှက်နှိပ်စက်သည့် ခင်ပွန်းကိုကွာရှင်းခဲ့သည့် အမျိုးသမီး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ရွှေမြင့်မိုရ်ကျေးရွာတွင် မကြာခဏ ရိုက်နှက်နှိပ်စက်သည့် ခင်ပွန်းဖြစ်သူကို တရားဝင်ကွာရှင်းခဲ့သော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးမှာ ဓားဖြင့် ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။အသတ်ခံရသူ မဇာခြည်ဝင်းမှာ စက်တင်ဘာ ၅ ရက် ညနေပိုင်းက နေအိမ်ရှေ့ ဘုရားခန်းတွင် ခန္ဓာကိုယ်အနှံ့ ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ၎င်း၏ မောင်ဖြစ်သူက စတင်မြင်တွေ့ခဲ့ပြီးနောက် လမ်းခရီး အခက်အခဲကြောင့် စက်တင်ဘာ ၆ ရက်နေ့တွင် သက်ဆိုင်ရာ ရဲစခန်းထံ ယင်းဖြစ်စဉ်အား သွားရောက်တိုင်ကြားနိုင်ခဲ့သည်။ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ သေဆုံးသူ မဇာခြည်ဝင်းမှာ လွန်ခဲ့သည့် နှစ်လက ခင်ပွန်းဖြစ်သူ စိုးမြင့်နိုင် (ခ) ဝေယံမှာ ၎င်းအပေါ် မကြာခဏ ရိုက်နှက်နှိပ်စက်သဖြင့် တရားရုံးတွင် တရားဝင် ကွာရှင်းခဲ့ကြောင်း သိရှိရသည်။ယင်းအပြင် စိုးမြင့်နိုင် (ခ) ဝေယံမှ အခင်းဖြစ်ရက် မတိုင်မီ...