ကန်ဘောင်မှ စည်ပင်ဝန်ထမ်းတွေအတွက် ထမင်း၊ဟင်းတွေ ချက်ကျွေးခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလဲ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းလှတဲ့ မင်းသမီးချောလေး ဖွေးဖွေးက အားနည်းသူတွေကို ကူညီဖို့ အမြဲရှိနေတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဖွေးဖွေးက ဒီတစ်ခေါက်မှာလည်း သူမတို့အိမ်နားက စည်ပင်ဝန်ထမ်းတွေကို ကျွေးမွေးဖို့အတွက် ဟင်းတွေ ချက်ပြုတ်ရင်း ကူညီပေးနေတာကို တွေ့ရပါတယ်။ ဖွေးဖွေးက ” ဖွေးတို့ အိမ်နားက ကန်ဘောင်က မြက်နူတ်ပြီးကန်ဘောင်အလှ ထိန်းသိမ်းပေးတဲ့ အဖွားတွေ ကလေးတွေ ဦးလေးတွေ အတွက် လှူဖို့….အိုင်ကတော့ ထုံးစံအတိုင်း ငရုတ်သီးဖြူးပါတယ်.. 😅❤” ဆိုပြီး သူမရဲ့ အလှူလေးကို ဝမ်းသာအားရ ပြောထားပါတယ်။...

“အနုပညာအလုပ်တွေလုပ်နေပြီဖြစ်တဲ့ သမီးငယ်လေး သဇင်ထူးမြင့်ကို မျက်နာမငယ်စေချင်လို့ ကားလက်ဆောင်ပေးလိုက်တဲ့ ခင်လှိုင်”

ခင်လှိုင်ကတော့ သရုပ်ဆောင်လောကမှာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်လို့ဆိုရလောက်အောင်ပဲဇာတ်ရုပ်မျိုးစုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုတစ်ခဲနက်ရရှိထားသူပဲဖြစ်ပါတယ်။သားချောသမီးချောလေးတွေကိုပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘ၀တည်ဆောက်ထားနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ခင်လှိုင်ရဲ့ သမီးလေးဖြစ်သူ သဇင်ထူးမြင့်ကလည်းချစ်စဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး ယောက်ျားလေးပရိသတ်ကြီးရဲ့ အားပေးချစ်ခင်မှုကို အပြည့်အ၀ရရှိထားသူလေးပါ။သူမကတော့ (၂၀၁၉)ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုတစ်ဦးအနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူမ၀ါသနာပါတဲ့အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ စတင်လုပ်ကိုင်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ သမီးလေးသဇင်ထူးမြင့်ကို ဖေဖေခင်လှိုင်ကကားလက်ဆောင်ပေးလိုက်ပြီး”ဖြစ်နိုင်ရင်တော့ သားသမီး(၃)ယောက်လုံးကို တစ်ယောက်တစ်စီးစီပေးချင်တာပေါ့။သမီးကလည်းအနုပညာအလုပ်လုပ်နေပြီဆိုတော့ သွားရေးလာရေးအဆင်ပြေအောင်ရယ် နောက်ပြီး လူတောသူတောထဲမှာ မျက်နှာမငယ်အောင်ရယ်ပေါ့နော်။ သမီးကို ကျွန်တောစီးတဲ့ ကားကိုပေးလိုက်ပြီးကျွန်တော်တော့ ကားအသစ်တစ်စီးဝယ်လိုက်တာပေါ့နော်”လို့ သမီးဖြစ်သူကို ကားလက်ဆောင်ပေးဖြစ်တဲ့အကြောင်းပြောကြားထားပါတယ်။ပရိသတ်ကြီးရေ သမီးကိုကားလက်ဆောင်ပေးလိုက်တဲ့ ဖေဖေခင်လှိုင်အတွက်မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။ Credit-CeleGabar

Gay လို့ဝန်ခံခိုင်းခဲ့တာကြောင့်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့မြေးလေးအိမ်ပြန်အလာကိုစောင့်မျှော်နေရှာတဲ့ အဖွားဒေါ်စောနန်း

ဂျစ်တူးလေးလို့ ကျွန်တော်တို့ စပြီးရင်းနှီးခဲ့တဲ့ညီလေး Kyaw Zin Win လူ့လောကကို စွန့်ခွာသွားပါပြီ။ သတ်သေသွား တာပါ။ အစည်းအဝေးခန်းထဲမှာ တစ်ယောက်တည်း ကွက်ချန်ပြီး Gay ဟုတ်ပါတယ်လို့ ဝန်ခံခိုင်းခဲ့ကြတယ်။ အဲဒီနောက် လုပ်ငန်းခွင် Viber Group ထဲမှာ သူ့ကိုဝိုင်းလှောင်ခဲ့တယ်။ သူ့လိုမဖြစ်စေနဲ့လို့တောင် မိန်းမ တစ်ယောက်က ပြောသေးတယ်။ အကောင်တစ်ကောင်က စစ်ထဲပို့ရမှာဆိုပြီး ပြောတဲ့ Screenshots တွေ သူမသေခင်တင်သွားတယ်။ သူဟာ Myanmar Imperial University ရဲ့ Librarian တစ်ယောက်ဖြစ်ပါတယ်။ အဲဒီ Screenshot ထဲမှာပါတဲ့ သူတွေ အနေနဲ့ ရော အခု ပျော်နေလားသိချင်သလို သူတို့ကဘယ်သူတွေပါ ဆိုတာလည်း သိချင်မိတယ်။ ဒီကလေးဟာ Gay ဆိုပေမယ့် အင်မတန် ဖြူစင်ရှာပါတယ်။ အဘွားကို သူ့အလုပ်လေးနဲ့ ထောက်ပံ့နေတဲ့သူပါ။ လုပ်ငန်းခွင်မှာ ဒါဟာ...

တစ်နာရီ စာဖတ်ရင် ငွေ တစ်ထောင်ရမည့် အစီအစဉ် ရန်ကုန်မြို့မှာစတင်

မည်သူမဆို စာ တစ်နာရီ ဖတ်ရင် ငွေတစ်ထောင်ရမည့် အစီအစဉ်တစ်ခုကို Royal Job Agency ကုမ္ပဏီကနေ စီစဉ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ (၆) နာရီ ည (၇) နာရီအထိ တစ်နာရီ အတိ စာလာဖတ်တဲ့သူတွေကို လမ်းစရိတ် ငွေ တစ်ထောင်ပေးသွားမယ်လို့သိရပါတယ်။ “ စာအုပ်တွေရှိတယ်ဆိုရင် လာဖတ်ချင်မှ လာဖတ်မှာ။ ကျွန်တော်က ငွေတစ်ထောင်ပေးမယ်။ လာဖတ်ပါ။ အဲလိုမျိုးလေးတွေ စီစဉ်ထားတယ်။ ရိုးရိုးခေါ်ရင် လာမှာမဟုတ်ဘူး။ ဒီလိုမျိုးလေး လုပ်လိုက်တော့ အားလုံးစိတ်ဝင်စားကြမယ်ထင်လို့ပါ” လို့ စီစဉ်သူ Royal Job Agency မှ မန်နေဂျင်းဒါရိုက်တာ က Duwun ကိုပြောပါတယ်။ ကော်ဖီ၊မုန့်တွေလည်း အခမဲ့တိုက်ကျွေးမှာ ဖြစ်ပြီး စာဖတ်နေချိန် ဖုန်းလုံးဝသုံးစွဲခွင့် ပြုမှာ မဟုတ်ဘူးလို့သိရပါတယ်။ဒီအစီအစဉ်ကို စိတ်ဝင်စားလို့ လာရောက်စာရင်းပေးသွင်းတဲ့သူတွေလည်း များပြားနေပြီး တစ်ရက်ကို...

သမီးလေးအတွက် အလုပ်တွေပိုကြိုးစားမယ်ဆိုတဲ့ ချမ်းချမ်း

ချမ်းချမ်းက သမီးလေးအပေါ်ထားတဲ့ သူမရဲ့ သဘောထားတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ မြမိုးဂင်္ဂါရဲ့ မိခင်ဖြစ်ခွင့်ရတာ အရမ်းပျော်တယ်လို့ဆိုပါတယ်။ချမ်းချမ်းက သမီးလေး မြမိုးဂင်္ဂါနဲ့အတူ အမေရိက ကိုခရီးထွက်နေတာဖြစ်ပါတယ်။ သူမရဲ့ အလုပ်ကြိုးစားမှု အားလုံးကတော့ သမီးလေးအတွက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ‘’My clone my beauty angel. ကျွန်မကိုယ်​ပွားအသည်းနှလုံး အသက်​က​လေး၊ အချိန်​​တွေကြာလာတာနဲ့အမျှ အ​မေ့ဘဝ​လေး။ သူအိပ်​တာ​လေးကြည့်​ပြီးအတိတ်​ကိုလှမ်းကြည့်​မိ​တော့ သမီးရယ်​။ သမီး​လေးကို ဒီ့ထက်​ပိုပြီး​ပျော်​ရွှင်​စရာ​ကောင်းတဲ့ က​လေးဘဝ​လေးကိုအ​မေ​ပေးချင်​ဖြတ်​သန်း​စေချင်​တယ်​။ အ​မေဒီထက်​ပိုက်​ဆံ​တွေရှာမယ်။ သမီးကိုပညာတတ်​ကြီးဖြစ်​​အောင်​​ကျောင်းထားမယ်​။ အ​မေ့သမီး​လေးအမြဲပြုံးနေတာမြင်​ချင်​တယ်​’’ ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ အဲဒီနောက် ချစ်ရတဲ့ သမီးလေး ရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ချမ်းချမ်းရဲ့ မိခင်မေတ္တာကိုလည်း ပရိသတ်တွေက ချီးကျူးလေးစားတဲ့အကြောင်းကို Comment ကနေ ပြောပြခဲ့ကြပါသေးတယ်။ ‘’အ​မေ့ဘဝမှာ...

ခင်ပွန်းကို လက်ဆောင်ဝယ်ပေးခဲ့တဲ့ ကားကြီးနဲ့ပတ်သက်ပြီး ပြောလာတဲ့ ကြာစိဇနီး

သရုပ်ဆောင် လူရွှင်တော် ကြာစိဟာာ ဆိုရင် ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ 5 Star အဖွဲ့ လေးနဲ့ ပရိသတ်တစ်ခဲနက် အားပေးခြင်းခံထားရတဲ့ ကြာစိက အနုပညာကို ကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေးနဲ့ဘ၀ကိုပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ကြာစိ ဇနီးက ခင်ပွန်း အတွက် လက်ဆောင်ပေးခဲ့တဲ့ ကားကြီးနဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ လွန်ခဲ့တဲ့ ၁နှစ်ခန့်လောက်က ခင်ပွန်းဖြစ်သူ ကြာစိကို ဇနီးဖြစ်သူက ကားတစ်စီး လက်ဆောင်ဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်း ရဲ့ ဂရုစိုက်ချစ်ခင်မှုတွေကို အမြဲ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြတတ်တဲ့ သူမက လွန်ခဲ့တဲ့ ၁နှစ်လောက်က ခင်ပွန်းဖြစ်သူ အတွက် ကားတစ်စီး လက်ဆောင်ပေးခဲ့ပြီး ” ချစ်ယောကျာ်း အတွက် လက်ဆောင်....

သားလေးတွေကို ကျွေးချင်လို့ယူခဲ့မိတာပါလို့ မျက်ရည်တွေနဲ့ပြောလာတဲ့အမကြီးရဲ့ ဗီဒီယို

မန္တလေးမြို့မှ စတင်ကူးစက်ပြန့်နှံ့လာတဲ့ food box ယဉ်ကျေးမှုဟာ လတ်တလောမှာတော့ နေရာတော်တော်များများမှာ ပျံ့နှံ့လျက်ရှိပါတယ်။ လတ်တလောမှာလည်း ရန်ကုန်၏ ပထမဆုံး food box ကိုတော့ လှည်းတန်း၊ တာမွေ၊ မြေနီကုန်းနေရာသုံးနေရာတွင် မနေ့ ဇွန်လ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ပေးလှစ်ခဲ့ပါတယ်။ လိုအပ်တဲ့ မည်သူမဆိုစားသုံးနိုင်ပြီး အားပေးသူများနဲ့လာရောက်လှူဒါန်းကျသူများလည်း မနည်းမနောပါပဲ။ အမကြီးတစ်ယောက်ဟာ လှူဒါန်းမှုတွေလုပ်တဲ့နေမှာ မုန့်တွေယူသွားတဲ့ပုံတစ်ပုံကြောင့် တစ်နိုင်ငံ လုံးပြောဆိုနေကြတာပဲဖြစ်ပါတယ်။ သူဟာ သူ့အတွက်ယူတာမဟုတ်ပါဖူး။သားလေးတွေအတွက်ယူမိတာပါ။အခုလို သတင်းစာတွေမှာပါ ပါလာတော့အရမ်းရှက်မိပါတယ်လို့ မျက်ရည်တွေနဲ့ပြောပြခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုကြည့်ရန်

ကောင်းကင်မှာ စာတန်းထိုးပြီး စမိုင်းလ်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြလို့ ပရိသတ်တွေကြားမှာ နာမည်ကြီးကြတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ သမီးလေးနှစ်ယောက်ကို မွေးဖွားပြီးတဲ့တိုင် အချစ်တွေ ထပ်ထပ်ပြီး တိုးနေတာကို အားကျဖွယ် တွေ့ရပါတယ်။ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက် ဖြည့်စည်းပေးတတ်လွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့စီးပွားရေး၊ ပျော်ရွှင်ဖွယ် မိသားစုကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ ကံအကောင်းဆုံး အမျိုးသမီးလို့တောင် ပြောလို့ရပါတယ်။ ဇွန်လ (၂၁) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ စမိုင်းလ်ရဲ့ မွေးနေ့လေးအတွက် ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က စမိုင်းလ်အတွက် အမေရိကန်နိုင်ငံ LA မြို့ မှာ အိမ်အကြီးကြီးတစ်လုံး မွေးနေ့လက်ဆောင်ပေးခဲ့တာကို ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် စမိုင်းလ်ရဲ့ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က ဇနီးချောလေးကို လက်ဆောင်ပေးရုံနဲ့ အားမရလို့ လူတကာနဲ့မတူတဲ့ မွေးနေ့ဆုတောင်းစကားလေးကို ထူးထူးခြားခြား ပြောထားပါသေးတယ်။ အဲ့ဒါကတော့ လေယာဉ်ငှားပြီး...

မွေးနေ့မှာ သာသနာ့ဘောင်ထဲသို့ ထပ်မံဝင်ရောက်သွားပြီဖြစ်တဲ့ နန်းစန္ဒာလှထွန်း

“ရေဝတီ” ဆိုပြီး ပရိသတ်တွေက အားပေးခဲ့ကြတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းက ဇာတ်လမ်းတွဲတွေကို ရိုက်ကူးရင်း အောင်မြင်မှု ရရှိခဲ့သူလေး ဖြစ်ပါတယ်။ “ရေဝတီ”၊ “သက်သက်”၊ “ဟန်နီ” စတဲ့ ဇာတ်ကောင်တွေက သူမကို ပရိသတ်တွေ အားပေးခြင်းကို တစ်ခဲနက်ခံခဲ့ရတဲ့ ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိလာတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းက ဇွန်လ(၂၂) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးကို ကုသိုလ်ကောင်းမှူတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။ နန်းစန္ဒာလှထွန်းက သူမရဲ့ မွေးနေ့လေးမှာ လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးဆရာတော်ဘုရားကြီးကျောင်းတိုက်မှာ သီလရှင်ထပ်ဝတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက သူမရဲ့ မွေးနေ့အမှတ်တရလေးအကြောင်းကို “ဒီနှစ်မွေးနေ့လေးတော့ ကုသိုလ်ကောင်းမူလေးတွေပဲ လုပ်ဖြစ်တယ် ☺️🤗 … ဆရာတော်ဆီမှာ အဓိဠာန်ထားတဲ့အတိုင်း...

သံဃာ(၂၅)ပါးကို ကာကွယ်ဆေးထိုးပေးပြီး ကုသိုလ်ယူခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းက သံဃာ(၂၅)ပါးကို ကာကွယ်ဆေးထိုးပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပြီးဆေးမကုခဲ့ရပေမယ့် ယခုလို ကျန်းမာရေးကုသိုလ်ပြုရတဲ့အတွက် ဝမ်းသာကြည်နူးရတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းက သံဃာ(၂၅)ပါးကို တုတ်ကွေးကာကွယ်ဆေးထိုးပေးပြီး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။ “ယနေ့ကုသိုလ် သံဃာ၂၅ပါး ကာကွယ်ဆေးထိုး ဆေးဝယ်ရခက်နေတဲ့အချိန် ဆေး၂၅လုံးရအောင်စီစဉ်ပေးတဲ့ ပီတိသုခ Pharmacy, Mother’s Care & Baby accessories ကိုကျေးဇူးတင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ သာသနာ့အတွက် အကျိုးပြုမယ့် သံဃာတွေအတွက် ယခုလို ကုသိုလ်ပြုရတဲ့အတွက် သူမမှာ ဝမ်းသာလို့နေပါတယ်။ “ဆေးဝယ်ရခက်နေချိန်မှာယခုလို လှူဒါန်းခွင့်ရတဲ့အတွက် တကယ် ဝမ်းသာကြည်နူးရပါတယ်။ ဒီနှစ်အတွက် တုတ်တွေးကာကွယ်ဆေး ထိုးပေးခဲ့တာပေါ့။ နန်းမြတ်က ဆရာဝန်တော့ ဖြစ်တယ်။ ဆေးမကုခဲ့ရဘူး။ အခုလိုမျိုး သာသနာ့အတွက် အကျိုးပြုမယ့် သံဃာတွေကို...