တရုတ်ကုမ္ပဏီများ အားကိုးဖြင့် နွေရာသီ လျှပ်စစ်မီး ပိုရရှိရေး ကြိုးပမ်းမှု အောင်မြင်မှု နည်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)အစိုးရသည် ယခုနှစ် နွေရာသီတွင် လျှပ်စစ်မီး ပုံမှန်ရရှိရန် တရုတ်နိုင်ငံ ကုမ္ပဏီများ ၏ အားကိုးဖြင့် နိုင်ငံခြားမှ တင်သွင်းလာသော သဘာဝဓါတ်ငွေ့ ရည်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲနိုင်သည့် (LNG to Power) ပရောဂျက်များကို ဖော်ဆောင်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် အချိန်မီ မပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်း အလုံ၊ သန်လျင်၊ သာကေတ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မကွေးတိုင်း ကွန်းချောင်းတို့ကို တရုတ် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး မီဂ္ဂါဝပ် ၁၀၀၀ ကျော် ထုတ်လုပ်၍ ယခုနှစ်၊ နွေရာသီ ကာလတွင် လိုအပ်ချက် အချိန်မီ ဖြည့်ဆည်း နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်း LNG to Power စီမံကိန်းများသည် ကမ္ဘာ့ ကပ်ရောဂါ...

ကျောင်းများ မူလတန်းမှစဖွင့်မည့်အစား အထက်တန်းမှစဖွင့်ရန် ပြန်စဉ်းစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံပညာကျောင်း များ ပြန်ဖွင့်လျှင် မူလတန်းအဆင့် မှစဖွင့်ရန် ဆုံးဖြတ်ထားသော် လည်း ဆရာကိုယ်စားလှယ်နှင့် ကျောင်းသားမိဘ ကိုယ်စားလှယ် တို့၏ အကြံပြုချက်ကြောင့် အ ထက်တန်းအဆင့်မှ စဖွင့်ရန် စဉ်း စားမည်ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီမံခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကို လေးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကိုယ် စားလှယ် မူလတန်းပြဆရာမ ဒေါ်နီလာဝင်း၊ ကျောင်းသားမိဘ ဦးကျော်ဌေးတို့နှင့် မေလ ၁၉ရက် က အွန်လိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ သည်။ အခြေခံပညာကျောင်းများ ကို ကြာကြာပိတ်ထားရန် မဖြစ် နိုင်၍ ကျောင်းပြန်ဖွင့်ရန် အစိုးရ ကစီစဉ်နေပြီး အစောဆုံး ဇူလိုင် လဆန်းတွင် ပြန်ဖွင့်နိုင်မည်ဖြစ် ကြောင်း၊ အွန်လိုင်းသင်ကြားမှု...

တောင်ငူမြို့တွင် ဝက်ဝံတစ်ကောင်က အသက် ၉၀ ကျော် အဘိုးအိုတစ်ဦးကို ရန်ပြုတိုက်ခိုက်မှုဖြစ်ပွား

တောင်ငူမြို့တွင် မေ ၁၈ ရက် နေ့လယ် ပိုင်းက နေအိမ်တွင် မွေးထားသော အသက် သုံးနှစ်အရွယ်ခန့်ရှိ ဝက်ဝံတစ်ကောင်က အ သက် ၉၀ ကျော်အရွယ်ရှိသည့် အဘိုးအိုတစ်ဦးကို ရန်ပြုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အဖိုးအိုတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ အဆိုပါ ဝက်ဝံမှာ တောင်ငူမြို့ အမှတ် (၁)ရပ်ကွက် ထီးလှိုင်လေးလမ်းသွား လမ်းမကြီးနံဘေးရှိ ကိုစိုးမိုးအောင်၏ ဆိုင်တွင် မွေးမြူထားသော ဝက်ဝံ ၁၂ ကောင်အနက် အသက်သုံးနှစ် အရွယ်ခန့်ရှိသည့် ပြာလချောင်ဟုခေါ်သော ဝက်ဝံထီးတစ်ကောင်ဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်၌ လှောင်အိမ်ထဲမှ လွတ်ထွက်ပြီး ခြံခြင်းကပ်လျက် နောက်ဘက်ရှိ နေအိမ်ထဲသို့ ရောက်ရှိကာ နေအိမ်အတွင်းရှိ ဦးရွှေရိုး (၉၇ နှစ်) ဆိုသူအား ရန်ပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။...

အသိစိတ်ရှိနေသေးတဲ့အချိန်မှာ ကုသိုလ်လေးတွေ ယူချင်သေးတယ်ဆိုတဲ့ မိုးဒီ

မိုးဒီဟာ အနုပညာအလုပ်တွေ အတူတွဲလုပ်ခဲ့ကြတဲ့ ဟာသသရုပ်ဆောင် မော့စ် နဲ့ ကင်းကောင် တို့ကို သတိရတဲ့အကြောင်းတွေ ပြောလာပါတယ်။ဟာသသရုပ်ဆောင်မိုးဒီကတော့ အရင်တုန်းက ဟာသပြက်လုံးတွေ အတူတူပြောခဲ့ကြတဲ့ မော့စ် နဲ့ ကင်းကောင်တို့ကို သတိရနေသေးတယ်လို့ ပြောပြလာပါတယ်။ “အရင်တုန်းကရိုက်ခဲ့တဲ့ ဇာတ်ကားတွေ၊ ဟာသတွေ ပြန်ကြည့်ရင် မော့စ် တို့ ကင်းကောင်တို့က အမြဲ သတိရတာပေါ့။ သူတို့ကို ကြည့်ပြီး သြော်.. ငါမသေသေးဘူး။ သူတို့လို မဖြစ်အောင် စောစောမကွယ်လွန်ရလေအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်လေးထားပြီး မှတ်တယ်။ ဘဘက သေမှာ မကြောက်ဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်းတာတွေအများကြီး လုပ်ခဲ့တာဖြစ်တဲ့အတွက် သေသွားလည်း မကောင်းတဲ့နေရာ မရောက်နိုင်ဘူးလို့ ထင်တယ်လေ။ မသေလည်း မသေချင်သေးဘူး။ အသိလေး ရှိတဲ့ အတွက် ကုသိုလ်တွေ လိုချင်သေးတယ်” ဆိုပြီးတော့ Shwe Series များ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။...

စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်

စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။ ”မုန်တိုင်းက မေ ၂၀ ညနေခင်းမှာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်နိုင်ပါတယ်။ မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး ရေပြင်မြေပြင်လေက တစ်နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်ထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်က မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၉ ကနေ ၁၄ ပေခန့် ရှိနိုင်ပါတယ်”ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၁၈ရက် နံနက် ၇ နာရီ မိနစ် ၃၀...

ဘန်ဂျမင်ကို Support လုပ်ပေးရတာ ဂုဏ်ယူတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းကတော့ ကိုယ်ပိုင်သီချင်း အသစ်လေးထွက်ရှိလာတဲ့ ဘန်ဂျမင်ရဲ့ ဂီတဖန်တီးမှုအပေါ် ချီးကျူးစကားတွေ ပြောထားပါတယ်။ Myanmar idol (Season-4) ကနေ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဘန်ဂျမင်ဆွန်ရဲ့ ” ပြန်တွေ့မယ့်ရက်” သီချင်းအသစ်လေးအပေါ် ဖြူဖြူကျော်သိန်းက ချီးကျူးစကားဆိုထားပါတယ်။ ” ပြန်တွေ့မယ့်ရက်” သီချင်းလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ ” ဒီသီချင်းလေးကို တေးရေး ဆီက စရကတည်းက ဖြူဖြူနားထောင်ရပါတယ်။ ဘန်က သူဘယ်လို ဖြစ်ချင်တယ်၊ လုပ်ချင်တယ်ဆိုတာကို ပြောပြပြီး တိုင်ပင်ပါတယ်။ ဒီသီချင်း တီးတာ၊ ဆိုတာ၊ Music Video ရိုက်တာ၊ Editing လုပ်တာ၊ Mixing ၊ Mastering၊ Album art ၊ Taser နောက်ဆုံး ထွက်လာတာအထိ အစအဆုံး သိနေတော့ အခုလို Covid-19 ကာလမှာ သူဘယ်လောက်ထိ...

မင်းရာဇာကို ရုပ်ရှင်အစည်းအရုံးကနေ ထုတ်ပယ်သွားမယ်လို့ ဥက္ကဌဆို

သူ့ရဲ့ အမှုဟာ ခွင့်လွှတ်လို့ရတဲ့ အမှုမျိုးမဟုတ်ကြောင့် ရုပ်ရှင်ဥက္ကဌက ပြောပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ သရုပ်ဆောင် မင်းရာဇာကို အနုပညာလောကမှ ထုတ်ပယ်မယ်လို့ သိရပါတယ်။ သက်ငယ်မုဒိန်းမှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင် မင်းရာဇာကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာလောကသားအဖြစ်မှ ထုတ်ပယ်တော့မယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့တွဲဖက်အတွင်းရေးမှူး(၂) တာဝန်ယူထားတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်က အခုလို ပြောပြလာပါတယ်။ ” မင်းရာဇာကို ထုတ်ပယ်ဖို့ဆိုတာ ဆုံးဖြတ်ချက်ချတယ်ဆိုတာထက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းမှာကို ပါပြီးသားပါ။ ဒီဖွဲ့စည်းပုံမှာ ရာဇဝတ်မှု ကျူးလွန်ရင်၊ ရုပ်ရှင်အစည်းအရုံးကို ဂုဏ်သိက္ခာငြိုးနွမ်း စေရင်၊ စည်းရုံးညီညွတ်မှု ပျက်ပြားစေတယ် ဆိုရင် ယာယီ(သို့မဟုတ်) ရာသက်ပန် ထုတ်ပယ်ရမည် ဆိုတာ ပါထားပါတယ်။ သူ့ကို တရားရုံးက ပြစ်ဒဏ်ချပြီးပြီဆိုတာနဲ့ EC အဖွဲ့တွေ ဆွေးနွေးပြီးတော့ သူ့ကို အပြစ်ပေးရမှာဖြစ်ပါတယ်”...

ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံအနှံ့ ၄၈နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောတာပါ။ “မုန်တိုင်းရဲ့ အခြေအနေကြောင့်မို့ နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ်လောက် မိုးထစ်ချုန်းရွာနိုင်တဲ့ အနေအထားရှိပါတယ်။” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက  ပြောပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိအချိန်မှာ ပင်လယ်ပြင်ကို ရောက်ရှိနေပြီဖြစ်ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့မှာ ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာတွေမှာတော့ လေပြင်းတိုက်ခတ်တာတွေပါ ကြုံရနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ မုန်တိုင်းရဲ့ အခြေအနေကိုလည်း လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ခုလိုပြောပြပါတယ်။...

ဖားကန့် – မြစ်ကြီးနား လမ်းမပေါ်တွင် ခရီးသွားတဦး ရုတ်တရက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ခြောက်မိုင်ကျေးရွာ ဖားကန့်-မြစ်ကြီးနား ကားလမ်းမကြီးဘေးမှာ အမျိုးသားတဦး မေ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ သေဆုံးသူဟာ ခရီးသည်တင်ယာဉ်နဲ့ ဆိပ်မူကျေးရွာကနေ မြစ်ကြီးနားမြို့ကို စီးနင်းလိုက်ပါလာစဉ် နေထိုင်မကောင်းဖြစ်ကာ အသက်ရှူကြပ်တာကြောင့် ခြောက်မိုင်ကျေးရွာမှာ ဆင်းနေခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာ သေဆုံးသွားခဲ့တာလို့ ရဲတပ်ဖွဲ့က သိရပါတယ်။ သေဆုံးသူဟာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာနေထိုင်သူ ဦးဂမ်ဖန် (၄၃ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။ မျက်မြင်တွေ့ရှိသူ ခြောက်မိုင်ရွာသားတဦးက “ကားပေါ်ကနေ ဆင်းပြီး ကားလမ်းဘေး ဟိုတုန်ဖုန်းကားဘီးနားမှာ ခေါင်းအောက်စိုက်ပြီး ထိုင်နေတာ တွေ့တာပဲ။ ခဏနေ ကြည့်လိုက်တော့ အသက်မရှိတော့ဘူး။ သူ ဒီနားကို ရောက်တာ ခဏပဲ ရှိသေးတာ” လို့ ပြောပါတယ်။ ဦးဂမ်ဖန် သေဆုံးမှုနဲ့ပတ်သက်ပြီး...

အမေစုရဲ့ Mask ချုပ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အနုပညာရှင်များ

လတ်တလောဖြစ်ပွားနေတဲ့ Covid-19 ရောဂါပိုးကာကွယ်ရေးမှာ Mask တပ်ခြင်းက အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အပြင်မှာ လူသုံးများနေတဲ့ Mask အစိမ်းနဲ့အပြာတွေကတော့ ဒီဗိုင်းရပ်စ်ကိုထိရောက်စွာ ကာကွယ်နိုင်ပေမယ့် တစ်ခုကို (၃၀၀)ကျပ်ကနေ (၅၀၀) ကြားကျသင့်နေတာမို့ ဆင်းရဲသားလူတန်းစားပိုမိုများပြားတဲ့ မြန်မာနိုင်ငံအတွက် Mask တပ်ခြင်းက ရေရှည်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်လာမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူတစ်ရပ်လုံးက လေးစားအားကျနေရတဲ့ အမေစုကတော့ မြန်မာပြည်သူပြည်သားတွေအတွက် Mask တပ်ခြင်းကို ရေရှည်လုပ်ငန်းစဉ်ဖြစ်စေလိုတဲ့အတွက် အစီအစဉ်လေးတစ်ခုပြုလုပ်ထားပါတယ်။ သူကိုယ်တိုင်လည်း ရောဂါကာကွယ်ရေးစတင်ကတည်းက Mask ကို ကိုယ်တိုင်ချုပ်လုပ်ဝတ်ဆင်ခဲ့ပြီး မြန်မာပြည်သူပြည်သားတွေလည်း ကိုယ်တိုင်ချုပ် Mask လေးတွေအသုံးပြုကြဖို့ တိုက်တွန်းကာ ပြိုင်ပွဲလေးပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲလေးမှာတော့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။ (၁) ဒီဇိုင်နာမျိုးမင်းစိုး ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ မျိုးမင်းစိုးအတွက်ကတော့ Mask ချုပ်ခြင်းက အထူးတလည်ခက်ခဲနေမှာမဟုတ်ပါဘူး။ သူရဲ့ Mask ကိုတော့ ကြာချည်မျှင်နဲ့ပြုလုပ်ထားပြီး အောက်က သဘာဝဆိုးဆေးဆိုးထားတဲ့ ချည်သားစစ်စစ်ခံထားတဲ့ ကြာချည်မျှင်...