ကိုရီးယားနန်းတွင်းဝတ်စုံတွေကိုဝတ်ဆင်ထားပြီး ကိုရီးယားမလေးတွေလိုချစ်ဖို့ကောင်းနေတဲ့ စမိုင်းလ်တို့သားအမိတွေ

ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ မာန်မာနကင်းမဲ့ပြီး စိတ်ထားလေးဖြူစင်တဲ့သူတစ်ဦးဖြစ်လို့ ပရိသတ်တွေကလည်း သူမကိုအရမ်းချီးကျူးပြီးလေးစားနေကြတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့မိသားစုလေးကလည်း ရိုးရှင်းပွင့်လင်းကြသူတွေဖြစ်လို့ မိသားစုလေးယောက်လုံးက စိတ်တူကိုယ်တူနဲ့အရမ်းကြည်နူးဖို့ကောင်းပြီး အားကျစရာမိသားစုလေးပဲဖြစ်ပါတယ်နော်။

စမိုင်းလ်ရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ အနည်းအကျဉ်းသာတွေ့ရပြီး မိသားစုနဲ့အတူတူ ပျော်ပျော်ပါးပါးခရီးတွေထွက်နေတာပဲဖြစ်ပါတယ်။ပြည်ပနိုင်ငံတွေကို မကြာခဏသွားလည်နေတတ်တဲ့စမိုင်းလ်တို့မိသားစုကို ပရိသတ်တွေကလည်းစောင့်ကြည့်ပြီးအားပေးနေကြတာပါနော်။လက်တလောမှာလည်း စမိုင်းလ်တို့ဇနီးမောင်နှံကနယ်သာလန်နိုင်ငံကနေပြန်လည်ရောက်ရှိလာပြီးမကြာခင်မှာ သမီးလေးနှစ်ယောက်ကိုခေါ်ပြီး ကိုရီးယားကိုခရီးထွက်သွားကြပါတယ်။

စမိုင်းလ်တို့ကတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့ လမ်းမထက်ကမီးရောင်စုံတွေကြားမှာအရမ်းပျော်ရွှင်နေပြီး ကိုရီးယားအစားအသောက်တွေကို အားရပါးရစားသောက်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကိုရီးယားနန်းတွင်းဝတ်စုံတွေကို ဝတ်ဆင်ထားပြီး ကိုရီးယားမလေးတွေလိုအရမ်းချစ်ဖို့ကောင်းနေကြပါတယ်။ဖခမည်းတော်ဘုရင်ကြီးက ချစ်မိဖုရားနဲ့သမီးတော်လေးတွေကို ဗီဒီယိုရိုက်ပေးထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Soe Moe