Myanmar Idol က ပြိုင်ပွဲဝင်တွေခဏခဏဝမ်းနည်းပြီး ငိုတာ မကောင်းဘူးလို့ ဇော်ဝင်းထွဋ် ပြော

Last modified date

ပရိသတ်ကြီးရေ.. ဂီတလောကမှာ အမိုက်စားတေးသီချင်းကောင်းတွေနဲ့ မိန်းကလေး ယောင်္ကျားလေး လူငယ် လူရွယ်မရွေး အားလုံးရဲ့ အားပေးကြိုက်နှစ်သက်မှုတွေနဲ့ ချစ်ခင်မှုတွေကို အခိုင်အမာရရှိအောင်မြင်နေတဲ့ ဂီတမင်းသားကြီးကတော့ Rocker အဆိုတော်ကြီး ဇော်ဝင်းထွဋ်ပဲ ဖြစ်ပါတယ်နော်..။

အသံပါဝါကောင်းကောင်းနဲ့ ဆယ်စုနှစ်တွေကတည်း အောင်မြင်လာတဲ့ ဇော်ဝင်းထွဋ်ရဲ့ အမိုက်စား Rock တေးသီချင်းကောင်းတွေကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲနေယူထားပြီး လူကြိုက်များအောင်မြင်နေဆဲပဲ ဖြစ်ပါတယ်နော်..။


ဝါရင့်အဆိုတော် ဇော်ဝင်းထွဋ်ကတော့ Myanmar Idol ပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲဝင်တွေကို ခဏခဏဝမ်းနည်းပြီး ငိုတာတော့ မကောင်းတဲ့အကြောင်းလေးပြောထာပြီး အားပေးစကားလေး ဆိုလိုက်ပါတယ်နော်..။

ဝင်ပြိုင်တဲ့လူတွေကို ချီးကျူးသလို တချို့က ငယ်လွန်းကြတော့ ခဏခဏဝမ်းနည်းပြီး ငိုတာတော့ သိပ်မကောင်းဘူး ကိုယ့်ကိုကိုယ် အကောင်းဆုံးပြင်ဆင်ကာ စိတ်ချမ်းသာအောင်ထားပြီး ကိုယ်ကျရှုံးဝမ်းနည်းသွားတာတွေကို သူများမမြင်တော့ပိုကောင်းတယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားပြီး ကိုယ်ခံစားနေရတာကို သူများမမြင်အောင် အေးဆေးလေးနေပြီး ကိုယ့်ကိုကိုယ် အတောင်စုံအောင်ပြန်ပြီးတည်ဆောက်ရတာပေါ့ သိပ်ပြီး စိတ်ခံစားချက်မထားဘဲ ပျော်စရာ ဂိမ်းတစ်ခုလို သဘောထားပါဆိုပြီး အားပေးစကားလေး ဆိုထားတာပါ..။

ဒီကနေ့လေးမှာတော့ Myanmar Idol ပြိုင်ပွဲဝင်တွေအတွက် အားပေးစကားလေးပြောထား ကို ချစ်ပရိသတ်တွေအားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Soe Moe