Monthly Archive: August, 2019

ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ဖို့ ထောင်ထဲတွင် ဘုရားရှိခိုးဆုတောင်းနေရတယ်လို့ အောင်ကြီးပြော

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်ဝင်စားနေကြတဲ့ ဗစ်တိုးရီးယားအမှုဟာ အမှုမှန်ပေါ်ပေါက်ဖို့အတွက် စစ်ဆေးနေဆဲပဲဖြစ်ပါတယ်။ ဗစ်တိုးရီးယားလေးမိခင်က ဆရာမနှင်းနုကို ထပ်တိုးတရားခံအဖြစ် တင်သွင်းခဲ့ပေမယ့်လည်း လက်မခံခဲ့သေးဘဲ စတုတ္ထမြောက်ရုံးချိန်းမှာတော့ သမီးလေး ဗစ်တိုးရီးယားကို မေးမြန်းထားတဲ့ ဗီဒီယိုကို ဖခင်ဖြစ်သူက တရားရုံးတော်ကိုတင်သွင်းခဲ့ပါတယ်။ ထိုဗီဒီယိုမှာတော့ ကိုကိုညီညီ (၂) ဦးလုပ်တာဖြစ်ကြောင်းနှင့် အောင်ကြီးကို မသိကြောင်း ဗစ်တိုးရီးယားလေးကဖြေဆိုထားခဲ့ပါတယ်။ သို့သော်ရဲတပ်ဖွဲ့က အောင်ကြီးကို သံသယရှိ တရားခံအဖြစ် တရားရုံးတော်ကို သက်သေနှင့်တကွ တင်သွင်းထားတာဖြစ်ပါတယ်။ အောင်ကြီးရဲ့ မိခင်ဖြစ်သူကလည်း အောင်ကြီးသည် ဒီအမှုနဲ့မသက်ဆိုင်တဲ့သူ၊ အပြစ်မရှိသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက် ကြိုးစားနေရရှာပါတယ်။ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီးတော့လည်း အမှုမှန်အမြန်ပေါ်ပေါက်ဖို့ သံသယရှိတရားခံ အောင်ကြီးဟာ ထောင်ထဲမှာ ဘုရားရှိခိုးတိုင်း ဆုတောင်းနေခဲ့တယ်လို့ မိခင်ဖြစ်သူကဆိုပါတယ်။ “ထောင်ဝင်စာသွားတယ် ဒီအမှုနဲ့ပတ်သက်လို့ သားဘာမှမပူနဲ့နော် သားတရားခံလည်းမဟုတ်ဘူး။ အမေ သားဘုရားမှာအမြဲရှိခိုးပါတယ်။ သားဝဋ်ကြွေးရှိလို့ သားခံရတာပေါ့နော်။ သားဝဋ်ကြွေးရှိသလောက်ပေးဆပ်ရဦးမှာပေါ့။ ဒီအမှုကိုလည်း အမှုမှန်မြန်မြန်ပေါ်ပါစေလို့ သားအမြဲဆုတောင်းပါတယ်တဲ့ ဘုရားရှိခိုးတိုင်းပေါ့။ ကျမသားလေးက...

မေတ္တာရှင်လူမှုအဖွဲ့ယာဉ် အပစ်ခံရ၊ ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက် တိုက်ပွဲတွေမှာ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ကူညီကယ်ဆယ်ဖို့ သွားခဲ့တဲ့ မေတ္တာရှင်လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်ကို နမ့်ဖတ်ကာအထွက်မှာ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁ ဦး ပုခုံးကျည်ရှပ်ထိ ဒဏ်ရာရခဲ့ပြီး ကားလည်း ပျက်စီးခဲ့တယ်လို့ မူဆယ်ဂရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဘီဘီစီကို ပြောပါတယ်။ သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း လားရှိုးကနေ သိန္နီမြို့အထွက် နမ့်တွန်းရွာအနီးမှာရှိတဲ့ မီးလောင်နေတဲ့  ဆီဆိုင်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့သွားရောက်တဲ့ လားရှိုးအခြေစိုက် လူငယ်ပရိဟိတအသင်းကားကို လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် ကားထဲပါလာတဲ့ အသင်းဥက္ကဌ သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။ Credit-ဘီဘီစီ

နား​လေး​နေတဲ့ အဖွားဖြစ်​သူ ​ဒေါ်ခင်​​လေး​ဆွေကို ၇၆ သိန်းတန်​ နားကြပ်​​ဝယ်​​ပေးခဲ့တဲ့ စမိုင်းလ်

ပွင့်လင်းရိုးရှင်းတဲ့ အနေအထိုင် အပြုအမူတွေကြောင့် ပရိသတ် တွေရဲ့အချစ် ကို ရရှိထားတဲ့ စမိုင်းလ် ကတော့ လတ်တလောမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ​တော့ စမိုင်းလ်​က ချစ်​ရတဲ့ အဖွားဖြစ်​သူ ​ဒေါ်ခင်​​လေး​ဆွေကို နားမကြားရသူ​တွေတပ်​တဲ့ ၇၆ သိန်း တန်​ နားကြပ်​​လေး ဝယ်​​ပေးရင်း Live လွှင့်​ထားတဲ့ ဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ​ပျော်​စရာ​ကောင်းလှတဲ့ စမိုင်းလ်​တို့ ​မြေးအဖွားနှစ်​​ယောက်​ရဲ့ Live ဗီဒီယိုက​တော့ အရမ်းကို ချစ်​ဖို့​ကောင်းလှပါတယ်​​နော်​။ ချစ်​ပရိသတ်​​တွေ​အတွက်​ နား​လေး​နေတဲ့ အဖွားဖြစ်​သူ ​ဒေါ်ခင်​​လေး​ဆွေကို ၇၆ သိန်းတန်​ နားကြပ်​​ဝယ်​​ပေးခဲ့တဲ့ စမိုင်းလ်​ရဲ့ Live ဗီဒီယို​လေးကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။ အ​ဖေ၊ အ​မေ နှစ်​​ယောက်​လုံး မရှိ​တော့တဲ့ စမိုင်းလ်​က​တော့ အဘွားတစ်​​ယောက်​တည်းကို အားကိုး အချစ်​ပို​နေရတာပဲ...

တရားလို စူးရှထက်မှ အမှုကြေအေးပြီးဖြစ်သော်လည်း အစ္စဏီ၏ အာမခံလျှောက်ထားမှု တာမွေတရားရုံးမှ ပယ်ချ

မုဒိမ်းမှု၊ အပြင်းအထန် နာကျင်စေမှုအပါအ၀င် ပုဒ်မသုံးခုဖြင့် အမှုရင်ဆိုင်နေရသည့် တေးသံရှင် အစ္စဏီ၏ အယူခံကို တာမွေမြို့ နယ် တရားရုံးမှ ပယ်ချလိုက်ကြောင်း သိရသည်။တေးသံရှင် အစ္စဏီ ရင်ဆိုင်နေရသည့် အမှုများအား အချုပ်လွှတ်ထုချေရန်အတွက် တာမွေမြို့နယ် တရား ရုံးတွင် သြဂုတ်လ ၉ ရက်က အာမခံလျှောက်ထားရာတွင် တရားရုံးမှ ပယ်ချလိုက်ခြင်းဖြစ်ကြောင်း အစ္စဏီ၏ အဒေါ်ဖြစ်သူထံမှ သိရသည်။ အစ္စဏီအား စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်ပြီး တရာလိုပြုလုပ်တိုင်တန်းသူ မော်ဒယ်လ် စူးရှထက်မှ အမှုကျေအေးပေး သည့် စာကိုလည်း တရားရုံးသို့ လက်မှတ်ထိုးကာ သြဂုတ်လ ၅ ရက်က တင်ပြထားသည်။အဆိုပါ ကျေအေးမှုနှင့် ပတ်သက်ပြီး တရားရုံးရောက်ရှိနေသည့် အမှုဖြစ်သည့်အတွက် တရားရုံးလုပ်ထုံး လုပ်နည်းများအရ အမိန့်ချမှတ်နိုင်ရန် နှစ်လလောက်ကြာမြင့် မည်ဖြစ်ကြောင်း မော်ဒယ်လ်စူးရှထက်၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ရုံး ချိန်းတွင် မီဒီယာများအား...

‘ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် ပုဂံမင်းလေးပါးကို အဇာဘိုင်ဂျန် ခေါ်သွားခဲ့တယ်’

ရွှေအုန်းပင် ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်နှင့် တွေ့ဆုံခြင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုကြောင်း ယူနက်စကိုက ဇူလိုင် ၆ ရက်တွင် ကြေညာခဲ့သည်။ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်အတွက် လောကီပညာရပ်ဆိုင်ရာ အစီအရင်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အဇာဘိုင်ဂျန်နိုင်ငံအထိ ကိုယ့်စရိတ်ကိုယ်စား၍ သွားရောက်ခဲ့သူ ကျိုက်ထိုမြို့ ရွှေအုန်းပင်ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်နှင့် ဆက်သွယ်မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။ Speaker ။ ။ ပုဂံဒေသ ယူနက်စကိုဝင်ဖို့အတွက် လောကီ နည်းတွေနဲ့ ဆရာဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ဘယ်လိုဆောင်ရွက်ခဲ့သလဲဆိုတာ ရှင်းပြပေးပါ။ UWM ။ ။ ဒါက နိုင်ငံအတွက် ဒုတိယအကယ်ဒမီလို့ ပြောရမှာပေါ့။ ပထမအကြိမ် အကယ်မီဖြစ်တဲ့ ပျူသုံး မြို့တုန်းကလည်း အစ်ကိုပါသွားခဲ့ပါတယ်။ သူတို့ဒေသ၊ သူတို့အမွေအနှစ်ကို ကမ္ဘာ့ကိုတင်တော့မယ်ဆိုရင် သူတို့ ခွင့်ပြုချက်က အရေးကြီးတယ်။ သိပ္ပံပညာဘယ်လောက်ပဲ ထွန်းကားပါစေ၊ ရှေးဟောင်းသုတေသနက ဘယ်လိုပဲလုပ် လုပ်၊...

ဘတ် ၁၂ သန်းဖိုး ထီပေါက်ပြီး ထွက်ပြေးသည့်ခင်ပွန်းကို အရေးယူပေးရန် ဇနီးဖြစ်သူ တိုင်ကြား

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်မြို့က အမျိုးသားတဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်က ဘတ် ၁၂ သန်းဖိုး ထီပေါက်ပြီးတဲ့နောက် လက်ရှိမိန်းမကိုပစ်ပြီး အခြားမိန်းမ ၁ ဦးနဲ့ လက်ထပ်လိုက်ပါတယ်။ ထီပေါက်သူ အသက် ၄၃ နှစ်ရွယ် နိုင်းဝိချိုင်းဆိုသူမှာ ဇနီးဖြစ်သူ နန်းချယားမား ရှဲ့လိမ့်နဲ့ အကြင်လင်မယားအဖြစ် ဆယ်နှစ်ကျော် ပေါင်းသင်းနေထိုင်လာပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ နေ့က ထိုင်းအစိုးရထီ ပထမဆု ၂ စောင် (၁ စောင်လျှင် ဘတ် ၆ သန်းနဲ့) ဘတ် ၁၂ သန်းဖိုး ထီပေါက်ခဲ့ကြောင်း၊ ထီလက်မှတ်ကိုလည်း ဇနီးဖြစ်သူအားပြခဲ့ပြီး ငွေထုတ်ပြီးရင် ပိုက်ဆံလာပေးမယ်လို့ ပြောခဲ့ပေမယ့် နောက်နေ့ အိမ်ကထွက်သွားပြီး ဆက်သွယ်လို့ မရတော့ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ ၂၁ ရက်နေ့မှာ သူငယ်ချင်းရဲ့ ဖုန်းနဲ့ လှမ်းခေါ်မှ ဆက်သွယ်လို့ရပြီး သူမအတွက်...

ပုဇွန်ကင် အကြီးကြီးတွေနဲ့ ပန်းစည်းပုံဖန်တီးပြီး Surprise လုပ်ခံလိုက်ရတဲ့ ရွှေပိုးအိမ်

ရွှေပိုးအိမ်တစ်ယောက် ပုဇွန်ကင်အကြီးကြီးတွေနဲ့ Surprise လုပ်ခံရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမရဲ့ မွေးနေ့ကတော့ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်ပါတယ်။ရွှေပိုးအိမ်က သူ့ရဲ့ မွေးနေ့မတိုင်ခင် ပရိသတ်တွေလုပ်ပေးတဲ့ Surprise တွေကြောင့် အရမ်းပျော်နေတာ တွေ့ရပါတယ်။ ဒီ Surprise ကိုတော့ ပရိသတ် ၂ဦးက ပန်းစည်းသဖွယ်ပြင်ဆင်ထားတဲ့ ပုဇွန်ကင်အကြီးကြီးတွေကို မွေးနေ့အကြိုလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ‘’ဟယ်လို .. ဒီနေ့ Birthday Surprise တစ်ခုရပါတယ်။ ဝါး.. ကြည့်ကြည့်ကြပါဦး။ အရမ်းချစ်တဲ့ အချစ်ဆုံး ၂ ယောက်ရယ်၊ အဝေးကြီးကနေ လှမ်းပို့ပေးတဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်လို့။ ဒီနေ့ အရမ်းပျော်နေတယ်။ အဝေးကြီးကနေ အိမ်အထိလာပြီးတော့ Surprise လာလုပ်ကြတာကြောင့်လည်း အရမ်းချစ်တယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ Facebook Live မှာ ပြောပြခဲ့တာဖြစ်ပါတယ်။...