Monthly Archive: July, 2019

မြေအောက် မီတာ ၄၀ ရှိ ရေပိုက်လိုင်းကို ဝင်ရောက်စစ်ဆေးရာမှ ကိုရီးယားရောက် မြန်မာနိုင်ငံသား တဦး ရေနှင့် မြောပါပျောက်ဆုံး

ကိုရီးယားနိုင်ငံတွင် မိုးများ မပြတ် ရွာချနေရာ ကနေ့ ဇူလိုင် ၃၁ ရက် နံနက် ၈နာရီ ၂၅မီနစ်အချိန် ဆိုးလ်မြို့ မုတ်ဒုန်တွင် အလုပ် လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၃ဦးသညိ မြေအောက် ၄၀ မီတာရှိ ရေပိုက်လိုင်းကို ၀င်ရောက် စစ်ဆေးရာ အချိန်ကြာအထိ ပြန်တက်လာခြင်း မရှိတဲ့အတွက် ၁၁၉ ကို ဖုန်းဆက် အကူအညီ တောင်းခံခဲ့ပါတယ်။ လူမှု အထောက်အကူပြု ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ၁၁၉ အဖွဲ့သား ၅၀ ဦး ရောက်ရှိလာပြီး မိုးရေများကြောင့် ပြည့်နေတဲ့ မြေအောက် ရေပိုက်လိုင်းတွင် ၀င်ရောက် အလုပ် လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၃ဦးကို အခက်အခဲများစွာက ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ရေပိုက်အတွင်း ၀င်ရောက် စစ်ဆေးနေတဲ့ အလုပ်သမား ၃ဦးမှာ ကိုရီးယာ လူမျိုး နှစ်ဦးနဲ့ မြန်မာနိုင်ငံသား တဦး...

ပင်လယ်ကြီးရဲ့ ရေပြင်ထဲမှာ သူမရဲ့ခံစားချက်တွေကို ပေါက်ကွဲလိုက်တဲ့ သင်းသင်း

မကြာသေးမီက သင်းသင်းရဲ့ video တစ်ခုက ပရိသတ်တွေကြားမှာ ပျံ့နှံ့လာခဲ့ပြီး အားလုံးက အဲဒီ video ကို သဘောတကျနဲ့ ဝိုင်း share ထားကြလို့ နေရာတိုင်းမှာ သူ့မျက်နှာဆိုသလို facebook news feed မှာ သင်းသင်းရဲ့ မျက်နှာကြီးပဲ သုံးပို့စ်ခြားတစ်ခါလောက်ကို ကြုံတိုင်းတွေ့နေရတာဖြစ်ပါတယ်။ အဲဒီ video ကတော့ သင်းသင်းက ကမ်းခြေမှာရိုက်ထားတဲ့ video အတိုလေးဖြစ်ပြီး Video ထဲမှာ သင်းသင်းက သူပြောချင်တာတွေကိုရင်ဖွင့်ထားခဲ့တာပါ။ အဲဒီ video ကို သင်းသင်းကသူမရဲ့ Tiktok မှာ တင်ထားပြီး ခဏတွင်းချင်းပဲ လူမှုကွန်ယက်တော်တော်များများမှာ video က ပျံ့နှံ့သွားခဲ့တာပါ။ Video ထဲမှာ သင်းသင်းက ပင်လယ်ကမ်းခြေက လှိုင်းလုံးကြီးတွေကြားမှာ ရပ်နေပြီး သူ့ရင်ထဲက စကားတွေကို ပင်လယ်ကြီးကို အော်ကြီးဟစ်ကျယ်နဲ့ရင်ဖွင့်နေခဲ့တာပါ။ သင်းသင်းက ပါးစပ်နားမှာ လက်ဖဝါးနှစ်ခုကပ်ပြီး...

ရွှေဝယ်ရာမှာ သတိထားပါ ဒီနေ့ဆိုင်ကို အမျိုးသမီးတစ်ယောက်ရွှေလာပေါင်တယ် ပစ္စည်းကြည့်လိုက်တော့ သိပ်မသင်္ကာဘူး

ရွှေဝယ်ရာမှာ သတိထားပါ ဒီနေ့ဆိုင်ကို အမျိုးသမီးတစ်ယောက်ရွှေလာပေါင်တယ်။ ပစ္စည်းကြည့်လိုက်တော့ သိပ်မသင်္ကာဘူး။ အစစ်နဲ့တော့ အတော်တူတယ်။ ဒါနဲ့ ပန်းတိမ်ဆရာကို ချိတ်လေးနားကို အဆိပ်ချခိုင်းလိုက်တာ့ အတုဖြစ်နေတယ်။ သေချာအောင် တံစဉ်းနဲ့တိုက်ချတော့ လုံးလုံးကိုအတုပဲ။ ဒါနဲ့ အဲ့မျိုးသမီးကို ခင်ဗျားကြိုးက အတုဖြစ်နေတယ်ပြေတော့ မဟုတ်ဘူး ကျမဟာ အစစ်တဲ့ ဘောက်ချာပြလို့ရတယ်တဲ့။ ဘောက်ချာပြရရင် ယူခဲ့ မဟုတ်ရင် ရဲစခန်းအပ်မှာဆိုတော့။ ယူခဲ့မယ်ဆိုပြီး ပြန်သွားတယ်။ ကိုယ်ကတော့ ပြန်မလာတော့ဘူးထင်နေတာ။ ခဏနေတော့ ဘောက်ချာယူလာတယ်။ ဒါနဲ့ ဘောက်ချာကြည့်လိုက်တော့ ၆ ပဲသားကျော်ကို တစ်သိန်းနဲ့ရောင်းထားတယ်။ ခင်ဗျား ဒီဈေးနဲ့ ဘယ်လိုဖြစ်နိုင်မှာလည်း ကြည့်အုံးဆိုတော့ စာတောင်မတက်ဘူး။ မသိဘူး ကျမကို ဒင်္ဂါးရွှေဆိုပြီးရောင်းလိုက်တာတဲ့ မူဆယ် အလုပ်သွားရင်လုပ်လာတာတဲ့။ဒါနဲ့ အဲ့ဆိုင်ကို ဖုန်းဆက်လိုက်တယ် ။ ကိုင်တယ်။ – – ဆိုင်ကလားဆိုတော့ ဟုတ်တယ်တဲ့။ မူဆယ်ကလားဆိုတော့ ဟုတ်တယ်တဲ့။ ဒါနဲ့ခင်ဗျားတို့ဆိုင်က...

ပုဂံနဲ့ပတ်သက်ပြီး ထေရ်ကြီးဝါကြီးဆရာတော်တစ်ပါးရဲ့ ဟောကြားမှုကို ဝေဖန်လိုက်တဲ့ ပန်ဆယ်လို

တစ်ခါမှ မရေးခဲ့ဘူးပါဘူး အရှင်ဘုရား။ စိတ်ထဲ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ငယ်ငယ်ကတည်း ရိုကျိုးရှိခိုးလာဖူးတဲ့ ဆရာတော်ဖြစ်တဲ့အတွက် တစ်ခါမှ ဝေဖန်ခဲ့ဖူးတာ မရှိခဲ့ပါဘူး။ ဦးတင်ပါတယ်ဘုရား… ဒါပေမယ့် အတော်ကြီးကို လွဲမှားနေတဲ့စကားတွေမို့ ကြးရတာ ရင်ထဲကို နင့်ပါတယ်။ ပုဂံ ယူနက်စကိုဝင်တာကို ဗုဒ္ဓဘာသာကို အစ္စလာမ်တွေလက်ထဲ ထိုးထည့်လိုက်သလို ပြောလိုက်တာကြီးက အတော်ကို စိတ်မကောင်းစရာပါ။ အချက်အလက်တွေကလည်း လွဲမှားနေပါတယ်။အဇာဘိုင်ဂျန်ဆိုတာ အစ္စလာမ်တိုင်းပြည်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အလှည့်ကျကျင်းပရတဲ့ ပွဲဖြစ်တဲ့အတွက် ဒီနှစ်မှာ အဇာဘိုင်ဂျန်မှာ ကျင်းပရတာပါ။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ယူနက်စကို သတ်မှတ်တာဟာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ အခွင့်အရေးလည်း မဟုတ်သလို သတ်မှတ်ခွင့်လည်း မရှိပါဘူး။ ယူနက်စကို ဝင်လို့ ထိန်းသိမ်းဖို့ထောက်ပံ့တဲ့ ငွေကြေးဟာလည်း အစ္စလာမ်တိုင်းပြည် အဇာဘိုင်ဂျန်က ပေးရတာလည်း မဟုတ်ပါဘူး။ အဇာဘိုင်ဂျန်ဟာ ကျင်းပရုံနေရာတစ်ခုပါ။ ကျင်းပတဲ့နေရာဟာ အစ္စလာမ်တိုင်းပြည်ဖြစ်နေတာနဲ့ ပုဂံ ယူနက်စကို ဝင်တာကို...

ဟိုင်းကြီးကျွန်းအနီး ကုန်တင်သင်္ဘော တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေ

ဧရာဝတီတိုင်းဒေသကြီး ပြင်စလူနဲ့ ဟိုင်းကြီးကျွန်းအနီးမှာ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော တစီး တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေပါတယ်။ ရခိုင်ပြည်နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ရန်ကုန်မြို့ကနေ ဘိလပ်မြေအိတ် ၂၅၀၀၀ ခန့်တင်ယူပို့ဆောင်နေတဲ့ MV ထာဝရအားမာန်ကမ်းရိုတန်းသွား ကုန်တင်သင်္ဘောဟာ ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီအချိန်က ပြင်စလူနဲ့ ဟိုင်းကြီးကျွန်းအနားပင်လယ်ပြင်မှာ မိုးသက်လေပြင်းမိပြီး လိုက်ပါလာတဲ့ သင်္ဘာသား ၁၉ ဦးနဲ့အတူ နစ်မြုပ်သွားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးကသိရပါတယ်။ သင်္ဘောသား ၉ ဦးကတော့ သင်္ဘောမှာပါလာတဲ့ သက်ကယ်လှေနဲ့ လွတ်မြောက်ခဲ့ပြီး သင်္ဘောကပ္ပတိန်နဲ့ ပဲ့နင်းအပါအဝင် ၁၀ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဟိုင်းကြီးကျွန်းပမ္မဝတီ ရေတပ်စခန်းက စစ်ရေယာဉ်တွေနဲ့ သွားရောက်ရှာဖွေကယ်ဆယ်နေပါတယ်။ Credit- burmese.dvb

၇ တန်းကျောင်းသားက ၄ နှစ်အရွယ်မိန်းကလေးအား ကျောင်းအိမ်သာ၌အဓမ္မပြုကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၁၇ နှစ်အရွယ် ၇ တန်းကျောင်းသားက တစ်ရွာတည်းနေ ၄ နှစ်အရွယ်မိန်းကလေးအား ကျောင်းအိမ်သာ၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ကမ်းကျေးရွာ၌ နေထိုင်သောဒေါ်—— သည် ဇူလိုင်လ ၂၃ ရက်၊ ည ၇ နာရီခွဲခန့်က မြို့မရဲစခန်းသို့ရောက်ရှိလာပြီး ၎င်း၏သမီးအဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အရေးယူပေးပါရန် လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကိုမေးမြန်းရာ ဒေါ်—— သည် ဇူလိုင်လ ၂၃ ရက်၊ နံနက် ၉ နာရီခန့်တွင် ထမင်းချက်နေစဉ် ၄င်း၏ သမီးဖြစ်သူ မ—– ၊ ၄ နှစ်သည် အိမ်အပြင်၌ကစားနေကြောင်း သိရသည်။ထို့နောက်နံနက် ၁၀ နာရီခန့်၌ သမီးဖြစ်သူအားမတွေ့တော့သဖြင့် လိုက်လံရှာဖွေရာ ကျေးရွာရှိ မူလတန်းကျောင်းနောက်ဖေးအိမ်သာအတွင်းမှ သမီးမှာပြေးထွက်လာသည်ကိုတွေ့ရှိရာ အမူအရာကို မသင်္ကာသဖြင့် အိမ်သာကိုဖွင့်ကြည့်ရာမှ တစ်ရွာတည်းနေ မောင်ကြည်ယာလင်း၊ ၁၇...

ဒေါ်ဝါဝါဝင်းရွှေ ရဲ့ ချစ်လှစွာသော ခင်ပွန်း မင်းသားကြီးဦးသန်းထွဋ် ပန်းလှိုင်ဆေးရုံတွင်ကွယ်လွန်

တစ်ချိန်က ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးခြင်းများစွာ ရရှိခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ ဟာ ဆိုရင် ခုအချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီး တစ်ချို့မှာ ပါဝင်သရုပ်ဆောင် နေတုန်း ဖြစ်သလို ခုအချိန် ထိ လှနေတုန်းပါ။ ဒီတစ်ခါမှတော့ ဝမ်းနည်းစရာ သတင်းလေး တစ်ခုကို ပရိသတ်တွေကို ဖော်ပြပေး လိုက်ပါတယ်။ ဝမ်းနည်းစရာ သတင်းကတော့ ဒေါ်ဝါဝါဝင်းရွှေရဲ့ ချစ်လှစွာသော ခင်ပွန်း တစ်ချိန်က မင်းသားကြီးတစ်ဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ဦးသန်းထွဋ် ဟာ ဆိုရင် ဒီနေ့ မှာပဲ ပန်းလှိုင်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ် ဒီသတင်းနဲ့ ပတ်သက်ပြီး အနုပညာရှင် လောကသားများနဲ့ ပရိသတ်တွေက မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်နေကြတာပါ။ < ဒေါ် ဝါဝါဝင်းရွှေ ရဲ့ ချစ်လှစွာသော ခင်ပွန်း မင်းသားကြီးဦးသန်းထွဋ် ကွယ်လွန်သွားတဲ့အတွက် လည်း...

သမီးလေး ဗစ်တိုရီးယားပုံကို လိုင်းပေါ်ဖြန့်ပြမယ်ဆိုပြီး မိုက်ရိုင်းစော်ကားနေတဲ့ အကောင့်ပိုင်ရှင်ကို တရားစွဲတော့မည်ဟု သက္ကမိုးညို ပြော

ဒီနေ့မနက်ပိုင်းမှာ သမီးလေး ဗစ်တိုရီးယား ကိစ္စကို အတွင်းကျကျ လိုက်ပါဆောင်ရွက်နေတဲ့ သက္က မိုးညို မှ သမီးလေး ဗစ်တိုရီးယားလေးအား စော်ကားနေတဲ့ အကောင့်ပိုင်ရှင်ကို တရား စွဲဆိုသွားမည်ဖြစ်ကြောင်း အောက်ပါအတိုင်း SS ပုံ သက်သေများနှင့်တကွ ဖော်ပြထားခဲ့တာကိုတွေ့ရပါသည်။ သမီးလေး ဗစ်တိုးရီယားအမှုဟာ အမှုမှန်မပေါ်ပေါက်သေးတဲ့အပြင်ကို အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်သူတွေရဲ့စိတ်ဆန္ဒနဲ့ တစ်သားတည်းရှိပြီး ကြိုးပမ်းလုပ်ဆောင်နေတဲ့ လိုက်ပါဆောင်ရွက်နေသူကြားထဲမှာမှ ဗစ်တိုးရီးယားလေးကို ရိုင်းပျအောက်တန်းကျစွာ စော်ကားပုတ်ခတ်ပြီး အရွယ်မရောက်သေးတဲ့ ကလေး ပုံကို ဖြန့်မယ်လို့ ခြိမ်းခြောက်စော်ကားတဲ့သူတစ်ယောက်ရဲ့လုပ်ရပ်လဲ အွန်လိုင်းမှာပေါ်လို့လာပါတယ်။ သူဟာ ဗစ်တိုးရီးယားလေးအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ သက္ကမိုးညိုရဲ့အကောင့်မှာ သမီးလေးကို “ဒီကလေးမလဲ မုဒိမ်းကျင့်ခံရတော့မှ နာမည်ကြီးတော့တာပဲ” လို့ Kha Ma Moe ဆိုတဲ့ အကောင့်တုနဲ့ လာရောက်စော်ကားရေးသားသွားတဲ့အပြင်ကို “ဗစ်တိုးရီးယားပုံကို ရအောင်ရှာပြီး လိုင်းပေါ်ဖြန့်ပြမယ်” လို့ ယုတ်မာအောက်တန်းကျပြီး ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုရေးသားခဲ့တာဖြစ်ပါတယ်။” သူကြီးလာရင်...

အောင်ပန်းမြို့သူမြို့သားတွေရဲ့အချစ်တော် စံပြပုဂ္ဂိုလ် ယာဉ်ထိန်းတပ်ကြပ်ကြီး ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်

အ​ကြွေ​စောလို့နှ​မြောမိပါတယ်​ ကြားရတဲ့ သတင်းက မယုံနိုင်​စရာ။ဒီသတင်းဆိုးကိုကြားရတဲ့သူတိုင်း အံ့သြမှင်​သက်​ တုန်​လှုပ်​​ချောက်​ခြားသွားပြီးနှ​မြောတသ ယူကျုံးမရ ဖြစ်​ရပါတယ်​ကို​ကျော်​ဦးရယ်​။ကျောင်းသူ​ကျောင်းသား ဆရာ၊မများရဲ့ အားထားစရာ၊​အောင်​ပန်းမြို့သူမြို့သားများရဲ့ အချစ်​​တော်​ ​လေးစား စံပြုစရာပုဂ္ဂိုလ်​ ​မော်​​တော်​ပီကယ်​ တပ်​ကြပ်​ကြီး​ကျော်​ဦး accident နဲ့ဆုံးပါးသွားတဲ့အတွက်​ ပြောမပြတတ်​​အောင်​ဝမ်းနည်း​ကြေကွဲရပါတယ်​ရှင်​။ – အပြစ်​တင်​ချင်​တယ်​ ရှင်​​သေမင်းရယ်​။လောကကြီးမှာ ဒီလိုလူ​ကောင်းသူ​ကောင်း​တွေကိုဘာဖြစ်​လို့များ အ​စောကြီး​ခေါ်ချင်​ရတာလဲကွယ်​။ရှင်​သိရဲ့လားရှင်​​သေမင်းရဲ့။ ဒီလူက​လေ လွန်​ခဲ့တဲ့ ဆယ့်​သုံး​လေးနှစ်​​လောက်​ကတည်းက​နေ မ​နေ့ည​နေကအထိကျွန်​မတို့​ကျောင်း​ရှေ့မှာဆရာ၊မ ​ကျောင်းသူ၊သား​တွေကို ​နေပူမ​ရှောင်​မိုးရွာမ​ရှောင်​ ​နေ့စဉ်​ ယာဉ်​အန္တရာယ်​ကင်းရှင်း​ရေး ​ဆောင်​ရွက်​​ပေးခဲ့တဲ့သူပါ။ကိုယ်​ကျိုးမဖက်​ဘဲ အများအကျိုး​ဆောင်​ရွက်​တဲ့ သူ​တော်​​ကောင်းကြီးပါ။မနှစ်​က သူ့အမျိုးသမီး​ပြောတဲ့စကား​လေးတစ်​ခွန်းကိုသတိရမိတယ်​။ မြို့ထဲ​ကျောင်းမှာ ဒုတိယတန်းတက်​​နေတဲ့ သူ့သား​လေးကို ည​နေ​ကျောင်းသွားကြိုခိုင်းတာကို “မင်းဘာသာမင်းသွားကြိုပါ။ညောင်​ပင်​​ထောင်​​ကျောင်းက က​လေး​တွေကငါမသွားရင်​​မဖြစ်​ဘူး။အန္တရာယ်​များတယ်​တဲ့​လေ။အဲဒီ​လောက်​သူ့သားသမီးအ​ရေးထက်​ ​ကျောင်းသားအများအကျိုးကိုကြည့်​တဲ့သူပါ။တစ်​​နေ့ကို ​လေးကြိမ်​ ​​ကျောင်း​ရှေ့မှာသူလာ​စောင့်​​ပေးတယ်​။ နံနက်​ ၇နာရီခွဲဆို ​ကျောင်း​ရှေ့ကိုသူ​ရောက်​​နေပြီ။အသင်းduty ကျဆရာမက ​နောက်​ကျချင်​​နောက်​ကျမယ်​။ သူကဘယ်​​တော့မှ​နောက် ​မကျဘူးရှင့်​။ကျွန်​မတို့​ကျောင်းက က​လော​တောင်​ကြီးကားလမ်းမကြီးရဲ့​ဘေးမှာတည်​ရှိပြီး​နေ့စဉ်​​ကျောင်သားတစ်​​ထောင်​​ကျော်​​လောက်​က ကားလမ်းမကြီးကိုဖြတ်​ကူးပြီး​ကျောင်းသွား​ကျောင်းပြန်​ရတာပါ။အသင်းduty ကျဆရာမ​တွေက ​ကျောင်းတက်​ချိန်​နဲ့​ကျောင်းဆင်းချိန်​​တွေမှာ က​လေး​တွေကို ကားလမ်းကူး​ပေးကြရပါတယ်​။ကို​ကျော်​ဦး ​အောင်​ပန်းကို​ ရောက်​လာကတည်းကဆရာမတွေလည်းသူ့ကိုပဲအားကိုးခဲ့ကြရတာ​​ပေါ့ရှင်​။ယခင်​ ​နှစ်​လမ်းသွားလမ်းမက...

သိန်း(၁၀၀၀) ကျော်တန်ဖိုးရှိတဲ့ BMW ဇိမ်ခံကားကြီးကို မိဘ (၂) ပါးအတွက် ဝယ်ပေးလိုက်တဲ့ စည်ဖြိုး

စည်ဖြိုးကတော့ ပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူလည်းဖြစ်ပါတယ်။ မကြာသေးမီက MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ “အလင်းထဲကလူ” ဇာတ်လမ်းတွဲမှာ “စိုးမြတ်မင်း”ဆိုတဲ့ ဘုန်းကြီးလူထွက် လက်ဝှေ့သမား ဇာတ်ကောင်နေရာကနေ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပြီး ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုကို ပိုမိုရရှိခဲ့တာပဲဖြစ်ပါတယ်။ လတ်တလောမှာ စည်ဖြိုးဟာ ကိုယ်ပိုင်စတူရီယိုလေးတစ်ခုကိုဖွင့်လှစ်ထားပြီး တစ်ကိုယ်တော် အယ်ဘမ်တွေလည်း ထွက်ဖို့ ကြိုးစားနေပါသေးတယ်။ဘာသာတရားကို ကိုင်းရှိုင်းတဲ့အပြင် မိဘကိုသိတတ်လိမ္မာတဲ့သားလိမ္မာလေးစည်ဖြိုးကတော့ မိခင်အတွက် သိန်း(၁၀၀၀)ကျာ်တန်ဖိုးရှိတဲ့ BMWအမျိုးအစားကားကြီးကို ၀ယ်ပေးလိုက်တာပဲဖြစ်ပါတယ်။ “မြင့်မိုရ်တောင်ဘယ်လောက်မြင့်လို့လဲ။ မိဘ မေတ္တာ နဲ့ ယှဉ်ရင်နိမ့်နိမ့်လေး နဲ့ ဖဝါးအောက်မှာပဲ။ အဖွားဆေးသွားစစ်ပြီး အပြန် ခြေထောက်က အသားမာ ရှိန်ရော တစ်ညလုံး ဝမ်းသွားပြီးအိပ်မရတာရော သနားပြီး ဝယ်ပေးလိုက်တယ်။”လို့ နေမကောင်းဖြစ်နေတဲ့ သူ့ရဲ့အမေဖြစ်သူ သက်တောင့်သက်သာဖြစ်အောင် ကားဝယ်ပေးဖြစ်တာကို သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာဖြစ်ပြီး “ကျေးဇူးကို ရွယ်ရည် အသက်ကိုမနှေး...