Monthly Archive: April, 2019

ကလေးရှိသူများ သတိထားမိစေဖို့ ရာသီဥတု အရမ်းပူပါသည် မန်းလေး အပူချိန် 40-42` C ရှိပါသည် ရန်​ကုန်​ အပူချိန်​ 47° C ရှိ​နေပါပြီ

သတိထားမိစေဖို့ ကလေးရှိသူများ ရာသီဥတု အရမ်းပူပါသည် မန်းလေး အပူချိန် 40-42` C ရှိပါသည် ရန်​ကုန်​ အပူချိန်​ 47° C ရှိ​နေပါပြီ ကလေးတွေ ဖျားကြသည် အပူချိန် 104-105` F ထိ ဖျားကြသည် အဖျားသိပ်ကြီးလျှင် တက်သွားနိုင်ပါသည်ကလေးဖျားလျှင် အေးသောနေရာမှာ ထားကြပါ အရိပ်ရသော နေရာမှာထားပါ Air con ခန်းတွင် ထားနိုင်ပါသည် ပန်ကာဖွင့်/ ပြတင်းတံခါးများ ဖွင့်ထားပါ အနွေးထည် မဝတ်ရ ဂျင်းသား အပူစများ မဝတ်ပေးရ ပွပွချောင်ချောင် ချည်ထည် စွပ်ကြယ်သား စပန့်သား အဝတ်များသာ ဝတ်ပေးပါ ရေပတ်တိုက်ပေးပါ ရေပတ်တိုက်လျှင် သဘက်စ ချည်ထည်စကို ရေဆွတ်၍ ကလေး၏ တစ်ကိုယ်လုံးကို တိုက်ပေးပါ ပတ်ထားပါ နဖူး ဂျိုင်းကြား ပေါင်ခြံကြား မကျန်အောင် ရေပတ်တိုက်ပေးပါ နဖူးပေါ်ပဲ...

လူ့ပတ်ဝန်းကျင်တွင် လိုက်နာသင့်သော လူ့ကျင့်ဝတ်များ

ဖုန်းမဖြေရင် ၂ခါထက်ပိုမခေါ်ပါနဲ့။ မိမိဖုန်းဖြေဖို့ထက်အရေးတကြီးလုပ်နေတယ်လို့မှတ်။ ကိုယ်ပြောချင်တဲ့အကြောင်းလေးစာပို့ထားလိုက်။ ပိုက်ဆံချေးထားရင် နည်းများမဆိုပြန်ပေးပါ။ ပစ္စည်းငှားထားရင်လဲ အပ်တိုတစ်ချောင်းကအစ၊ ဘောပင်၊ စာအုပ်၊ ထီး အဆုံးအကုန်ပြန်ပေးပါ။ အကယ်၍ကိုယ်ဖျောက်လိုက်မိရင် မူလပစ္စည်းထက်တန်ဖိုးမနည်းတဲ့ဟာဝယ်ပေးပြီး ဆောရီးပြောပါ။ ကြားမဖြတ်ပါနဲ့။ ဘာလုပ်လုပ်( အိမ်သာတက်, ကားမောင်းအစ)တန်းစီပါ။ သူများမုန့်ဝယ်ကျွေးတာစားရင် ဈေးအကြီးဆုံးဟင်းလျာ/ စားစရာမမှာပါနဲ့။ ဖြစ်နိုင်ရင် ကျွေးမွေးဒကာခံသူကိုပဲသူ့စိတ်ကြိုက်မှာပါစေ။ သူများဖြေဖို့အခက်တွေ့စေမဲ့မေးခွန်းတွေမမေးပါနဲ့။ “မယူကြသေးဘူးလား?” “လစာဘယ်လောက်ရလဲ? ” အစရှိသဖြင့်ပေါ့။ ကိုယ့်နောက်ဝင်မဲ့သူရှိရင်တံခါးကိုဆွဲဖွင့်ပေးထားပါ။(သူတို့ဝင်လာနေရင်ပေါ့) အဲလိုပဲကိုယ်ဝင်လာတာမြင်လို့တံခါးဖွင့်ထားပေးနေသူကို ကျေးဇူးတင်ကြောင်းပြောပါ။ သူငယ်ချင်းနဲ့တက္ကစီအတူပေါင်းစီးလို့ကျငွေသူရှင်းရင်နောက်တခါမဖြစ်မနေကိုယ်ရှင်းပါ။ သူတပါးရဲ့နိင်ငံရေးအမြင်သဘောထားကိုလေးစားပါ။ (နိုင်ငံရေးမှမဟုတ်ပါဘူး၊ ကိုယ်နဲ့သဘောထားချင်းမတူတာကိုလက်ခံပါ) အရေးတကြီးမှမဟုတ်ရင်ညကြီးမိုးချုပ်ဖုန်းမဆက်ပါနဲ့။ သူများစကားပြောနေချိန်ကြားဖြတ်မပြောပါနဲ့။ ကိုယ်စ နောက်လိုက်တာသူတပါးမကြိုက်ရင် ချက်ခြင်းရပ်ဆိုင်းပါ။ နောက်နောင်လဲအဲဒီလိုဘယ်တော့မှ မစနောက်ပါနဲ့။ကိုယ့်ကိုကူညီသူတိုင်း(အသေးအမွှားလေးကအစ)ကျေးဇူးတင်ကြောင်းပြောပါ။ချီးကျူးစရာရှိရင်လူရှေ့သူရှေ့ချီးမွမ်းပါ။ ဝေဖန်မှုကိုတော့နှစ်ကိုယ်ကြားမှာဝေဖန်ပါလေ။ ကိုယ်ပြောနေတာကိုစိတ်ဝင်စားဟန်မပြရင်လေကုန်ခံပြီးဆက်မပြောပါနဲ့တော့။ သူစိတ်မဝင်စားတာကိုဘယ်လိုသိနိုင်လဲဆိုရင် ခပ်တိုတိုအဖြေပေးတာ၊ အကြည့်တွေတခြားဆီရောက်နေတာ၊ ကိုယ်နဲ့တဖြေးဖြေးဝေးသွားတာမျိုးတွေပေါ့။ဝိတ်အတတ်အကျနဲ့ပတ်သက်ပြီးဘယ်တော့မှမဝေဖန်မိပါစေနဲ့။ “ယူသိပ်မိုက်တယ်နော်” လို့သာပြောပါ၊ ဝိတ်နဲ့ပါတ်သတ်ပြီးသူတို့စပြောချင်ပြောပါလိမ့်မယ်။ခရီးရှည်မသွားခင်ရေချိုးသန့်စင်ပါ၊ ကိုယ့်ဘေးမှာထိုင်မိသူကျေးဇူးတင်ပါလိမ့်မယ်။ (အရမ်းပြင်းတဲ့ရေမွှေးဆွတ်တာမျိုးတော့ရှောင်ပါ) ကိုယ့်နှာခေါင်းနဲ့သူ့နှာခေါင်းမတူနိုင်ဘူးလေ။တယောက်ယောက်ကသူရဲ့ဖုန်းကနေ ဓာတ်ပုံပြရင် ပြတဲ့ပုံကလွဲပြီး အရှေ့အနောက်လှန်မကြည့်ပါနဲ့။ ဘာပုံတွေရှိနေမလဲဆိုတာမပြောနိုင်ဘူးလေနော်။ ကိုယ့်အသိလုပ်ဖော်ကိုင်ဖက်က ဆရာဝန်သွားပြမယ်ဆိုရင်...

ပကာသနတွေကင်းမဲ့ပြီး ရိုးရှင်းလွန်းလှတဲ့ ဘဝလေးမှာ သာယာပျော်ရွှင်နေပြီဖြစ်တဲ့ နဝရတ်

မင်းသမီးလေး နဝရတ်လို့ဆိုလိုက်ရင် အပို၊ အလိုမရှိတဲ့ အိုက်တင်တွေနဲ့ ပရိသတ်အကြိုက်ကို ထပ်တူအကျနိုင်ဆုံး ပုံဖော်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ကို ပြေးမြင်မိကြမှာပါနော်။ တချိန်တုန်းက ပရိသတ်တွေကို အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံး ဖျော်ဖြေပြနိုင်ခဲ့ပါတယ်။ ဗီဒီယိုခေတ်ရဲ့ မင်းသမီးလေးတစ်လက်ဖြစ်ခဲ့တဲ့ နဝရတ်ဟာ အနုပညာလောကကနေ အနားယူသွားခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ အေးချမ်းတဲ့ ပြင်ဦးလွင်မြို့လေးမှာ မိခင်ဖြစ်သူနဲ့အတူ သွားရောက်နေထိုင်နေတာလည်းဖြစ်ပါတယ်။ သူမရဲ့ အချိန်တွေကို မိခင်ဖြစ်သူအတွက် ပေးဆပ်ပြီးတော့ အနားမှာပြုစုနေထိုင်သွားချင်တာကလည်း သူမရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ မင်းသမီးလေး နဝရတ်ကတော့ သူမရဲ့ ခေတ်ကာလတုန်းကလည်း ပရိသတ်တွေကို အမြင်ဆန်းတဲ့ဖက်ရှင်လေးတွေနဲ့ ခပ်မိုက်မိုက်စတိုင်လေးတွေကို ထုတ်ပြခဲ့သူတစ်ဦးပါ။ အနုပညာလောကကနေ အနားယူသွားတဲ့နောက်ပိုင်းမှာတော့ ရိုးရှင်းတဲ့ဘဝလေးကို ပိုမိုသဘောကျလာပုံရတဲ့ နဝရတ်က သူမရဲ့ ပကာသနတွေကင်းမဲ့ပြီး ရိုးရိုးလေးနဲ့လှနေတဲ့ ပုံလေးတွေကို တင်ထားခဲ့တာဖြစ်ပါတယ်။ မင်းသမီးလေးနဝရတ်ရဲ့ ပရိသတ်တွေအတွက် သဘာဝဆန်ဆန်လှတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ Credit-We Love Cele

စတုဒီတာ အလှူထမင်းစားကြရာမှ လူဦးရေ(၁၂၀)ခန့် အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကြပ္ပါယ်ကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာတွင် လူဦးရေ(၁၂၀)ခန့် စတုဒီတာ အလှူသွား စားမိရာမှ အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့ကြောင်း သိရသည်။ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က ရွှေတွင်းတူးရွာမှ စတုဒီတာအလှူတစ်ခုတွင် ပဲဟင်းနှင့် ညောင်ရွက်သုပ်ရောစွက်စားမိရာက ညနေပိုင်း၌ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။ “ရွှေတွင်းတူးရွာမှာ မဟာသင်္ကြန်ကာလ မနက်တစ်ယောက် ညနေတစ်ယောက် အလှူရှင်တွေနဲ့ ဒါနပြုကြတယ်၊ အဲဒီလို ဒါနပြု ကြရာက တောထဲမှာ ညောင်ရွက်ရှိတယ်၊ ညောင်ရွက်ကို သုပ်ပြီးပွဲတည်ပေးတော့ စားကြတယ်ပေါ့ဗျာ၊ အဲဒါကနေ ပဲဟင်းရယ်၊ညောင်ရွက်သုပ်ရယ် စားကြတာပေါ့၊ ညောင်ရွက်သုပ်က နဂိုလ်ကတည်းက ဝမ်းပျက်တတ်တဲ့ အလေ့ရှိတယ်။ အတော်လေးတော့ ဆိုးဆိုးဝါးဝါး ဝမ်းပျက်ဝမ်းလျှောမှူဖြစ်ပွားခဲ့တာပါ” ဟု ဒေသခံ ဦးမြတ်စိုးက ပြောသည်။အခင်းဖြစ်ပွားရာ ကျေးရွာသို့ သရက်တောတိုက်နယ်ဆေးရုံမှ ဒေါက်တာဒေစုယဉ်နွယ်နှင့် သူနာပြုဆရာမများ အချိန်မီရောက် ရှိ ခဲ့သည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေသို့ မရောက်ရှိခဲ့ကြောင်း သိရသည်။...

ရေခဲတောင်မှအဆင်း ဘေးချောက်ကမ်းပါးထဲပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မိန်းကလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ လွင်မိုး

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးကတော့ ဇနီးချောလေးရယ်၊ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေး နှစ်ယောက်ရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ လက်ရှိမှာတော့ သမီးကြီး ယွန်းဝတီလွင်မိုးက လွင်မိုးအတွက် မြေးဦးလေး Liam ကို မွေးဖွားပေးထားတာကြောင့် ဖိုးဖိုးကြီး လွင်မိုးတစ်ယောက် မြေးလေးကို သဲသဲလှုပ် အချစ်ပိုနေရပြီး မအားမလပ်ဖြစ်နေရပါတယ်။ လတ်တလောမှာ ရေခဲတောင်မှာ မတော်တဆ ခြေချော်ကျပြီး အသက်ဆုံးပါးသွားရတဲ့ မိန်းကလေးအတွက် ပြည်သူတစ်ရပ်လုံးက စိတ်မကောင်းကြီးစွာဖြစ်နေရသလို မင်းသားကြီးလွင်မိုးကလဲ ထိုမိန်းကလေးအတွက် စိတ်မကောင်းဖြစ်နေရကြောင်းကို သူ့ရဲ့အတွေ့အကြုံနဲ့ ယှဉ်ပြီး အခုလိုပဲ ပြောပြထားပါတယ်။ “ရေခဲတောင်….တောင်တက်ခရီးတွေဟာ လွယ်ကူတဲ့အရာတွေတော့မဟုတ်ပါ..မလွယ်ကူတဲ့ရေခဲတောင်တက်ခရီးတွေထဲမှာမှ ဖုန်ကန်တောင်ဟာ အလွယ်ကူဆုံးနဲ့ အတွေ့အကြုံ ဗဟုသုတ သင်ယူစရာအကောင်းဆုံး..ရေခဲတောင်တက်လူငယ်တွေအတွက်ကြိုးစားဖို့အခွင့်အရေးအကောင်းဆုံးတောင်ပဲဖြစ်ပါတယ်။” “သင်ယူစရာတွေ..လေ့လာစရာတွေထဲက ဆရာသမားတွေပြောတဲ့ စကားတခွန်းပြန်လည်ဝေမျှလိုက်ပါတယ်။ “.တောင်တက်သမားတွေရဲ့ အောင်မြင်မှုတွေထဲမှာ ချောချောမောမောနဲ့ အိမ်ပြန်ရောက်ဖို့လည်းပါတယ်တဲ့”…ရေခဲတောင် မတော်တဆအတွင်းအသက်ဆုံးရှုံးခဲ့ရသူများအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်…….လွင်မိုး” ဆိုပြီး စိတ်မကောင်းဖြစ်နေရကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။...

သမ္မတ လွတ်ငြိမ်းဖြင့် လွတ်လာသူ နာရီပိုင်းအတွင်း ပြန်အဖမ်းခံရ

ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နှစ်ဆန်း ၁ ရက်နေ့က လွတ်မြောက်လာသူ တဦးအား နာရီပိုင်း အတွင်းမှာပင် ခိုးမှုဖြင့် မသင်္ကာ၍ ရဲက ဖမ်းဆီးလိုက်ကြောင်း ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်း စခန်းမှူး ချစ်ကြည် ထံမှသိရသည်။စခန်းမှူး ချစ်ကြည်က “သူ့ကိုအကြမ်းဖျင်း မေးတာတော့ သူလွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်လာတယ်။ ပဲခူးသူငယ်ချင်း ဆီလာရင်းနဲ့ ဆိုင်ကယ် တစီးကိုတွေ့လို့ တွန်းရင်းနဲ့ ရဲတွေနဲ့တွေ့လို့ ဖမ်းခံရတယ်။ လောလောဆယ်တော့ ဒါပဲသိသေးတယ်” ဟု ဧရာဝတီကိုပြောသည်။ ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နယ်မြေ (၈) ကျောင်းလမ်းတွင် ဧပြီလ ၁၇ ရက်နေ့ည ၁၀ နာရီကျော်ခန့်က အောင်ကျော်နိုင် (ခ) ကျော်လေးဆိုသူမှာ သော့အုံဖြုတ်ထားသည့် ထိုင်းနိုင်ငံထုတ် Honda Wave 125 ဆိုင်ကယ်တစီး တွန်းလာသည်ကို မသင်္ကာ၍ ခေါ်ယူစစ်ဆေးရာ...

သရုပ်ဆောင်တော်တဲ့ မုန်းမာန်နဲ့ အနွယ်တော်လေးတို့နှစ်ယောက်ကို ချီးကျူးလိုက်တဲ့ မင်းမျိုးနွယ်

ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်အားပေးခဲ့ကြတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲလေးကတော့ ဒီနေ့မှာ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ဘယ်လိုပုံစံမျိုးနဲ့ ဇာတ်သိမ်းသွားမလဲဆိုတာကို စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်တွေဖြစ်စေချင်တဲ့အတိုင်း မိန်းမချောကလည်း နောင်တတရားတွေရပြီး သူ့မိသားစုနဲ့အတူ နေရာမှန်ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ မင်းမျိုးနွယ်ကလည်း အတိတ်ကို ပြန်သတိရနေပြီဖြစ်ပေမယ့် စံမြန်းကတော့ သူ့ခင်ပွန်းကို ပြန်လက်ခံဖို့အတွက် အချိန်ယူစဉ်းစားနေတာ ဖြစ်ပါတယ်။ အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေကတော့ ဇာတ်သိမ်းပိုင်းရောက်မှာကိုတောင် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ အခုလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင်နှစ်ဦးကို မင်းမျိုးနွယ်က ချီးကျူးစကားဆိုထားတာ တွေ့ရပါတယ်။ မုန်းမာန်နဲ့ အနွယ်တော်ဆိုပြီး ဇာတ်ရုပ်ကိုအကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ ကလေးနှစ်ယောက်ကို မင်းမျိုးနွယ်က ” သရုပ်ဆောင်အရမ်းတော်ကြသော ကလေးများ ” ဆိုပြီး ချီးကျူးပေးထားတာပဲ ဖြစ်ပါတယ်။ ဒီကလေးနှစ်ယောက်ကလည်း ဇာတ်လမ်းကိုဇာတ်ရှိန်မြင့်လာအောင် အဓိကပံ့ပိုးပေးနိုင်တဲ့...

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်သက်တကျွန်းကျခံနေရသူ မုံးကိုးကာကွယ်ရေးတပ်မှ အတွင်းရေးမှူး ဦးမရမ်ဂမ်လွတ်မြောက်

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေး ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသည့် မုံးကိုးဒေသ ကာကွယ်ရေးတပ်မှ အတွင်းရေးမှူး ဦးမရမ်ဂမ်သည် ဧပြီ ၁၇ ရက်၊မွန်းလွဲပိုင်းက လွတ်မြောက်လာခဲ့သည်။ ဦးမရမ်ဂမ်သည် ၂၀၀၀ခုနှစ်က မူးယစ်ဆေးဝါးမှုဖြင့် စွပ်စွဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထောင်အတွင်းတွင် ၁၉ နှစ် ကျော်နေထိုင်ခဲ့ရအပြီး ယခုလို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဦးမရမ်ဂမ်က ဆိုသည်။ ထောင်မှ လွတ်မြောက်အပြီး ဦးမရမ်ဂမ်က”ထောင်ထဲမှာ ၁၉ နှစ်နေခဲ့ရတယ်။ အကြောင်းအမျိုးမျိုးနဲ့စွပ်စွဲချက်ကြောင့်ရောက်လာတာပေါ့။ မူးယစ်ဆေးဝါးလုပ်ပါတယ်ဆိုတဲ့အနေနဲ့ ရောက်လာတာပဲ။ အခုလို လွတ်လာတာ ဝမ်းသာပါတယ်။”ဟုပြောသည်။ ထောင်အတွင်း နှစ်ရှည်နေထိုင်လာခဲ့ရခြင်းကြောင့် ပြင်ပနိုင်ငံရေးကို စာတွေသာဖတ်ပြီးသိနေရပေမယ့် သေသေချာချာ ဘာမှမသိသေးကြောင်းနှင့်သူ့အနေဖြင့်လည်း လက်ရှိတွင် ဘာဆက်လုပ်ရမည်ကို မသိသေးကြောင်း ဦးမရမ်ဂမ်က ဆိုသည်။ မန္တလေးဗဟို အကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၄၃၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီး ထက်ဝက်ခန့်မှာ မူးယစ်မှုဖြင့် ကျခံနေရသူများ...

သင်္ကြန်ယိမ်းအကမယ် ၂ ဦးအား ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသူကို ဖမ်းမိ

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ လူသတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံလို့ ယူဆရသူကို ဧပြီ ၁၇ ရက်နေ့ ညနေ ၆ နာရီက ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းကသိရပါတယ်။ ဧပြီ ၁၂ ရက်ညနေ့က သက်ပိုင်ဦးဆိုသူဟာ စိမ်းမြောက်ဓမ္မာရုံမှာ သင်္ကြန်ယိမ်းအကတိုက်ဖို့ လာကြတဲ့ မေမီနှင်းနဲ့ စကားများပြီး ဓားနဲ့ထိုးခဲ့ကြောင်း၊ ဝင်ရောက်ဖျန်ဖြေသူ မော်မော်အေးကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ၀င်ရောက်ဖြန်ဖြေသူ မော်မော်အေး သေဆုံးခဲ့ပြီး ထွက်ပြေးသွားတဲ့ သက်ပိုင်ဦးကို မော်ဟန်-နမ္မချီ ကျောက်စိမ်းမှော်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ လူသတ်မှုနဲ့ပတ်သက်ပြီး ဒေသခံအမျိုးသမီးတချို့က အမှန်အတိုင်းဖြစ်စေချင်ကြောင်း၊ ကျူးလွန်သူကို သေစားသေစေ အမိန့်ချပေးစေချင်တယ်လို့ ဆိုပါတယ်။ တရားခံလို့ ယူဆရသူ သက်ပိုင်ဦးကို မိုးညှင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။  Credit-ဒီဗွီဘီ

တရုတ်နိုင်ငံတွင် ခရီးသည်အမျိုးသမီးက လေယာဉ်ခရီးစဉ် ဘေးကင်းစေရန်အတွက် ဆုတောင်းပြီး အင်ဂျင်ထဲသို့ အကြွေစေ့ (၆)စေ့ ပစ်ထည့်

တရုတ်နိုင်ငံတွင် လေယာဉ်ခရီးစဉ်ဘေးကင်းစေရန်ဆုတောင်းသည့်အနေဖြင့် အင်ဂျင်ထဲသို့ အကြွေစေ့ (၆)စေ့ ပစ်ထည့်ခဲ့သည့် အသက် (၆၆)နှစ်အရွယ် အမျိုးသမီးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။အဆိုပါ အမျိုးသမီးသည် မွန်ဂိုလီးယားရှိ Hohhot Baita အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တီရန်ကျင်းလေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါမည့်သူဖြစ်ပြီး ကံကောင်းစေရန်ဆုတောင်းပြီး အင်ဂျင်အတွင်း အကြွေစေ့များ ပစ်ထည့်လိုက်ကြောင်း ဝန်ခံသဖြင့် လေယာဉ်ပေါ်မှ ဖယ်ရှားခဲ့ကြောင်း သိရသည်။ လေယာဉ်ပေါ်မှ ခရီးသည် (၁၀၀)ကို အခြားလေယာဉ်ဖြင့် အစားထိုးပျံသန်းပြေးဆွဲပေးခဲ့ရပြီး လေယာဉ်ခရီးစဉ်မှာ (၂)နာရီခန့် ကြန့်ကြာခဲ့ရကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးကို လက်ရှိတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး လေကြောင်းလိုင်းက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူဖြစ်ရပ်များကို တရုတ်နိုင်ငံအတွင်း လေကြောင်းလိုင်းများတွင် မကြာခဏကြုံတွေ့နေရပြီး လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အကြာက ဟွမ်ဘေးပြည်နယ်လေဆိပ်တွင် အသက် (၃၁)နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးက ယောက္ခမမှာလိုက်သည့်အတိုင်း လေယာဉ်အင်ဂျင်အတွင်း အကြွေစေ့ပစ်ထည့် ဆုတောင်းခဲ့သဖြင့် ဖမ်းဆီးခဲ့ရပြီး လွန်ခဲ့သည့်...