Monthly Archive: March, 2019

တရုတ်​ပိုင်​ ​ကျောက်​ကုမ္ပဏီတစ်​ခုကို ရွာသားများက မီးရှို့လိုက်​ရာမှ မီးအကြီးအကျယ်​​ လောင်​ကျွမ်းမှုဖြစ်​ပြီး ရွာသားများ ထွက်​​ပြေးတိမ်း​ရှောင်​​နေရ

မန္တ​လေးတိုင်း​ဒေသကြီး မိုးကုတ်​မြို့ ​အ​နောက်​ပိုင်း ဘောလုံးကြီး​ကျေးရွာတွင်​ ​ဌေးပိုင်နာမည်​ဖြင့်​ တရုတ်ကျောက်​ကုမ္ပဏီတစ်​ခုနှင့်​ ရွာသားများ ပဋိပက္ခဖြစ်​ရာမှ ရွာသားများက အဆိုပါ ကုမ္ပဏီကို ယ​နေ့ည ၉ နာရီဝန်းကျင်​တွင်​ မီးရှို့လိုက်​ပြီး မီး​လောင်​ကျွမ်းမှုများလာသည့်အတွက်​ ရွာသားများ ထွက်​​ပြေးတိမ်း​ရှောင်​​နေရလျက်​ရှိသည်​။ ရွာခံ အမျိုးသမီးတစ်​ဦးက “အဲ​ကုမ္ပဏီက ဒီနှစ်​မှာ သက်​တမ်းကုန်​သွားပြီ​လေ။ သက်​တမ်းကုန်​လို့ သူ့တို့လုပ်​ငန်း​တွေ အကုန်​ရပ်​ထား​တော့ ရွာသား​တွေက အဲနားမှာ ​ကျောက်​သွားရှာကြတာ။ အဲဒါကို ကုမ္ပဏီ မ​န်​​နေဂျာ​တွေက ရွာသား​တွေကို ခဲနဲ့ထုတယ်​။ ပြီး​တော့ ရဲ​ခေါ်ပြီး ခြိမ်း​ခြောက်​တယ်​။ မ​ကျေနပ်​ကြလို့ ရွာသား​တွေက အဲကုမ္ပဏီကို မီးသွားရှို့လိုက်​ကြတာ” ဟု မားနဂါးသတင်းဂျာနယ်သို့ ​ပြောသည်​။ ရှို့လိုက်​သည့်​မီးသည်​ ထရန်​​စဖော်​မာကို​ လောင်​ရာမှ မီး​လောင်​ကျွမ်းမှုပိုမိုဖြစ်​ပွားခဲ့ပြီး ​နေအိမ်​များ ကူးစက်​လာသည့်​အတွက်​ ရွာလုံးကျွတ်​ ထွက်​​ပြေးတိမ်း​ရှောင် နေရခြင်းဖြစ်သည်​။ “​သေနတ်​သံ တစ်​ချက်​​ဖောက်​လိုက်​​သေးတယ်​။ အကျယ်​ကြီးပဲ မီး​လောင်​တဲ့အချိန်​မှာ။ ခုရွာသားအားလုံး ​ကြောက်​လန့်​ပြီး ထွက်​​ပြေး​နေကြပြီ။...

Facebook Messenger မှတစ်ဆင့် တွေ့ဆုံရန်ချိန်းဆိုပြီးလူသတ်မှုကျူးလွန်ခဲ့သူများအား ရဲတပ်ဖွဲ့ဝင်များကဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းနှင့် (၈၆)လမ်းကြားရှိ ရွှေတစ်ချောင်းတံတားပေါ်၌မတ်လ၂၃ ရက်နေ့ ည ၉ နာရီအချိန်တွင်လူတစ်ဦးထိုးသွင်းဒဏ်ရာများဖြင့် လဲကျနေကြောင်းသတင်းအရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာအဆိုပါတံတားပေါ်၌ ၆၀ယ/×××× Scoopyiအပြာရောင်ဆိုင်ကယ်(၁)စီးနှင့် အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦးအားထိုးသွင်းဒဏ်ရာများရရှိကာလဲကျနေသည်ကိုတွေ့ရှိရ၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ပြီးသေဆုံးသူမှာမျိုးမျိုး(ခ)မျိုးမင်းဦးဖြစ်ကြောင်းသိရှိရသဖြင့် မြို့မရဲစခန်း (ပ)၁၈၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။ အမှုမှ ပြစ်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အထူးအမှုစစ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာသေဆုံးသူမျိုးမျိုး(ခ) မျိုးမင်းဦး ၏ လက်ကိုင်ဖုန်းရှိ Facebook Messenger ၌ SharrWanaအကောင့်ဖြင့် လူငယ်တစ်ဦးနှင့် တွေ့ဆုံရန် ချိန်းဆိုထားပြီး ၀၉/××××××××× ဖုန်းနံပါတ်အားဆက်သွယ်ရန်ရေးသားထားသည်ကိုစစ်ဆေးတွေ့ရှိရသဖြင့်အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးအားအဆိုပါလက်ကိုင်ဖုန်းသို့မှားယွင်းဆက်မိချင်ဟန်ဆောင်၍ ဆက်သွယ်ချိန်းဆိုစေခဲ့ရာဖုန်းပိုင်ရှင်မှ ညနေ(၅)နာရီအချိန် မဟာမုနိဘုရားကြီးပန်းခြံတွင် လာရောက်တွေ့ဆုံမည်ဟုပြောဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များကသွားရောက်စောင့်ဆိုင်းနေစဉ် ၎င်းမှ (၄၁)လမ်း၊ သားရေစက်ရုံရှေ့တွင် ဆိုင်ကယ်ဆီပြတ်နေ၍လာရောက်ရန်ဖုန်းဖြင့် ထပ်မံဆက်သွယ်ပြောဆိုလာသောကြောင့် သွားရောက်ဖမ်းဆီးခဲ့ရာဖုန်းပိုင်ရှင်ဖြစ်သူမဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်နေသီဟအောင်(၁၅)နှစ်နှင့် တစ်ရပ်ကွက်တည်းနေခွန်းဆက်မျိုးအောင်(ခ)နောင်နောင်(၁၄)နှစ်တို့(၂)ဦးအားဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရအခင်းဖြစ်နေ့ ည...

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ဆိပ်ကမ်းတွင်ရှုံးနိမ့်နေသော်လည်း မြို့နယ်တိုင်းလိုလိုမှာ NLD ကိုယ်စားလှယ်လောင်းများအနိုင်ရရှိထား

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မြို့နယ်တိုင်းလိုလို NLD ကိုယ်စားလှယ်လောင်း အများစုအနိုင်ရရှိထား၊ ဆိပ်ကမ်းတွင် ရှုံးနိမ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုကိုယ်စားလှယ်များ မြို့နယ်တိုင်းလိုလို တွင် အနိုင်ရရှိထားပြီး ဆိပ်ကမ်းမြိုနယ် တွင် ရှုံးနိမ့်နေကြောင်း သတင်းရရှိသည်။” ဆိပ်ကမ်း ကတော့ မြို့တော်အဆင့်နဲ့ မြို့နယ် ဥက္ကဌ နေရာဝင်ပြိုင်တာ ၂နေရာစလုံး ရှုံးတယ်။အခြားမြို့နယ်တွေမှာတော့ အားလုံး အခြေအနေ ကောင်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးNLD ဥက္ကဌ ဦးမြင့်ဌေးကပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ၂၇၂ ဦးရှိပြီး NLD မှ မြို့တော်ကော်မတီဝင်နေရာ၆ ဦးနှင့် မြို့နယ်ဥက္ကဋ္ဌ၊အဖွဲ့ဝင်နေရာများတွင် ၈၄ ဦး၊ စုစုပေါင်း ၉၀ ဦး ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။ Credit-News Watch

ဧပြီ ၁ ရက်နေ့ဖွင့်မည့် ထီလက်မှတ်အုပ်ရေ ၆ သိန်းခွဲ ရောင်းမကုန်သောကြောင့် ဆုမဲထွက်လာခဲ့ပါက ပြန်လည်ဖွင့်လှစ်ပေးမည်

လာမယ့် ဧပြီ ၁ ရက်နေ့ ဖွင့်မယ့် ထီလက်မှတ်တွေထဲက အုပ်ရေ ၆ သိန်းခွဲလောက် မရောင်းခဲ့ရဘဲ အဲဒီနံပါတ်တွေ ဆုမဲထွက်လာခဲ့ရင် ပြန်ဖွင့်လှစ်ပေးမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။၂၅ ကြိမ်မြောက် ကျပ် ၅၀၀ တန် ထီအုပ်ပေါင်း ၉၈၁,၈၆၁ အုပ် ရောင်းချခဲ့ရာမှာ အုပ်ရေ ၂၀၃,၄၄၈ အုပ် ရောင်းမကုန်ဘဲ ကျန်ခဲ့ပါတယ်။ ၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီမှာတော့ အုပ်ပေါင်း ၃,၂၇၂,၇၂၀ ရောင်းခဲ့ပေမယ့် အုပ်ရေ ၄၃၅,၅၇၇ ရောင်းမကုန်ခဲ့ဘူးလို့ ဆိုပါတယ်။ကျပ် ၅၀၀ တန်ထီအတွက် ဆုငွေ ကျပ်သိန်းပေါင်း ၂,၃၃၅၀ ကျော်၊ ကျပ် ၁၀၀၀ တန်ထီအတွက် ကျပ်သိန်းပေါင်း ၁၇၀,၂၂၀ ကျော် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ရောင်းမကုန် ထီလက်မှတ်တွေထဲက အထူးဆုကြီးစနစ်နဲ့ ဆုတချင်းစနစ်မှာ ဆုမဲ ပေါ်လာခဲ့ရင်...

ဟဲဗီးဝိတ် ချန်ပီယံကြီးဗီရာနဲ့ လိုက်ဟဲဗီးဝိတ်တန်းပွဲ ထိုးသတ်ဖို့ သဘောတူလိုက်တဲ့ အောင်လအန်ဆန်း

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်းဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိပါတယ်။အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟစဲ့ဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက လက်ခံခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး ပြောစကားတွေအရ အောင်လနဲ့ ဗီရာတို့ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ လိုက်ဟဲဗီးဝိတ်တန်းပွဲကို ထိုးသတ်မှာဖြစ်တယ်လို့ One Championship CEO ကလည်း အတည်ပြုခဲ့ပါတယ်။အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ပေ ၃လက်မရှိပြီး MMA...

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရတာတွေကို ပြောပြလာတဲ့ ဒွေးရဲ့ ဇနီးဖြစ်သူ မိုးမိုး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်ဒွေးကတော့ သူချစ်တဲ့မိသားစု၊ ပရိသတ်တွေနဲ့ ခွဲခွာသွားခဲ့တာ နှစ်အတော်ကြာသွားခဲ့ပြီဖြစ်ပါတယ်။ သရုပ်ဆောင်ဒွေးကွယ်လွန်သွားပြီးနောက်မှာတော့ ဇနီးဖြစ်သူ မိုးမိုးတစ်ယောက် သားသမီး (၂) ယောက်နဲ့အတူ စင်ကာပူနိုင်ငံမှာ နှစ်အတော်ကြာသွားရောက်နေထိုင်ပြီး သားနဲ့သမီးကို ပညာတတ်ကြီးဖြစ်အောင် စင်ကာပူနိုင်ငံမှာပညာသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ယခုချိန်မှာတော့ ရန်ကင်းမှာ ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ထားတဲ့အပြင် သူမနေထိုင်ရာ FMI ထဲမှာလည်း စက်ချုပ်ဆိုင်လေးဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ဒွေး ရဲ့ ဇနီးဖြစ်သူ မိုးမိုးကတော့ သူမဖြတ်သန်းခဲ့ရတဲ့ အိမ်ထောင်ရေးတလျှောက် ကြုံတွေ့ရင်ဆိုင် ဖြေရှင်းခဲ့ရတာတွေကို ပရိသတ်ကြီးသိရအောင် Let’s Talk အစီစဉ်ကနေ မျှဝေပြောပြထားခဲ့တာဖြစ်ပါတယ်။ ZA- သူ့ဘဝနဲ့ပတ်သက်ပြီးတော့လည်း ဒီလိုရှင်သန်ရပ်တည်မှုတွေမှာ အမရဲ့ကြိုးစားရပ်တည်ပေးမှုတွေဟာ ဘယ်တော့မှ မေ့လို့မရတဲ့ အခန်းကဏ္ဏတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံတွေမရှိတဲ့အချိန်တုန်းက ပိုက်ဆံတွေကို အရမ်းလိုချင်ခဲ့တယ်ပေါ့နော်။ ပိုက်ဆံ ပိုက်ဆံ ရှင်မရှိလည်းရတယ် ကိစ္စမရှိဘူး ပိုက်ဆံပဲအရမ်းလိုချင်ခဲ့တယ်။ အေး အဲဒီပိုက်ဆံတွေ အောင်မြင်ကျော်ကြားမှုတွေရသွားတဲ့အချိန်မှာ ကျမအဲဒါတွေမလိုချင်တော့ဘူး ကျမယောက်ကျားကိုပဲ ကျမပြန်လိုချင်တယ်ဆိုတဲ့ ခံစားမှုမျိုးပေါ့နော် ကျတော်အမကိုတွေ့ရင်...

(၂) ချီအတွင်းအလဲထိုးပြီး မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်တဲ့ အောင်လအန်ဆန်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ryogoku Kokugikan အားကစားခန်းမမှာ A New Era အမည်နဲ့ ဒီကနေ့ ကျင်းပတဲ့ MMA ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်ကို ဂျပန်နိုင်ငံရောက်၊ မြန်မာနိုင်ငံသားတွေ လာရောက် အားပေးခဲ့ကြပါတယ်။တိုကျိုမြို့၊ Ryogoku Kokugikan အားကစားခန်းမထဲက MMA ပြိုင်ပွဲကတော့ မတ်လ ၃၁ရက်နေ့ ဂျပန်စံတော်ချိန် ညနေ ၄နာရီ(မြန်မာစံတော်ချိန် နေ့လည် ၁နာရီခွဲ)က စတင်ကျင်းပခဲ့ပြီးတော့ ဒီပြိုင်ပွဲမှာ အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံသား ကန်ဟာဆီကာဝါတို့အပြင် စုစုပေါင်း တွဲဆိုင်း ၁၆ဆိုင်း ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ အောင်လအန်ဆန်းနဲ့ ဟာဆီကာဝါတို့ဟာ  ရန်ကုန်မြို့မှာတစ်ကြိမ်ထိုးသတ်ယှဉ်ပြိုင်ခဲ့ပြီးတော့ အောင်လအန်ဆန်းကပဲ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်ထိုးသတ်ရတဲ့ အောင်လအန်ဆန်းကတော့ ဒီပွဲမှာလည်း ဟာဆီကာဝါကို (၂) ချီအတွင်းမှာအလဲထိုးပြီး ချန်ပီယံခါးပတ်ကိုကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ထပ်မံဂုဏ်ဆောင်နိုင်ခဲ့ပြန်တဲ့ အောင်လအန်ဆန်း  ဂုဏ်ယူပါတယ် Congratulation ပါ    

ဆေးကုလို့မရတော့တဲ့ အံ့မင်းညိုသမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ချစ်သုဝေ

ချစ်သုဝေက သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သမီးလေးကို ခွဲစိတ်ကုသဖို့အဆင်မပြေနိုင်တော့ဘူးလို့ သိရပါတယ်။သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးရဲ့ ကျန်းမာရေး အခြေအနေအကြောင်းကို ချစ်သုဝေက ပြောပြလာပါတယ်။ ဒါပေမယ့် သမီးလေးကို ဆေးကုသခွဲစိတ်ဖို့အချိန်ကတော့ နောက်ကျသွားခဲ့ပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။ ‘’ ကိုအံ့ကတော့ အစ်မတို့ ဖောင်ဒေးရှင်းအနေနဲ့ မဟုတ်ပဲ မိသားစုအနေနဲ့ စောင့်ရှောက်တာပါ။ တကယ်တမ်းကျလို့ရှိရင် ကလေးကို အကုန်လုံး လုပ်ပေးမှာလေ။ အခုက ထိတဲ့ ၄ နေရာစလုံးက ငယ်ငယ်ကတည်းက ကုသခြင်းမရှိထားတော့ နှောင်းသွားတဲ့သဘောပေါ့နော်။ အဲဒီအတွက် ဘာမှ မလုပ်ပေးနိုင်ဘူး ဖြစ်သွားတယ်’’ လို့ မတ်လ ၃၀ ရက်နေ့က 29 စိန်ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။အဲဒီနောက်မှာတော့ ကလေးရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့သေးတယ်လို့ ချစ်သုဝေက ဆိုပါတယ်။ ‘’...

ဂျပန်ရောက်မြန်မာနိုင်ငံသားများ အာင်လအန်ဆန်ကို လာအားပေးကြ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ryogoku Kokugikan အားကစားခန်းမမှာ A New Era အမည်နဲ့ ဒီကနေ့ ကျင်းပတဲ့ MMA ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်ကို ဂျပန်နိုင်ငံရောက်၊ မြန်မာနိုင်ငံသားတွေ လာရောက် အားပေးနေကြပါတယ်။ တိုကျိုမြို့၊ Ryogoku Kokugikan အားကစားခန်းမထဲက MMA ပြိုင်ပွဲကတော့ မတ်လ ၃၁ရက်နေ့ ဂျပန်စံတော်ချိန် ညနေ ၄နာရီ(မြန်မာစံတော်ချိန် နေ့လည် ၁နာရီခွဲ)က စတင်ကျင်းပနေပါပြီ။ ဒီပြိုင်ပွဲမှာ အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံသား ကန်ဟာဆီကာဝါတို့အပြင် စုစုပေါင်း တွဲဆိုင်း ၁၆ဆိုင်း ယှဉ်ပြိုင်ကြမှာပါ။ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်ထိုးသတ်မယ့် အောင်လအန်ဆန်နဲ့ ကန်ဟာဆီကာဝါတို့ရဲ့ ပွဲကိုတော့ မဇ္ဈိမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါတယ်။ Credit-Mizzima

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲရုံမှူးတာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ဆရာမကြီး တဦးသေဆုံး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအတွက် ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်ရှိ မဲရုံ အမှတ် ၄ တွင် မဲရုံမှူးတာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ဆရာမကြီးတဦး ယနေ့ (မတ်လ၃၁) နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်မှသိရသည်။သေဆုံးသွားသည့် မဲရုံးမှူးမှာ ရန်ကင်းမြို့နယ် အ.မ.က (၁၃)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးရင်သည် သေဆုံးသွားခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်ခိုင်ကအတည်ပြုပြောကြားသည်။ ” ဒီကို report တက်လာတာကတော့ သူက နဂိုကတည်းက နှလုံးရောဂါ အခံရှိတယ်ပေါ့။ သူက မဲရုံမှူးတာဝန် ထမ်းဆောင်နေတာပါ။ သူက အ.မ.က (၁၃) က ကျောင်းအုပ်ဆရာမကြီးပါ။ အဲဒီမှာ မဲရုံမှူး တာဝန်ကို စပြီး တာဝန်ယူနေချိန်မှာပဲ မနက် ၇နာရီ ၊မိနစ် ၄၀လောက်မှာ မူးတယ်၊အသက်ရှူကြပ်တယ်ဆိုပြီးဖြစ်တယ်။အဲလိုဖြစ်တော့ ရန်ကုန်ဆေးရုံကြီးကို ချက်ချင်းပဲ ပို့တာ လမ်းမှာပဲ...