Monthly Archive: February, 2019

အယူခံပယ်ချခံလိုက်ရတဲ့ မိုးအောင်ရင်ရဲ့ ရင်တွင်းစကားသံ

သရုပ်ဆောင် မိုးအောင်ရင်ရဲ့ အယူခံလျှောက်ထားမှုကို ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။ မိုးအောင်ရင်ကို ပုဇွန်န်တောင်မြို့နယ်တရားရုံးက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အလုပ်နှင့် ထောင်ဒဏ်၅နှစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်နေ့က ချမှတ်ခဲ့ပါတယ်။ မိုးအောင်ရင်က “ပရိသတ်ကြီးကို ဘာမှစိတ်မပူပါနဲ့လို့”လို့ ပြောသွားခဲ့ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်ခဲ့မှုဟာ မှန်ကန်မှုရှိတယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံးက သုံးသပ်တဲ့အတွက် မိုးအောင်ရင်ရဲ့ အယူခံကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူ အောင်ရင်ကလည်း “အခုပဲ ကျွန်တော့်အသက် ၅၅နှစ်ပြည့်တော့မယ် ၁၅နှစ်ဆိုရင် ကျွန်တော့်သက် ၇၀အထိ ကျွန်တော်သားကို ကျွန်တော် ထောက်ပံ့ပေးနိုင်ပါ့မလား ကျွန်တော် အဲ့တာကိုစိတ်ပူတယ်။”လို့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ မိုးအောင်ရင်ဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပုဒ်မ ၁၉ (က)ဖြင့် အလုပ်နဲ့ ထောင်ဒဏ် ၁၂နှစ်ကိုလည်း ပြီးခဲ့တဲ့...

ပထမဆုံးရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီစံကာတင်စာရင်းဝင်ခဲ့ကြတဲ့ မင်းသားချော (၅) ယောက်

ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့တဲ့ မင်းသားချောတွေကတော့ အနုပညာလောကထဲမှာ အများအပြားရှိလို့နေပါတယ်။ ယခုနောက်ပိုင်းမှာ အဆင့်မှီတဲ့ အရည်အသွေးမြှင့်ရုပ်ရှင်ဇာတ်ကားကောင်းတွေ များစွာထွက်ရှိလာခဲ့ပြီး ပရိသတ်တွေကလည်း ယခင်ကထက်ပိုပြီး မြန်မာ့ရုပ်ရှင်ကိုပိုပြီးအားပေးလာတာကိုမြင်တွေ့ရမှာပါ။ မကြာခင်မှာ အကယ်ဒမီဆုပေးပွဲကြီးကလည်း ကျင်းပတော့မှာဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ ရင်ခုန်သံတွေကလည်း အမြင့်ဆုံးကိုရောက်ရှိလို့နေပါတယ်။ ယခုနှစ်အကယ်ဒမီမှာတော့ ထူးခြားမှုအနေနဲ့ ပထမဦးဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီလျှောက်လှမ်းပေါ်ကို ရောက်ရှိလာတဲ့ မင်းသား (၅)ယောက်ကို အပြိုင်တွေ့မြင်ရမှာဖြစ်ပါတယ်။ လူငယ်တွေရဲ့ ပေါင်းစပ်ဖန်တီးမှုတစ်ခုဖြစ်တဲ့ မျက်နှာပြင် ရုပ်ရှင်ဇာတ်ကားကြီးမှာ အကြမ်းစားအက်ရှင်သရုပ်ဆောင်မှုတွေ မြင်တွေ့ရမယ့် ခါရာ၊ ပထမဦးဆုံး နိုင်ငံခြားသားတစ်ယေက်အဖြစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာဏ်ခီတို့ကို မြင်တွေ့ရမှာပါ။ နောက်ပြီး ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပီပြင်စွာနဲ့ ဇာတ်ကောင်ကို ပုံဖော်ပေးနိုင်ခဲ့တဲ့ အောင်မြင့်မြတ်၊ ဥပါဒါန် ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ ကြားမှာ တစ်ရှိန်ထိုးအောင်မြင်ခဲ့တဲ့ ခိုင်ထူးသာ တို့နဲ့ နောက်ဆုံး ငါကို နမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးနဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ...

တစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင် လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်ပြီး အိမ်ရှေ့တိုင်းမှာ လေယာဉ်ပါကင်ထိုးထားလေ့ရှိတဲ့ ကမ္ဘာကျော်နေရာ

ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင်အိမ် ခြံ ကား နဲ့ နေနိုင်တဲ့သူတွေကို ချမ်းသာ တယ် လို့ဆိုနိုင်ပါတယ်။ဒါပေမယ့် အမေရိကန် က နေရာတစ်ခုက တော့ အဲဒီထက်ပိုတယ်လို့ ဆိုနိုင်ပါတယ်။ ဖလော်ရီဒါ ပြည်နယ် အရှေ့မြောက်ဘက်မှာ ရှိတဲ့ Spruce Creek ဆိုတဲ့ နယ်မြေမှာ ရှိတဲ့လူတိုင်းဟာ အလန်းစား ကား တွေသာမက တစ်ယောက်ကို လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်နိုင်တဲ့ အထိချမ်းသာ ကြပါတယ်။ ကမ္ဘာကျော် လေယာဉ် ရပ်ကွက် ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ လူဦးရေ ၅၀၀၀ ၀န်းကျင်ခန့်နေထိုင်ပြီး လေယာဉ်ရုံပေါင်းလည်း ၇၀၀ ကျော် ရှိပါတယ်။ အဲဒီနေရာကို ဖြတ်သန်း သွားပါက ကား တွေပါကင်ထိုးထားသလို အစီအရီပါကင်ထိုးထားတဲ့ လေယာဉ်တွေကိုမြင်ရမှာပါ။ များစွာသော လေယာဉ် ပြေးလမ်းတွေ ၊ လေယာဉ်မောင်း သင်တန်း တွေ...

တိုက်လေယာဉ်မှူးကို ပြန်လွှတ်ပေးဖို့  ပါကစ္စတန်ကို အိန္ဒိယ တောင်းဆို

ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်လို့  နျူလက်နက်ပိုင်နှစ်နိုင်ငံအကြား နယ်ကျော်တိုက်ခိုက်မှုတွေဖြစ်ခဲ့စဉ် ပါကစ္စတန် စစ်လေယာဉ်တွေ ပစ်ချခဲ့တဲ့ အိန္ဒိယစစ်လေယာဉ်မှ ဖမ်းဆီးခံတိုက်လေယာဉ်မှူးကို လွှတ်ပေးဖို့  အိန္ဒိယက တောင်းဆိုလိုက်ပါတယ်။  ဖမ်းဆီးရမိခဲ့တဲ့ အိန္ဒိယတိုက်လေယာဉ်မှူးရဲ့  ဗီဒီယိုဖိုင်ကို ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးဌာနက အစောပိုင်းတွင် ဖော်ပြခဲ့ရာမှာ လေယာဉ်မှူးရဲ့  မျက်လုံးမှာ အ၀တ်စည်းထားပြီး မျက်နှာတ၀ိုက်မှာ သွေးတွေပေနေတာကို တွေ့ ခဲ့ရပါတယ်။ ဒဏ်ရာစစ်သည်တစ်ဦးရဲ့  ပုံရိပ်ကို အခုလို ဖော်ပြခဲ့ခြင်းဟာ ရိုင်းပြတဲ့လုပ်ရပ်ဖြစ်ကြောင်း အိန္ဒိယက ဝေဖန်ခဲ့ပါတယ်။  ဒါ့အပြင် အိန္ဒိယနိုင်ငံ လူမှုကွန်ရက်အသုံးပြုသူတွေက တိုက်လေယာဉ်မှူးကို သူရဲကောင်းတစ်ယောက်အဖြစ် ချီးကျူးခဲ့ကြကာ အချို့ သူတွေကတော့ စိတ်ချုပ်တည်းကြဖို့  နှစ်ဖက်စလုံးကို တောင်းဆိုခဲ့ကြပါတယ်။  အိန္ဒိယနဲ့ ပါကစ္စတန်ကို ခွဲခြားထားတဲ့ ကက်ရှ်မီးယားဒေသ ထိန်းချုပ်ရေးမျဉ်း LoC ကို ဖြတ်ကျော်ကာ နှစ်နိုင်ငံ လေတပ်တွေ...

အံ့မင်းညိုသမီးကို ခွဲစိတ်မှုလုပ်လို့မရကြောင်း ပြောလာတဲ့ ခိုင်နှင်းဝေ 😔

ပရဟိတ လုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေပြီး ပရဟိတမင်းသမီးလိုတောင် ဖြစ်နေတဲ့ ခိုင်နှင်းဝေကတော့ တလောတုန်းက အခက်ခဲဖြစ်နေတဲ့ အံ့မင်းညို သမီးနဲ့ ပတ်သက်ပြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးကတော့ ကုလို့မရတော့တဲ့ အခြေနေမှာ ရောက်ပြီး သူတို့အနေနဲ့ ဒီလိုမျိုး ကိစ္စတွေဖြစ်လာတာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။ Sunday နဲ့ အင်တာဗျူးမှာတော့ ခိုင်နှင်းဝေ “ဟုတ်ပါတယ်။ အဲ့ဒါက မလုပ်ဖြစ်တော့ဘူး။ ကို အံ့မင်းညိုက အမကို ဖုန်းဆက်တယ်။ ကလေးလေးရဲ့ မျက်လုံးအထဲက မှန်ဘီလူးဆိုတာလား မသိဘူး။ အဲ့ဒါက ပျက်စီးသွားပြီးတဲ့ ကုလို့မရတော့ဘူးတော့။ အမလည်း စိတ်မကောင်း ဖြစ်လိုက်တာ။ အမကတော့ အကုန်လုံး လုပ်ပေးမယ်။ ကလေးရဲ့ ကံပဲပေါ့။ အမတို့ကလည်း ကုပေးတယ်။ ချစ်သုဝေတို့ရဲ့ ဖောင်ဒေးရှင်းကလည်း လုပ်ပေးမယ်ဆိုတော့လေ။ ဒါပေမယ့်လို့ ကလေးရဲ့ ကံကိုက မျက်လုံးက...

ယာဉ်သွားပို့သည့် ရဲတပ်ဖွဲ့ဝင်များအား အေအေ သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

ရန်ကုန် – စစ်တွေကားလမ်းမကြီးပေါ်၌ အေအေ သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ ပြန်လည်အပ်နှံလွှဲပြောင်း ရန် သွားရောက်သည့် ရဲတပ်ဖွဲ့ပိုင် Double Cab မော်တော်ယာဉ် ၃ စီးနှင့် သံတွဲမြို့တွင် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး တရားမဝင်တင်သွင်းလာသော အထောက်အထားမဲ့ယာဉ်ဟု ယူဆရသဖြင့် စစ်တွေမြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုးဦးစီးဌာနတွင် ယာဉ်လိုင်စင်စစ်ဆေးနိုင်ရေး ပို့ဆောင်သည့် Mark II အဖြူရောင်ယာဉ် ၁ စီး၊ စုစုပေါင်း ၄ စီးအားရဲတပ်ဖွဲ့ဝင် ၄ ဦးမှ မောင်းနှင်၍စစ်တွေမြို့သို့ ထွက်ခွါလာစဉ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ပန်းနီလာကျေးရွာကြား ရန်ကုန် စစ်တွေကားလမ်းမိုင်တိုင်အမှတ်...

ကျောက်ဆည်တွင် အိမ်သာကျင်းဆယ်ရာမှ အမျိုးသား ၅ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့မှာ အိမ်သာကျင်းဆယ်ယူရာမှ အမျိုးသား ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ကျောက်ဆည်မြို့၊ ကြက်မင်းတွန် ရပ်ကွက်နေ ဦးသိန်းထွန်းဦးရဲ့ နေအိမ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၈ နာရီက ကျောက်ဆည်မြို့၊ အင်တိုင်းရပ်ကွက်နေ ဦးကိုနီ (ခ) တင်အေး (၄၂) နှစ်အပါအ၀င် ၅ ဦးတို့ဟာ အကျယ် ၁၀ ပေပတ်လည်၊ အနက် ၁၀ ပေလောက်ရှိ ရေလောင်းအိမ်သာ ကျင်းအတွင်းဆင်းပြိး မိလ္လာဆယ်ယူနေစဉ် အောက်စီဂျင်ပြတ်လပ်၍ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းလွင် ဦးစီးအဖွဲ့တို့က သွားရောက်ဆယ်ယူ စစ်ဆေးခဲ့ရာ ၅ ဦးလုံး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာ တွေ့ရှိရလို့ ကျောက်ဆည်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဦးကိုနီအပါအ၀င် ၅ ဦး သေဆုံးမှုကို ကျောက်ဆည်မြို့မရဲစခန်းက သေမှုသေခင်း...

သေဆုံးသွားတဲ့ ဆရာဝန်အမှုနဲ့ ပတ်သတ်ပြီး သူခိုးမိန်းမလျာတွေကို ဒဲ့ဝုန်းလိုက်တဲ့ ညီညီမောင်(စမ်းချောင်း)

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က မိတ်ကပ်ပညာမှာသာမက သရုပ်ဆောင်မှာပါ ထူးချွန်သူ ဖြစ်ပါတယ်။ ညီညီမောင်(စမ်းချောင်း)က သူ့ရဲ့ အလှပြင်လုပ်ငန်းအပြင် အနုပညာလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း)က မကြာသေးခင်ကလဲ မြင့်မြတ်၊ မင်းမော်ကွန်းတို့နဲ့အတူတူ “ကျားကျားကြိုက်ကြိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီနေ့မှာ ဆရာဝန်သေဆုံးသွားတဲ့ အမှူကိစ္စနဲ့ ပတ်သတ်ပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ အခုလိုပဲ ပြောထားပါတယ်။ “သူခိုးခြောက်တွေပားအောင်အရင်လုပ်မယ်။ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက်ရှိ တည်းခိုခန်းတွင် မိန်းမလျာနှင့် ညအိပ်တည်းခိုလာသူ ဆရာဝန်တဦး သေဆုံး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက်ရှိ သဒါတည်းခိုခန်းတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက တည်းခိုသူအမျိုးသားတဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။” ” သေဆုံးသူအမျိုးသားမှာ အသက် ၄၀ ကျော်အရွယ် ဆရာဝန်တဦးဖြစ်ပြီး မှတ်ပုံတင်အရ ဟင်္သာတမြို့မှ ကျော်လင်းဆိုသူဖြစ်ကြောင်း၊...

ဘုရားမှာ မသင့်တော် မလျှော်ကန်သည်များကို ဖြုတ်ချပေးပါရန်

ကျွန်တော်တို့ ဘုရားပေါ်တက်တယ်ဆိုတာ စိတ်အေးချမ်းချင်လို့ ဖြစ်ပါတယ်။ မြတ်စွာဘုရားကလည်း အယုတ်အလတ်အမြတ်မရွေး အဖူးမျှော်ခံ အပူဇော်ခံတယ်လို့ အများက လက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် မြန်မာ့ ယဉ်ကျေးမှု ဘာညာ အမည်တပ်ပြီး စည်းကမ်းချုပ်ချယ်ကြပါတယ်။ ဗုဒ္ဓမြတ်စွာက မြန်မာလား။ မြန်မာတွေ အရင်တည်းက လုံချည်ဝတ်သလား သို့မဟုတ် မြန်မာ့ယဉ်ကျေးမှုငးက လုံချည်လား။ သေချာပါသလား ဘုရားပေါ် မတော်တရော်နဲ့ မတက်သင့်တာ အကုန် လက်ခံကြပါတယ်။ ဒါပေမယ့် မလိုလားအပ်တဲ့ အပိုဖြစ်နေတဲ့ စည်းကမ်းတွေတော့ မသတ်မှတ်စေချင်ပါဘူး။ယောက်ကျားလေးတွေကို ဒူးပေါ်တာ မဝတ်ခိုင်းဘူး။ မိန်းကလေးတွေကို အကြပ် မဝတ်ခိုင်းဘူးတဲ့။ ဒီစည်းကမ်းအရ ဆိုတာ လက်မခံနိုင်စရာ မရှိပါဘူး။ သင့်တော် လျော်ကန်ပါတယ်။ ဒါပေမယ့် တကယ့် အဖြစ်အပျက်လေးတွေ ပြောပြချင်ပါတယ်။ ရှမ်းဘောင်းဘီ ကို အကုန်မြင်ဖူးကြမယ်ထင်ပါတယ်။ သရီးကွာတားနဲ့ အရှည်တွေရှိပါတယ်။ ဘယ်ရှမ်းဘောင်းဘီမှ ဒူးမပေါ်ပါဘူး။ ကျွန်တော် ဝတ်နေကျ ရှမ်းဘောင်းဘီတိုင်းဟာလဲ...

မြန်မာမော်ဒယ်မင်းသားတချို့ကြောင့် နောင်တတွေနဲ့ ပြန်သွားခဲ့ရတဲ့ Line Walker 2 အဖွဲ့သားများ

ပရိသတ်ကြီးရေ လတ်တလော ကာလမှာ Line Walker(2) ရိုက်ကွင်းကြီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်နောက်ဆက်တွဲဂယက်တစ်ခုကတော့ ကျန်ခဲ့ပြီဖြစ်ပါတယ်။ Line Walker (2) မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းရာဇာကတော့ အဆိုပါရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ချို့ကြောင့် အခက်အခဲတွေ ၊ နောင်တတွေနဲ့ ပြန်သွားခဲ့ရပြီဖြစ်တယ်လို့ Eleven ကနေတဆင့်ဖွင့်ချခဲ့ပါတယ်။ အခုလို ဖြစ်ရတာက အက်ရှင်ပိုင်းမနိုင်တဲ့ (ကင်မရာရှေ့မှာတောင်တစ်ခါမှဖြတ်မလျှောက်ဘူးတဲ့) တစ်ခါမှ သရုပ်မဆောင်ဘူးတဲ့ မော်ဒယ်မျက်နှာသစ် သရုပ်ဆောင်တွေကြောင့်ဖြစ်တယ်လို့ဖွင့်ချခဲ့တာပါ ။ ရုပ်ရှင်ရိုက်ကူးရာမှာ ဖောက်ခွဲပစ်ခတ်မှုတွေ ၊ ကြမ်းကြမ်းရမ်းရမ်းရိုက်ကူးမှုတွေမှာ မော်ဒယ်မင်းသားသစ်တစ်ချို့အဆင်မပြေခဲ့ကြပါဘူး ။ အချိန်နဲ့အလုပ်လုပ်ရတဲ့ အခါမှာ ပိုပြီး အရည်အချည်းရှိတဲ့ လူတွေလိုချင်ခဲ့ပေမယ့် မင်းသားအသစ်တွေပါလာတဲ့အခါမှာ အကြိမ်ကြိမ်အခါခါ(အကြိမ်၅၀နီးပါး) သင်ပေးခဲ့တာတောင်အဆင်မပြေခဲ့ဘူးလို့ဆိုပါတယ်။ နောက်ဆုံးမှာ အလွန်အဆင်မပြေခဲ့တာ ကြောင့် ရိုက်ကူးရေးရက်တွေအတွင်းမှာ တရုတ်နိုင်ငံဘက်က နေအသင့်ပါလာတဲ့ စတန့်သရုပ်ဆောင်တွေကို အစားထိုးပြီး ပြန်လည်ရိုက်ကူးရတဲ့ အထိ ဆိုးဝါးမှုတွေကြုံခဲ့ရတယ်လို့ဆိုပါတယ်။ မင်းရာဇာတို့ အရွေးချယ်ခံခဲ့ရတာတောင်...

error: Content is protected !!