Monthly Archive: January, 2019

လိပ်​ပြာစံအိမ်​ ရုပ်​ရှင်​ဇာတ်​ကားအထူးပွဲမှာ ကစ်ကိုတစ်ချိန်လုံး တစိမ့်စိမ့်ကြည့်နေတဲ့ဒေါင်း

ဒေါင်းဟာဆိုရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက ရုပ်ရှင်နယ်ပယ်ကိုခြေချလာတဲ့ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်ပြီး ပရိသတ်တော်တော်များများက ဒေါင်းကို တည်ကြည်အေးချမ်းပြီး ရည်မွန်ယဉ်ကျေးသလို စဉ်းစားဆင်ခြင်ညဏ်နဲ့ပြည့်စုံတဲ့အမျိုးကောင်းသားလေးဖြစ်တာကြောင့် တစ်နိုင်ငံလုံးက စည်းကားသိုက်မြိုက်စွာတစ်ဒေါင်းထဲဒေါင်းနေရတဲ့ ဒေါင်းမှဒေါင်းဖြစ်နေရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ရွှေကစ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပြောစရာမလိုအောင်ကို မြန်မာနိုင်ငံရဲ့ အကယ်ဒမီများရှင်ထိပ်တန်းမင်းသမီးလေးဖြစ်ပြီးသားပါ။ ဒေါင်းနဲ့ ရွှေကစ်ဟာ လိပ်ပြာစံအိမ်ဇာတ်ကားကြီးမှာ အတူတူတွဲဖက်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ မကြာသေးမီအချိန်က Facebook ကြီးတစ်ခုလုံးကို ဂယက်ထသွားစေတဲ့ ဒေါင်းနဲ့ ကစ်ရဲ့ အင်တာဗျူးဗီဒီယိုထဲမှာ တည်ငြိမ်သူကိုဒေါင်းကြီးဟာ ကစ်နားမှာမရိုးမရွဖြစ်နေပြီး တစ်ချိန်လုံး ရယ်မောနေကာ မေးခွန်းတစ်ခုဖြေလိုက် ကစ်ကိုရတတ်သမျှအချိန်လုပြီးငေးလိုက်နဲ့ ကစ်မျက်နှာပေါ်ကနေ အကြည့်တွေမခွာနိုင်အောင်အရိပ်တကြည့်ကြည့်အမြတ်တနိုးဖြစ်နေခဲ့တာ တော်တော်ကြီးကိုသိသာတာပါ။ ကစ်ရဲ့အနားမှာဆိုရင် ဒေါင်းရဲ့စိတ်ရာသီဥတုဟာ အစဉ်သဖြင့် ကြည်လင်ရွှင်မြုးနေတာကိုလည်း ပရိသတ်တွေက သတိထားမိသွားကြပါတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ ဘယ်မိန်းကလေးကိုမှဝေဖန်ချက်မပေးဖူးတဲ့ ကိုကိုဒေါင်းက ကစ်ကိုတော့ တစ်ကိုယ်လုံးလှပါတယ်လို့ ရှက်ပြုံးကြီးနဲ့မြိန့်မြိန့်ကြီးပြုံးကာဝေဖန်ထားပါသေးတယ်။ ကစ်ကလည်း ဒေါင်းရဲ့နံဘေးမှာ ပျော်ရွှင်နေပုံရပါတယ်။ ဒီနေ့မှာလဲ လိပ်​ပြာစံအိမ်​ ရုပ်​ရှင်​ဇာတ်​ကားအထူးပွဲ ကို တူယှဉ်တွဲပြီးတက်ရောက်လာခဲ့ပါတယ်။ ဒီကနေ့ပွဲမှာ မင်းသားဒေါင်းလေးဟာ...

စကားမပြောနိုင် အသက်ငယ်ပေမယ့် အချောင်လိုချင်စိတ်မရှိတဲ့ ဗိုလ်ချုပ်ဈေးရဲ့ ကျောက်ပွဲစား ပိစိလေး

ဗိုလ်ချုပ်ဈေးရဲ့ ကျောက်ပွဲစား ပိစိလေးး စကားမပြောနိုင်ဘူးး(ဆွံ့အ နားမကြား) ကျမ ဆိုင်ရောက်ပီဆို ကျောက်တွေလာပြပီ ကျောက်ဝိုင်းက ပွဲစားတွေထည့်ပေးတဲ့ကျောက်တွေ တန်ဖိုးး ၁၀၀၀၀ကနေ ၂သိန်းထိ သူကို ပေးကိုင်ကြတယ် သူလာပြတဲ့ကျောက် ဝယ်ပေးရင် အရမ်းပျော်တယ် တခါတလေ ကျမ ကျောက်တွေ သူ့ကိုထညိ့ပေးတယ် တည့်အောင်ရောင်းပေးတာများတယ် ဒီခလေးက လူငယ်ပေမယ့် ဘယ်လောက် လာဒ်မြင်သလဲဆို  ကျမကို အသီးတွေ ပန်းတွေ အမြဲ လက်ဆောင်လာပေးတတ်တယ် (ဖားတာ 😁😁)ပိုက်ဆံ အလကားပေးရင် မယူဘူး သူလုပ်အားပဲ သူတန်ဖိုးထားတဲ့ခလေးးဈေးထဲကဘော်ဒါတွေ သူ့အကြောင်း ဖြည့်စွက်ပေးပါအုံးး သိသလောက်လေးးသန်လျင်ကနေ အလုပ်လာလုပ်တာလို့သိရတယ် ကိုယ်ပိုင်လုပ်ငန်းနဲ့ပွဲစားပိစိလေးပါတနေ့ကျ ချမ်းသာတဲ့ ပွဲစားကြီး ကုန်သည်ကြီးဖြစ်ပါစေ (ခလေးရဲ့ ကြိုးစားမှုကို အသိမှတ်ပြုချင်လို့ ဒီpost တင်တာပါ ခလေးကို စိတ်ပူနေကြလို့ ပြောပြပါရစေနော် ကျောက်ပွဲစား ဆိုတာ ကျောက်ကို ခဏတဖြုတ် ဟိုဘပ်ဆိုင်ကနေ ဒီဘက်ဆိုင် လိုက်ပြတဲ့သဘောပါ...

ပိုင်ရှင်ပြန်လာမယ်တဲ့လား အဖိုးရေ….

ပဲခူးလေယာဉ်ကွင်း အနောက်ဖက်က နွားတဲကုန်းကျေးရွာအထိ ကားနဲ့သွားပြီးနောက် ကားလမ်းဆက်မပေါက်လို့ တောနင်းပြီး ၂မိုင်ခန့် လမ်းလျောက်ခဲ့ရပါတယ်။ နေ့လည် နေပူထဲ တောနင်းပြီး ၂မိုင်လောက် လျောက်ပြီးတဲ့အခါအောက်မှာ ပုံပြထားတဲ့ တဲလေးကိုရောက်ပါတယ်။ လေဖြတ်နေတဲ့ အသက် ၇၆နှစ်အရွယ် အဖိုးအို တစ်ဦးတည်းနေတဲ့အိမ်လေးပါ။ အဖိုးကတော့ မျက်စိလည်းမကောင်းတော့ တဲ့အဝင်မှာပဲ ခြေထောက်တွဲလောင်းချထိုင်ပြီး သူ့ကိုလာခေါ်မယ်ဆိုတဲ့ ဗိမာန်ရှင်ကြီးများကို စောင့်စိုင်းနေခဲ့ပါတယ်။ တောထဲနေထိုင်သူတွေဆိုတော့ (ရွာထဲမဟုတ်) တစ်အိမ်နဲ့တစ်အိမ် အတော်ကို အလှမ်းဝေးပါတယ်။တောဓလေ့ နဲ့ ဗျို့ ဟစ်ပြီး တစ်အိမ်နဲ့ တစ်အိမ် သံကုန်ဟစ် အော်ခေါ်ရတာပါပဲ။ ကျမတိုရောက်သွားတော့ ဘိုးဘွားရိပ်သာမှာလိုက်နေဖို့အဘိုးကို လိုက်ခဲ့ဖို့သဘောတူမတူ ကိုမေးတော့ သူက လာခေါ်မယ့်သူကိုပဲမျော်နေခဲ့တာ..သွားကြစို့ လို့တောင်ပြောပါတယ်။ အဘိုးရဲ့ သားသမီးတွေကရော လို့မေးဖြစ်တော့ မဖြေပဲ ရှိုက်ပြီးမျက်ရည်တွေပဲ ကျလာပါတယ်။တောင်ဝှေးက လဲတဲ့အခါ ဖိုးသူတော်တွေလည်း မထူနိုင်ဘူးထင်ပါ့။ တောထဲမှာ တဦးတည်းနေပြီး လေဖြတ်နေတာမို့လို့ စားသောက်ရေးအတွက် ဘယ်လိုဖြေရှင်းလည်းလို့...

သားမက်ဖြစ်သူက ယောက္ခမအားခေါင်းဖြတ်သတ်ပြီး ခေါင်းကိုအိမ်သာခွက်ထဲတွင် ထည့်ထားမှုဖြစ်ပွား

ကော့ကရိတ်မြို့နယ်တွင် လင်မယားချင်းစကားများရန်ဖြစ်သည်ကို ဝင်ရောက်ပြောဆိုသောယောက္ခမအား သမက်ဖြစ်သူကခေါင်းဖြတ်ကာ နေအိမ်အိမ်သာခွက်ထဲသို့ ထည့်ထားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်၊ ကော့ဘိန်းကျေးရွာအုပ်စု၊ ကော့မိကျေးရွာနေ မင်းကျောက်ခဲ၊ (၄၆) နှစ်သည် ဇန်နဝါရီလ ၂၈ ရက်၊ ည ၁၀ နာရီခန့်က ဇနီးဖြစ်သူ မိမွန်၊ (၄၅) နှစ်နှင့် စကားများရန်ဖြစ်ခဲ့ရာမှ ဇနီးအား အနီးရှိပုဆိန်ဖြင့်ခုတ်လိုက်ကြောင်း သိရသည်။ ထိုသို့ခုတ်လိုက်သဖြင့် ဇနီးဖြစ်သူ မိမွန်တွင် ဘယ်ဘက်ဂျိုစောင်း ပေါက်ပြဲပြတ်ရှဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး သတိလစ်သွားစဉ် မင်းကျောက်ခဲက ထပ်မံ၍ ယောက္ခမဖြစ်သူ၏လည်ပင်းကို ဓားဖြင့်ခုတ်ဖြတ်ကာ ဦးခေါင်းအား နေအိမ်အပေါ်ထပ်ရှိ အိမ်သာခွက်ထဲသို့ ထည့်ထားခဲ့ခြင်းဖြစ်ကြောင်း ကော့ဘိန်းနယ်မြေရဲစခန်းမှ သိရသည်။“နေအိမ်ပေါ်မှာ သူတို့လင်မယားချင်း စကားများရန်ဖြစ်ကြတယ်။ အဲဒီအချိန်မှာ ယောက္ခမလုပ်တဲ့သူလည်း ရှိတယ်။ စကားများတော့ ယောက္ခမလုပ်တဲ့သူက ခွဲမှာပေါ့။ ပြောမှာပေါ့။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး။ အဲဒီလို ခွဲတော့ ယောက္ခမကို...

မြန်မာ ဂန္တဝင်အဆိုတော်ကြီး ဦးမင်းနောင် (ကိုမင်းနောင်) ကွယ်လွန်

မြန်မာဂန္ထ၀င်အဆိုတော်ကြီး ဦးမင်းနောင် (ကိုမင်းနောင်)သည် ၂၀၁၉ ဇန်န၀ါရီ ၃၁ ရက် ညနေ ၅း၄၅ နာရီက အာရှတော်ဝင်ဆေးရုံ ၇ လွှာ၊ အခန်းနံပါတ် ၁၇ တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။အမေရိကန်မှ သားသမီးများ လာရောက်ပြုစုကြသော်လည်း သူနေထိုင်မကောင်းဖြစ်နေသည်မှာ ကြာပြီဖြစ်၍၎င်း။ အသက်အရွယ်အရလည်း ကြီးရင့်ပြီးဖြစ်၍ ပြန်လည်နေကောင်းရန် မည်သို့မျှ မတတ်နိုင်ကြဘဲ လက်လွှတ်ကြရခြင်း ဖြစ်သည်။ ဇနီးအဆိုတော်ရီလေး (ဒေါ်ရီလေး)ကလည်း အတတ်နိုင်ဆုံးပြုစုခဲ့သည်။ သို့သော် သေခြင်းတရားကို မည်သူမျှမတားနိုင်၍ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ကိုမင်းနောင် (ဦးမင်းနောင်)သည် ကျော်ကြားထင်ရှားသော တေးများစွာကို သီဆိုခဲ့ပြီး ရုပ်ရှင်မင်းသားအဖြစ်လည်း ရိုက်ကူးခဲ့သေးသည်။ နိုင်ငံတော်က စည်သူဘွဲ့ပေးအပ်ခဲ့သည်။ကိုမင်းနောင်သည် ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်ကြောင်း သိရပါသည်။ကျန်ရစ်သော ရုပ်ကလာပ်ကို ဖေဖော်ဝါရီလ ၂ ရက် နေ့လယ် ၃ နာရီမှာ ရေဝေးသုသာန်တွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။...

ဒီကနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် သရုပ်ဆောင်အံ့မင်းညို ရဲ့ သမီးကြီး ကို ဆေးစစ်မှုပြုလုပ်

သရုပ်ဆောင် အံ့မင်းညိုဟာ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဖောင်ဒေးရှင်း ဖြစ်တဲ့ “ခေတ်သစ်” ဖောင်ဒေးရှင်းရဲ့ ကူညီမှုကို သဘောတူညီလိုက်ပါတယ်။ အံ့မင်းညိုက “ခေတ်သစ်ဖောင်ဒေးရှင်းက သမီးလေးရဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေ လုပ်ပေးမယ်ဆိုပြီး ကိုလင်းက ပြောခဲ့တယ်။ သူတို့ဘက်ကလက်ခံတယ်ဆိုရင်ပြန်အကြောင်းကြားပေါ့နော်။ အကိုတို့ဘက်ကလက်ခံလိုက်ပါပြီ။ ကိုလည်း သမီးလေးအတွက် (၇)နှစ်လုံးလုံး ကြိုးစားခဲ့တယ်။ အခုမျိုးလိုကုပေးတဲ့သူပေါ်လာတော့ အရမ်းဝမ်းသာတယ်။ သမီးလေးကို အရင်ဆုံး တစ်ကိုယ်လုံး စစစ်မှာပေါ့။ ပြီးမှ အရေးကြီးတာကို အရင်ဆုံးကုမှာပါ” ဆိုပြီးပြောခဲ့ပါတယ်။ သမီးလေးဟာ မွေးရာပါ နှလုံးအပေါက် ပါရုံသာမက မျက်လုံးတစ်ဖက်ကလည်း မမြင်ရသလို မွေးတုန်းကလည်း (၃)ပေါင်နဲ့ မွေးခဲ့ရတဲ့ ကလေးဖြစ်ဖို့ ချို့ယွင်းချက်တွေ အရမ်းများတယ်လို့ အံ့မင်းညိုက ဆိုပါတယ်။ သမီးလေးအတွက် စိုးရိမ်ပြီး စိတ်ပူပေးကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း အံ့မင်းညိုက ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။“သမီးလေးအတွက် စိတ်ပူပေးကြတဲ့ ပရိသတ်တွေအားလုံးကို တကယ်ပါ အရမ်းကို ကျေးဇူးတင်ပါတယ်။အားလုံး...

တစ်ယောက်ယောက်ကို ပိုက်ဆံချေးမယ်ဆိုရင် မဖြစ်မနေ စဉ်းစားသင့်တဲ့အချက် (၅) ချက်

ရင်းနှီးတဲ့သူတွေကို ပိုက်ဆံချေးပေးရတာဟာ တော်တော်ကိုဖြေရှင်းရခက်ပြီး ပိုက်ဆံပြန်လိုချင်တဲ့အခါပြန်တောင်းဖို့ဆိုတာလည်း တော်တော်လက်ပေါက်ကပ်တဲ့ကိစ္စပါ။ အခန့်မသင့်ရင် ကိုယ်အကုန်ခံပြီးချေးပေးလိုက်ရတဲ့ ပိုက်ဆံလည်းဆုံးသွားနိုင်ပြီး အပေါင်းအသင်းတွေကြားကဆက်ဆံရေးလည်း ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို ပိုက်ဆံချေးမယ်ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေ သိထားဖို့ လိုပါတယ်နော်။ (၁) ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ တစ်ယောက်ယောက်က ပိုက်ဆံလာချေးတဲ့အခါ ချေးပေးမှာလား မပေးဘူးလားဆိုတာ ပြတ်ပြတ်သားသား စဉ်းစားဆုံးဖြတ်ပါ။ တကယ်လို့ သင်ကမချေးပေးဘူးလို့ ဆုံးဖြတ်ရင် ဘယ်လိုပြောပြောအဆုံးထိငြင်းဖို့ပြင်ဆင်ထားပါ။ တကယ်လို့ ချေးပေးမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း နောက်ထပ်သိဖို့လိုတာလေးတွေရှိပါသေးတယ်နော်။ဆက်ဖတ်ကြည့်ပါဦး။ (၂) ဘယ်လောက်ကို အဆုံးရှုံးခံနိုင်လဲ စဉ်းစားပါ တစ်ယောက်ယောက်ကို ပိုက်ဆံချေးဖို့ စဉ်းစားတဲ့အခါ ဘယ်လောက် ပမာဏကို အဆုံးရှုံး ခံနိုင်သလဲ ဆိုတဲ့အချက်ကို စဉ်းစားပါ။ ကိုယ့်ဆီက ထွက်သွားတဲ့ ပိုက်ဆံကို ပြန်မရတော့ဘူးဆိုတဲ့ စိတ်လေးထားနိုင်မှ ကိုယ်အဆုံးခံနိုင်သလောက်ပမာဏကိုပဲ ချေးပေးပါ။ အဲ့ဒီလိုစိတ်ထားထားတော့ ဆုံးသွားရင်လည်း သိပ်စိတ်ထိခိုက်ရမှာ မဟုတ်ဘဲ ပြန်ရတဲ့အခါ နှစ်ဆပျော်ရပါတယ်။...

ဒုက္ခိတဖြစ်ချိန်မှာတောင် ချစ်ပေးခဲ့တဲ့ ခင်ပွန်းအကြောင်းပြောပြလာတဲ့ ရွှေရည်သိန်းတန်

နာမည်ကျော်အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ သမီး အဆိုတော် ရွှေရည်သိန်းတန် ကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မှာပါ။ လက်ရှိမှာတော့ ရွှေရည်သိန်းတန်တယောက်ကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး သာယာတဲ့သူ့အိမ်ထောင်ရေးကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကို ပြောကြားသွားခဲ့ပါတယ်။ The Radar နဲ့ အင်တာဗျူးမှာတော့ ရွှေရည်သိန်းတန်ကတော့ “ယောကျာ်းကတော့ အစပိုင်းမှာတော့ အနုပညာအလုပ်တွေ လုပ်ပါတယ်။ အခုတော့ မလုပ်တော့ပါဘူး။ ရွှေရည်ကတော့ လုပ်ဖို့ ခွင့်ပြုပါတယ်။ နောက်ပိုင်းမှာတော့ သူလည်းအလုပ်လုပ် ရွှေရည်လည်း အလုပ်လုပ်ဆိုတော့ နောက်ပိုင်းမှာ ဝေးကွာတာတွေ ရှိလာမယ်။ ပြီးတော့ အပြင်မှာလည်း စီးပွားရေးလုပ်ငန်းလေးတွေ လုပ်ထားတာရှိတော့ သူက ရွှေရည်ကို အလျော့ပေးလိုက်တာ” အမျိုးသားကိုယ့်အပေါ်နားလည်ပေးမှုကိုလည်း ဘယ်လိုလေး ခံစားမိလဲ ဆိုတဲ့ အပေါ် “ပြောရမယ်ဆိုရင်တော့ ရွှေရည်အတွက်ကတော့ မိန်းမတယောက်အတွက် အိမ်ထောင်တခုဆိုတာ ထီပေါက်သလိုပါပဲ။ ယောကျာ်း တယောက်ရဲ့ ဖေးမမှု စောင့်ရှောက်မှု နားလည်မှုတွေက...

ချစ်သူ မြန်မာမလေး ပြုံးမယ်ဆိုရင် ဘာမဆိုလုပ်ပေးနိုင်တယ်လို့ ဆိုလာတဲ့ ဂျာမနီအဆိုတော် Mikis Weber

မြန်မာသံဝဲဝဲလေးနဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာအရမ်းကိုရေပန်းစားနေတဲ့ ဂျာမနီနိုင်ငံသားအဆိုတော် Mikis Weberကိုမိတ်ဆက်ပေးစရာမလိုအောင်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။Mikis ကတော့ မန်မာနိုင်ငံစွန့်စွန့် စားစားတစ်ကိုယ်တည်းရောက်လာပြီး အနုပညာလုပ်ငန်းတွေကိုရူးသွပ်စွာလုပ်ကိုင်နေတဲ့ ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ မြန်မာဘာသာစကား အစားအသောက်နဲ့ ရိုးရာဓလေ့တွေကိုအရမ်းကို နှစ်သက်သူတစ်ယောက်ဖြစ်သလို မီဒီယာအင်တာဗျူးတွေတော်တော်များများမှာလည်း Mikisရဲ့ အချစ်ရေးပတ်သတ်ပြီး မေးခွန်းလေး တွေအမြဲမေးလေ့ရှိပြီး သူချစ်သူထားမယ်ဆိုရင်လည်း မြန်မာမလေး တွေကိုပဲ ရွေးချယ်မယ်လို့ ဆိုထားခဲ့ဖူးပါတယ်။ မြန်မာမလေးကို မှနှစ်သက်တဲ့ Mikisကတော့ မြန်မာမလေးဖြစ်တဲ့ ဆုဆုဝင်းနဲ့ ချစ်ကြိုးသွယ်နေတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးဟာ သိပ်ကို အေးချမ်းပြီး အားကျဖို့ ကောင်းလွန်းသလို အမြဲတမ်း ဘုရားသွားကျောင်းတက်နဲ့ ပျော်ရွှင်နေတကို မြင်တွေ့ရမှာပါ။ Mikisတစ်ယောက် ချစ်သူမြန်မာမလေး ကို ဘယ်လောက်ချစ်လဲဆိုတော့ ” မင်းရဲ့အပြုံးကိုမြင်ရဖို့အတွက် ဘာမဆိုကိုယ်လုပ်ပေးချင်တယ်။ I can’t keep a straight face with you ” လို့ ဆိုလာပါတယ်။...

အသက် (၇၀) ဝန်းကျင် စစ်ဝတ်စုံဟောင်းလေးဝတ်ထားတဲ့ အဘိုးရဲ့ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်လေး

ဒီနေ့နေ့လည် အလုံက King လဘက်ရည်ဆိုင်မှာ နေ့လည်စာစားနေစဉ် စစ်ဝတ်စုံအဟောင်းလေးကိုဝတ်ထားတဲ့ အသက်[၇၀]ပတ်ဝန်းကျင် အဘတယောက် စာအုပ်လေးတွေကိုကိုင်ရင်း မဝံ့မရဲချည်းကပ်လာပါတယ်.သူနေမကောင်းဖြစ်နေလို့ဆေးခန်းပြစရာ ငွေလိုနေလို့ စာအုပ်လေးတွေလာရောင်းတာပါ ပထမတော့ လိမ်နေတာများလားထင်ပြီး ငြင်းလိုက်မိပါတယ် ကျွန်တော်တို့စားပွဲက စာအုပ်တအုပ်မှမဝယ်တော့ ထော့နဲ့ ထော့နဲ့နဲ့ နောက်တဝိုင်း၊ ပြီးတာ့နောက်တဝိုင်းကိုသွား ၊ခခယယပြောပြီး စာအုပ်လေးတွေရောင်းနေတာတွေ့ရတော့ “သူတကယ်ဒုက္ခရောက်နေတာပါလား”လို့တွေးမိပြီး တော်တော်သနားသွားတာနဲ့ အဲဒီအဘကိုလှမ်းခေါ်ပြီး ငါးထောင်တန်တရွက်ထုတ်ပေးပြီး “အဘဆီက စာအုပ်ဝယ်မယ်နော်”ဆိုပြီး အပေါ်ဆုံးက ဘုရားစာအုပ် ခပ်ပါးပါးလေးကိုပဲရွေးပါတယ်”အဘကိုကန်တော့တယ်လို့မှတ်ပါအဘ ဒီစာအုပ်လေးကိုပဲ ဝယ်မယ် ပိုတာပြန်မအမ်းနဲ့ “လို့ဆိုတော့အဘက”ဒီစာအုပ်က ဈေးပေါပါတယ် ဟောဒီစာအုပ်ယူပါ ကောင်းလဲကောင်းတယ်” ဆိုပြီးအောက်ဆုံးက ဆရာသန်းဝင်းလှိုင်ရဲ့ “ရာဇဝင်ထဲက လရာသီ”စာအုပ်ကို လှမ်းပေးပါတယ်..အဘကျန်းမာရေးအတွက် ဆေးခန်းပြချင်ရင် ဇီဝိတဒါနဆေးရုံက လူOPDကိုလာပြနိုင်ကြောင်း၊ ငွေကုန်ကြေးကျနည်းနည်းလေးနဲ့ ဆရာဝန်တွေကဇီဝိတဒါနကြည့်ပေးနေကြောင်း ဆေးစစ်တာတွေလုပ်ပေးနေကြောင်း ကျွန်တော့ဆီလာတွေ့ရင် လိုက်ကူညီပေးမယ်ဆိုတဲ့ အကြောင်း”ပြောပြခဲ့ပါတယ် ကျွန်တော်တို့ကို ဆုတွေပေးပြီး တခြားစားပွဲတွေဆီ ကျန်တဲ့စာအုပ်လေးတွေရောင်းဖို့ တရွေ့ရွေ့သွားနေတဲ့ စစ်သားအိုကြီးရဲ့ကျောပြင်ကို ငေးကြည့်ရင်း.....

error: Content is protected !!