Monthly Archive: December, 2018

ကျိုက်ထီးရိုးစေတီကို ဘုရားဖူးသိန်းချီလာရောက်၊ ခါးပိုက်နှိုက် အယောက် ၂၀ ဖမ်းမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူးတွေသိန်းချီလာရောက်နေကြပြီး ခါးပိုက်နှိုက် အယောက် ၂၀ ကိုလည်း ဖမ်းဆီးရ မိထားတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံက သိရပါတယ်။ဒီဇင်ဘာလအတွင်း ဘုရားဖူးဝင်ရောက်မှု အလွန်များပြားနေပြီး ဒီဇင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ ဘုရားဖူးတွေ ပြည့်ကြပ်နေတာတွေကြောင့် အဆင်းနဲ့အတက် တောင်တက်ကားတွေ တောင်ပတ်လမ်းမှာ လမ်းပိတ်ဆို့သွားခဲ့ကြပါတယ်။ ဒီကနေ့တော့ လမ်းမပိတ်အောင် အဆင်းလမ်းကို ဦးစားပေးဆောင်ရွက်ထားတယ်လို့ ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောပါတယ်။ “ဒီနေ့တော့အတက်အဆင်းတွေမျှအောင် လုပ်ထားတယ်။ မနက် ၅ နာရီ လောက်ကတည်းက အဆင်းသမားတွေကို ဦးစားပေးဆင်းလိုက်တော့ အဆင်းနဲ့ အတက် မျှသွားပြီ။ မနေ့ကဆိုရင် မနက် ၁၀ နာရီလောက်ကတည်းက လမ်းစပိတ်တယ်။ လမ်းပိတ်တော့ အပေါ်တက်မယ့်ကားတွေကို ကင်းမွန်းစခန်းမှာ တနာရီနီးပါးလောက် ရပ်ခိုင်းခဲ့ရတယ်။ အတက်သ မားနည်းမှ အဆင်းသမား အဆင်ပြေသွားတယ်။ လမ်းက...

ကျိုက်ထီးရိုးစေတီကို မနေ့က တစ်ရက်တည်း ဘုရားဖူးသုံးသိန်းကျော် လာရောက်ခဲ့ပြီးနောက် သုံးနာရီကျော်ကြာ တောင်တက်လမ်း ပိတ်ဆို့မှုဖြစ်ပွားခဲ့

အများပြည်သူရက်ရှည်ရုံးပိတ်ရက်လေးရက်အတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီသို့ ဘုရားဖူး များလာရောက်မှုသည် ယခင်နှစ် များထက် များပြားခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက် တစ်ရက်တည်း သုံး သိန်းကျော်ရှိခဲ့ကြောင်း ဂေါပက အဖွဲ့ဝင် ဦးထွန်းမြင့်က ပြော သည်။ ဘုရားဖူး များပြားသဖြင့် နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီ ခွဲခန့်အထိ သုံးနာရီခွဲခန့် ပိတ်ဆို့ ခဲ့ကြောင်း ဂေါပကအဖွဲ့နှင့် ဘုရားဖူးများက ပြောသည်။ ‘‘ဒီနှစ် ဘုရားဖူးတော်တော် များတယ်။ လမ်းပိတ်ဆို့မှုဖြစ်လို့ ညနေပိုင်းအထိလမ်းရှင်းပေးနေ ရတယ်။ ဘုရားဖူးယောင်ဆောင် တဲ့ ခါးပိုက်နှိုက်တွေလည်းများ တယ်။ အခုချိန်ထိ ၁၅ ယောက် လောက်မိထားတယ်။ ခါးပိုက် နှိုက်တွေက နယ်ခံတွေမဟုတ် ဘူး။ ရန်ကုန်ဘက်က၊ တခြားနေ ရာကလာတယ်။ လူတွေအရမ်း များတော့ တည်းခိုရေးကိစ္စ...

ကျိုက်ထီးရိုးဘုရား နောက်ဆုံးရသတင်း

ကျိုက်ထီးရိုးဘုရားမှာ ဘုရားဖူးတွေများလွန်းတာကြောင့် တောင်ဆင်းတောင်တက် လမ်းတစ်လျှောက် လူကြောပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။ နောက်ဆုံးရသတင်းတွေကို စုစည်း တင်ပြပေးပါ့မယ် ဆံတော်ရှင် ကျိုက်ထီးရီုး စေတီတော် ရှိရာ တောင်တက်ကားဂိတ်၊ Cable Car ရောက်ရာ တောင်ထိပ်နေရာမှမြင်ကွင်း။ဘယ်လိုမှ ရှေ့ဆက်တိုးမရ၊ နောက်ဆုတ်မရ အခြေအနေဖြစ်လို့ ထမင်းဆိုင်ထဲ ဝင်ပြီး ရပ်ကြည့်နေရတော့တယ်။လူတွေများ တစ်ယောက်ပြီးတစ်ယောက်ထပ်နေပါတယ်။ တစ်လှမ်းလျှောက် သုံးမိနစ်ရပ်၊ လူကြောပိတ်ဆို့မှုဖြစ်နေပါတယ်။ ကင်ပွန်းစခန်း ကားရပ်နားရန်နေရာမရှိပါ။ကင်ပွန်စခန်း မုဒ်ဦးသို့ မရောက်ခင်ကပင် ကားလမ်းပိတ်ကာ မုဒ်ဦးသို့ရောက်ရန် ၄၅မိနစ်ခန်ကြာမြင့် တစ်လှိမ့်ချင်းလှိမ့်ကာ မောင်းရပါတယ်။ဒီတစ်သက်မှ ပထမဆုံး မြင်တွေ့ဘူးတဲ့ မြင်ကွင်းပါ။Tin Tun Oo ကျိုက်ထီးရိုး အဆင်းလမ်းပိတ်ဆို့မှု သုံးနာရီကျော်ကြာမြင့်လာ(ရုပ်သံ)ကျိုက်ထီးရိုးရင်ပြင်တော်မှပြန်အဆင်းလမ်းမပေါ်ရှိ ရွှေနန်းကျင်နတ်နန်းမှဟုန်းနတ်ဘိုးဘိုးကြီးနတ်နန်းအထိ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီးဘုရားဖူးများ သုံးနာရီကြာ (ယခုအချိန်)ထိ ပိတ်မိနေကြသည်။ တောင်တက်ကားအဆင်းဂိတ်အထိသွားရာလမ်းတလျှောက် ပိတ်မိနေခြင်းဖြစ်ပြီး ဘုရားရင်ပြင်ခြင်္သေ့နှစ်ကောင်မုခ်ဦးအထိ ကားအချို့ဝင်ရောက်လာသဖြင့်လမ်းပိတ်ဆို့သွားခြင်းဖြစ်သည်။ လမ်းအကျယ်ပေ ၃၀ခန့်သာရှိသော လမ်းမပေါ်သို့ဘုရားဖူးများ များပြားစွာလာရောက်ချိန်တွင် တောင်တက်ကားဂိတ်တွင်ကားအချို့ကမရပ်ဘဲ ရင်ပြင်ပေါ်မုခ်ဝအထိမောင်းနှင်လာခြင်းကြောင့်ဘုရားဖူးများ...

ထီပေါက်ခဲ့ရင် ဘယ်လိုထုတ်ရမလည်းဆိုတာ ရှဲလေး လုပ်ပေးချင်ပါတယ်

ရုံးချုပ်ရောက်ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့ အန်တီ(သို့)ဦးလေးကို ထီသွားထုတ်မလို့ ပြောပြီး နာမည်ရယ် မှတ်ပုံတင်ရယ်ရေး လက်မှတ်ထိုးရပါမယ် ပြီးရင် ၃လွှာကို ဓါတ်လှေကား (သို့) ရိုးရိုးလှေကားက တတ်သွားပါ ဝင်ဝင်ချင်း ဓါတ်လှေကားဘယ်ဘက်ခြမ်းမှာ ထီဆုငွေများထုတ်ယူရန်ဆိုပြီး ရေးထားတယ် အာ့မှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးပါတယ်။ အာ့ ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် ပြီးရင် လက်ဗွေနားမှာ လက်မှတ်ထိုးပေးရမယ် အိမ်ထောင်စုစာရင်းမိတ္တူ မှတ်ပုံတင်မိတ္တူတွေကို ပေးရပါမယ် ပြီးရင် သူတို့တွေက ဖောင်ဖြည့်ဖို့အတွက် ဖောင် ပေးလိမ့်မယ်ဆုသေးတွေဆိုရင်တော့ တရက်နဲ့ ပြီးပါတယ် ဆုငွေကြီးရင်တော့ ရက်ချိန်းတရက်ပြန်ချိန်းပါတယ် ချက်လက်မှတ်ရဖို့အတွက် ဖောင်ထဲက နေရပ်လိပ်စာကို အိမ်ထောင်စုစာရင်းထဲမှာပါတဲ့အတိုင်းထည့်ပေးရမှာနော် ဖောင်ဖြည့်ပြီးရင် ခဏထိုင်စောင့်ရပါတယ် နာမည်ခေါ်တာနဲ့ ဖောင်ထဲမှာ လက်ဗွေထပ်နှိပ်ရပါတယ် တံဆိပ်ခေါင်းဖိုး ၅၀၀ ပေးရပါတယ် ပြီးရင် ဘေးနားက အခန်းကို ဝင်သွားပါ အာ့မှာ...

ပန်းသည်အဘွားရဲ့ Surprise လုပ်တာကိုခံလိုက်ရတဲ့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ (ရုပ်/သံ)

ပရဟိတမင်းသမီးအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကိုခံထားရတဲ့ မင်းသမီးလေး ခိုင်နှင်းဝေဟာ သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေ၊ အရွယ်မရောက်သေးခင် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ချို့တဲ့နေကြတဲ့ မိသားစုဘဝလေးတွေကို တစ်ဖက်တစ်လမ်းကနေပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေသူပါ။ ပရဟိတဆိုတာ လူတိုင်းမလုပ်နိုင်တဲ့အရာဖြစ်ပေမယ့် သူမကတော့ပရိသတ်ကြီးတွေ သာဓုခေါ်ဆိုနိုင်ဖို့ အမြဲတစေ ပရဟိတအလုပ်လေးတွေနဲ့ ပျော်မွေ့နေသူဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက်က သူကိုယ်တိုင် Surprise လုပ်ပြီး ကူညီခဲ့ပေမယ့် သူကို့ Surprise ပြန်လုပ်ခဲ့တဲ့ အဘွားအိုတစ်ဦးနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဆိုင်ရှေ့ဖြတ်သွားတဲ့အဘွားအိုတစ်ဦးဆီက ပန်းတွေ ဝယ်ခဲ့တဲ့ ခိုင်နှင်းဝေတစ်ယောက် သူမ မျက်နှာကို Mask သေချာအုပ်ထားပေမယ့် သူမရဲ့ အသံလေးကိုနားထောင်ပြီး နာမည်ကို တပ်အပ်ပြောနိုင်လို့ ပီတိတွေဖြစ်နေခဲ့ရတာပါ။ “မလိုအပ်လည်း အားပေးလိုက်ပါ 🙏🙏🙏ကျွန်မက Surprise လုပ်ပြီး ကျွန်မ Surprise ဖြစ်သွားတဲ့အခိုက်အတန့်လေးတစ်ခု 😍😍 ကျွန်မ မုန့်စားနေတဲ့ဆိုင်ရှေ့က ဖြတ်သွားတဲ့ ပန်းသယ်အဘွားကိုခေါ်ပြီး...

တောင်းဆိုတာ မလိုက်လျောလို့ အစာငတ်ခံဆန္ဒပြနေတဲ့လားရှိုး နည်းပညာတက္ကသိုလ်ကျောင်း သားများသမဂ္ဂ (ရပကသ)မှ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်

ပညာ ရေးဝန်ကြီးဌာနကို တောင်းဆို ထားတဲ့အချက်  ခုနစ်ချက်ကို မလိုက်လျောတာကြောင့် လားရှိုး နည်းပညာတက္ကသိုလ်ကျောင်း သားများသမဂ္ဂ (ရပကသ)မှ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်က အစာ ငတ်ခံဆန္ဒပြခဲ့တယ်လို့ သိရပါ တယ်။ ‘သူတို့တောင်းဆိုထားတဲ့အနိုင်ချက်က ခုနစ်ချက်ပေါ့နော်၊ ပညာ ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် ကို ဖောက်ဖျက်ပြီး ကျောင်းသား များကို ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုကို ဖြေရှင်းပေးဖို့ဆိုပြီး သူတို့ တစ်ချက်တောင်းထားတာရှိတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ ညွှန် ချုပ်ကနေလဲ ဖြေရှင်းပေးမယ်လို့လဲ ပြောလိုက်ပြီးပြီ၊ နောက် ကျောင်းပြောင်းကိစ္စတွေနဲ့ပတ် သက်ပြီးတော့လဲ ကျွန်မတို့ကဒီနေ့ဆိုရင် ညွှန်ကြားချက်ထုတ် လိုက်ပါပြီ၊ ကျောင်းတွေကိုလဲ ရောက်ရှိသွားပါပြီ’လို့ ညွှန်ကြား ရေးမှူး (ပညာ)ဒေါက်တာငြိမ်းငြိမ်းမြတ်က ပြောကြားခဲ့ပါတယ်။ ဒေါက်တာ ငြိမ်းငြိမ်းမြတ်က ဆက်ပြီး ‘နောက်တစ်ခုကတော့ သူတို့ရဲ့ကျောင်းသားသမဂ္ဂရုံးခန်း သော့ကို ချိုးဖျက်ခံရပြီးတော့ သမဂ္ဂအလံတော် ဖြုတ်ချဖျောက် ဖျက်ခြင်းကို ဖြေရှင်းပေးရန်ဆိုတဲ့ ကိစ္စတွေကတော့ ကျွန်မတို့မျက်...

ဓာတ်တိုင်ဝင်တိုက်သည့်ယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ကွန်ဟိန်းမြို့နယ်မှာ လမ်းဘေးဓာတ်တိုင် ဝင်တိုက်တဲ့ ယာဉ်တစီးကို စစ်ဆေးရာမှာ ကျပ်သိန်းပေါင်း ၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့ အမှတ် ၁ ရပ်ကွက် တံတားအနီး လမ်းဟောင်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တဲ့ ခြောက်ဘီးယာဉ်ကို စစ်ဆးရာကနေ ကျပ်သိန်း ၁၀၃၈၅၈ ဒသမ ၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၅၁၉ ဒသမ ၂၉၄ ကီလိုနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။   ဓာတ်တိုင်ဝင်တိုက်တဲ့ယာဉ်ကို ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးရာမှာ ယာဉ်ပိုင်ရှင် ဒေါ်ပါစံကို တွေ့ရပြီး ယာဉ်ပေါ် ပြောင်းဆန်အိတ် ၂၃ အိတ်အတွင်းက သိုဝှက်သယ်လာတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တာလည်း ဖြစ်ပါတယ်။ ယာဉ်ပိုင်ရှင် ဒေါ်ပါစံနဲ့...

သူမ ဖက်ရှင်က ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာမဟုတ်ဘူးလို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ ဖေ့ဘုတ်သုံးစွဲသူတွေကြားမှာအမြဲလိုလို ဂယက်ထစေခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် သူမရဲ့ ပွဲတက်ဖက်ရှင်တွေဟာ ဆက်စီဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့် ဝေဖန်သူပရိသတ်တွေများပြားခဲ့တာဖြစ်ပါတယ်။ အောင်သီရိစိန်တိုက်ဖွင့်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ သူမဖက်ရှင်ပေါ်မှာလည်း ဝေဖန်မှုတွေရှိပြီးတဲ့နောက် သူမက ဒီနှစ်ကုန်အထိ ပွဲတွေလက်ခံထားတာဖြစ်တဲ့အတွက်ကြောင့် အနည်းငယ်လွန်သွားရင် တောင်းပန်ပါတယ်လို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။ ဒီလိုမေတ္တာရပ်ခံခဲ့တဲ့နေရာမှာလည်း သူမအနေနဲ့ အရမ်းကြီး ခပ်ဟော့ဟော့ ဝတ်ဆင်တော့မှာမဟုတ်ဘဲနဲ့ လုံးဝမဝတ်တော့ဘူးလို့ ပြောဆိုတာ မဟုတ်ဘူးလို့ ဆိုပါသေးတယ်။ သူမအနေနဲ့ ပွဲတက်ဝတ်စားမှုတွေကိုတော့ ဝတ်ဆင်နေဦးမှာဖြစ်တယ်လို့ သိရပါတယ်။ “အရမ်းကြီးမဝတ်တော့ဘူးလို့ သင်ဇာပြောတာပါ။ လုံးဝမဝတ်တော့ဘူးလို့ သင်ဇာပြောတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပွဲနဲ့လိုက်တဲ့ဟာလေးတွေကတော့ ဝတ်နေရဦးမှာပဲလေ။ ဒါက ကိုယ့်အလုပ်ဆိုတော့လဲ။ သင်ဇာက ဆက်စီဘက်သွားတာမျိုးကြိုက်တာဆိုတော့ မှာတော့မယ်ဆို ကြည့်လိုက်တယ်။ ကိုယ်ဝတ်လို့အဆင်ပြေနိုင်မလား အဆင်ပြေတယ်ဆို မှာတယ် ဝတ်တယ်ပေါ့နော်။ အဓိကကတော့ Online Shopping ကဝယ်ဖြစ်တာများတယ်။ ပွဲအကြီးဆိုရင်တော့ ဒီဇိုင်နာနဲ့ သေချာတိုင်ပင်ပြီး ချုပ်ဖြစ်တယ်။” သင်ဇာဝင့်ကျော်ကတော့ Balance...

ဒီကနေ့ Diamond KTV ဖွင့်ပွဲကို အမိုက်စားဖက်ရှင်တစ်မျိုးနဲ့ တက်ရောက်လာခဲ့ပြန်တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ လတ်​တ​လောမှာ​တော့ သူမက​ အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုရယ်​ သူငယ်​ချင်း​တွေရယ်​နဲ့အတူ ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကိုလဲ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီး ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးနေလျက်ရှိပါတယ်။ အမြဲလိုလိုဖက်​ရှင်​ကျ​နေတဲ့ သင်​ဇာက​တော့ ပွဲ​အခမ်းအနားတွေမှာလည်း စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဖက်​ရှင်​​တွေနဲ့ တက်​​ရောက်​​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ ပါးစပ်​ဖျားမှာ နာမည်​ကြီး​နေသူ​လေးပဲ ဖြစ်​ပါတယ်​။ ဒီကနေ့၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်၊ ဦးဝိစာရလမ်းမှာ ဖွင့်လှစ်လိုက်တဲ့ “Diamond KTV” ဖွင့်ပွဲကို သင်ဇာဝင့်ကျော်ကအမိုက်စားဖက်ရှင်နဲ့တက်ရောက်လာခဲ့ပြန်ပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ပွဲတက်ဖက်ရှင် ဟာ အရမ်းကို Sexy ကျတာကြောင့်ပရိသတ်တွေကြားလူပြောများနေပါတယ်။ Diamond...

အခေါင်း မီးရှို့ဆန္ဒပြသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်

မန္တလေး – မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် လုံခြုံမှုကင်းမဲ့နေသည့်အတွက်ဟုဆိုကာ လုံခြုံရေးတိုးမြှင့်ချထားပေးရန် တောင်းဆိုသည့်အနေဖြင့် ခေါင်းအတုကို မီးရှို့ပြီး ဆန္ဒပြသည့် တက္ကသိုလ်ကျောင်းသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။ စာသင်ခန်းများထဲတွင် ဖုန်းပျောက်ခြင်း၊ တက္ကသိုလ်ဝင်းထဲ ရပ်နားထားသည့် ဆိုင်ကယ်များ အခိုးခံရခြင်း အစရှိသည့် ရာဇဝတ်မှုများ ဖြစ်ပျက်နေသည့်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားပေးရန် တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုရဲမျိုးဆွေ၊ ကိုကျော်သီဟရဲကျော်နှင့် ကိုရဲမင်းထွန်းတို့ သုံးဦးက မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေတို့၏ ဓာတ်ပုံများကို ကပ်ထားသည့် စက္ကူချပ် အသုဘခေါင်း အတုကို တက္ကသိုလ်ရှေ့တွင် မီးရှို့ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ မွန်းလွဲ ၁ နာရီတွင် ခေါင်းကို စတင်မီးရှို့ပြီး မိနစ်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါးက ဆန္ဒပြသူကျောင်းသားများအား ဖမ်းဆီးခဲ့သည်။...

error: Content is protected !!