Category: သတင်း

စတုဒီတာ အလှူထမင်းစားကြရာမှ လူဦးရေ(၁၂၀)ခန့် အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကြပ္ပါယ်ကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာတွင် လူဦးရေ(၁၂၀)ခန့် စတုဒီတာ အလှူသွား စားမိရာမှ အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့ကြောင်း သိရသည်။ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က ရွှေတွင်းတူးရွာမှ စတုဒီတာအလှူတစ်ခုတွင် ပဲဟင်းနှင့် ညောင်ရွက်သုပ်ရောစွက်စားမိရာက ညနေပိုင်း၌ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။ “ရွှေတွင်းတူးရွာမှာ မဟာသင်္ကြန်ကာလ မနက်တစ်ယောက် ညနေတစ်ယောက် အလှူရှင်တွေနဲ့ ဒါနပြုကြတယ်၊ အဲဒီလို ဒါနပြု ကြရာက တောထဲမှာ ညောင်ရွက်ရှိတယ်၊ ညောင်ရွက်ကို သုပ်ပြီးပွဲတည်ပေးတော့ စားကြတယ်ပေါ့ဗျာ၊ အဲဒါကနေ ပဲဟင်းရယ်၊ညောင်ရွက်သုပ်ရယ် စားကြတာပေါ့၊ ညောင်ရွက်သုပ်က နဂိုလ်ကတည်းက ဝမ်းပျက်တတ်တဲ့ အလေ့ရှိတယ်။ အတော်လေးတော့ ဆိုးဆိုးဝါးဝါး ဝမ်းပျက်ဝမ်းလျှောမှူဖြစ်ပွားခဲ့တာပါ” ဟု ဒေသခံ ဦးမြတ်စိုးက ပြောသည်။အခင်းဖြစ်ပွားရာ ကျေးရွာသို့ သရက်တောတိုက်နယ်ဆေးရုံမှ ဒေါက်တာဒေစုယဉ်နွယ်နှင့် သူနာပြုဆရာမများ အချိန်မီရောက် ရှိ ခဲ့သည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေသို့ မရောက်ရှိခဲ့ကြောင်း သိရသည်။...

ရေခဲတောင်မှအဆင်း ဘေးချောက်ကမ်းပါးထဲပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မိန်းကလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ လွင်မိုး

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးကတော့ ဇနီးချောလေးရယ်၊ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေး နှစ်ယောက်ရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ လက်ရှိမှာတော့ သမီးကြီး ယွန်းဝတီလွင်မိုးက လွင်မိုးအတွက် မြေးဦးလေး Liam ကို မွေးဖွားပေးထားတာကြောင့် ဖိုးဖိုးကြီး လွင်မိုးတစ်ယောက် မြေးလေးကို သဲသဲလှုပ် အချစ်ပိုနေရပြီး မအားမလပ်ဖြစ်နေရပါတယ်။ လတ်တလောမှာ ရေခဲတောင်မှာ မတော်တဆ ခြေချော်ကျပြီး အသက်ဆုံးပါးသွားရတဲ့ မိန်းကလေးအတွက် ပြည်သူတစ်ရပ်လုံးက စိတ်မကောင်းကြီးစွာဖြစ်နေရသလို မင်းသားကြီးလွင်မိုးကလဲ ထိုမိန်းကလေးအတွက် စိတ်မကောင်းဖြစ်နေရကြောင်းကို သူ့ရဲ့အတွေ့အကြုံနဲ့ ယှဉ်ပြီး အခုလိုပဲ ပြောပြထားပါတယ်။ “ရေခဲတောင်….တောင်တက်ခရီးတွေဟာ လွယ်ကူတဲ့အရာတွေတော့မဟုတ်ပါ..မလွယ်ကူတဲ့ရေခဲတောင်တက်ခရီးတွေထဲမှာမှ ဖုန်ကန်တောင်ဟာ အလွယ်ကူဆုံးနဲ့ အတွေ့အကြုံ ဗဟုသုတ သင်ယူစရာအကောင်းဆုံး..ရေခဲတောင်တက်လူငယ်တွေအတွက်ကြိုးစားဖို့အခွင့်အရေးအကောင်းဆုံးတောင်ပဲဖြစ်ပါတယ်။” “သင်ယူစရာတွေ..လေ့လာစရာတွေထဲက ဆရာသမားတွေပြောတဲ့ စကားတခွန်းပြန်လည်ဝေမျှလိုက်ပါတယ်။ “.တောင်တက်သမားတွေရဲ့ အောင်မြင်မှုတွေထဲမှာ ချောချောမောမောနဲ့ အိမ်ပြန်ရောက်ဖို့လည်းပါတယ်တဲ့”…ရေခဲတောင် မတော်တဆအတွင်းအသက်ဆုံးရှုံးခဲ့ရသူများအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်…….လွင်မိုး” ဆိုပြီး စိတ်မကောင်းဖြစ်နေရကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။...

သမ္မတ လွတ်ငြိမ်းဖြင့် လွတ်လာသူ နာရီပိုင်းအတွင်း ပြန်အဖမ်းခံရ

ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နှစ်ဆန်း ၁ ရက်နေ့က လွတ်မြောက်လာသူ တဦးအား နာရီပိုင်း အတွင်းမှာပင် ခိုးမှုဖြင့် မသင်္ကာ၍ ရဲက ဖမ်းဆီးလိုက်ကြောင်း ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်း စခန်းမှူး ချစ်ကြည် ထံမှသိရသည်။စခန်းမှူး ချစ်ကြည်က “သူ့ကိုအကြမ်းဖျင်း မေးတာတော့ သူလွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်လာတယ်။ ပဲခူးသူငယ်ချင်း ဆီလာရင်းနဲ့ ဆိုင်ကယ် တစီးကိုတွေ့လို့ တွန်းရင်းနဲ့ ရဲတွေနဲ့တွေ့လို့ ဖမ်းခံရတယ်။ လောလောဆယ်တော့ ဒါပဲသိသေးတယ်” ဟု ဧရာဝတီကိုပြောသည်။ ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နယ်မြေ (၈) ကျောင်းလမ်းတွင် ဧပြီလ ၁၇ ရက်နေ့ည ၁၀ နာရီကျော်ခန့်က အောင်ကျော်နိုင် (ခ) ကျော်လေးဆိုသူမှာ သော့အုံဖြုတ်ထားသည့် ထိုင်းနိုင်ငံထုတ် Honda Wave 125 ဆိုင်ကယ်တစီး တွန်းလာသည်ကို မသင်္ကာ၍ ခေါ်ယူစစ်ဆေးရာ...

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်သက်တကျွန်းကျခံနေရသူ မုံးကိုးကာကွယ်ရေးတပ်မှ အတွင်းရေးမှူး ဦးမရမ်ဂမ်လွတ်မြောက်

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေး ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသည့် မုံးကိုးဒေသ ကာကွယ်ရေးတပ်မှ အတွင်းရေးမှူး ဦးမရမ်ဂမ်သည် ဧပြီ ၁၇ ရက်၊မွန်းလွဲပိုင်းက လွတ်မြောက်လာခဲ့သည်။ ဦးမရမ်ဂမ်သည် ၂၀၀၀ခုနှစ်က မူးယစ်ဆေးဝါးမှုဖြင့် စွပ်စွဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထောင်အတွင်းတွင် ၁၉ နှစ် ကျော်နေထိုင်ခဲ့ရအပြီး ယခုလို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဦးမရမ်ဂမ်က ဆိုသည်။ ထောင်မှ လွတ်မြောက်အပြီး ဦးမရမ်ဂမ်က”ထောင်ထဲမှာ ၁၉ နှစ်နေခဲ့ရတယ်။ အကြောင်းအမျိုးမျိုးနဲ့စွပ်စွဲချက်ကြောင့်ရောက်လာတာပေါ့။ မူးယစ်ဆေးဝါးလုပ်ပါတယ်ဆိုတဲ့အနေနဲ့ ရောက်လာတာပဲ။ အခုလို လွတ်လာတာ ဝမ်းသာပါတယ်။”ဟုပြောသည်။ ထောင်အတွင်း နှစ်ရှည်နေထိုင်လာခဲ့ရခြင်းကြောင့် ပြင်ပနိုင်ငံရေးကို စာတွေသာဖတ်ပြီးသိနေရပေမယ့် သေသေချာချာ ဘာမှမသိသေးကြောင်းနှင့်သူ့အနေဖြင့်လည်း လက်ရှိတွင် ဘာဆက်လုပ်ရမည်ကို မသိသေးကြောင်း ဦးမရမ်ဂမ်က ဆိုသည်။ မန္တလေးဗဟို အကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၄၃၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီး ထက်ဝက်ခန့်မှာ မူးယစ်မှုဖြင့် ကျခံနေရသူများ...

သင်္ကြန်ယိမ်းအကမယ် ၂ ဦးအား ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသူကို ဖမ်းမိ

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ လူသတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံလို့ ယူဆရသူကို ဧပြီ ၁၇ ရက်နေ့ ညနေ ၆ နာရီက ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းကသိရပါတယ်။ ဧပြီ ၁၂ ရက်ညနေ့က သက်ပိုင်ဦးဆိုသူဟာ စိမ်းမြောက်ဓမ္မာရုံမှာ သင်္ကြန်ယိမ်းအကတိုက်ဖို့ လာကြတဲ့ မေမီနှင်းနဲ့ စကားများပြီး ဓားနဲ့ထိုးခဲ့ကြောင်း၊ ဝင်ရောက်ဖျန်ဖြေသူ မော်မော်အေးကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ၀င်ရောက်ဖြန်ဖြေသူ မော်မော်အေး သေဆုံးခဲ့ပြီး ထွက်ပြေးသွားတဲ့ သက်ပိုင်ဦးကို မော်ဟန်-နမ္မချီ ကျောက်စိမ်းမှော်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ လူသတ်မှုနဲ့ပတ်သက်ပြီး ဒေသခံအမျိုးသမီးတချို့က အမှန်အတိုင်းဖြစ်စေချင်ကြောင်း၊ ကျူးလွန်သူကို သေစားသေစေ အမိန့်ချပေးစေချင်တယ်လို့ ဆိုပါတယ်။ တရားခံလို့ ယူဆရသူ သက်ပိုင်ဦးကို မိုးညှင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။  Credit-ဒီဗွီဘီ

တရုတ်နိုင်ငံတွင် ခရီးသည်အမျိုးသမီးက လေယာဉ်ခရီးစဉ် ဘေးကင်းစေရန်အတွက် ဆုတောင်းပြီး အင်ဂျင်ထဲသို့ အကြွေစေ့ (၆)စေ့ ပစ်ထည့်

တရုတ်နိုင်ငံတွင် လေယာဉ်ခရီးစဉ်ဘေးကင်းစေရန်ဆုတောင်းသည့်အနေဖြင့် အင်ဂျင်ထဲသို့ အကြွေစေ့ (၆)စေ့ ပစ်ထည့်ခဲ့သည့် အသက် (၆၆)နှစ်အရွယ် အမျိုးသမီးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။အဆိုပါ အမျိုးသမီးသည် မွန်ဂိုလီးယားရှိ Hohhot Baita အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တီရန်ကျင်းလေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါမည့်သူဖြစ်ပြီး ကံကောင်းစေရန်ဆုတောင်းပြီး အင်ဂျင်အတွင်း အကြွေစေ့များ ပစ်ထည့်လိုက်ကြောင်း ဝန်ခံသဖြင့် လေယာဉ်ပေါ်မှ ဖယ်ရှားခဲ့ကြောင်း သိရသည်။ လေယာဉ်ပေါ်မှ ခရီးသည် (၁၀၀)ကို အခြားလေယာဉ်ဖြင့် အစားထိုးပျံသန်းပြေးဆွဲပေးခဲ့ရပြီး လေယာဉ်ခရီးစဉ်မှာ (၂)နာရီခန့် ကြန့်ကြာခဲ့ရကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးကို လက်ရှိတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး လေကြောင်းလိုင်းက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူဖြစ်ရပ်များကို တရုတ်နိုင်ငံအတွင်း လေကြောင်းလိုင်းများတွင် မကြာခဏကြုံတွေ့နေရပြီး လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အကြာက ဟွမ်ဘေးပြည်နယ်လေဆိပ်တွင် အသက် (၃၁)နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးက ယောက္ခမမှာလိုက်သည့်အတိုင်း လေယာဉ်အင်ဂျင်အတွင်း အကြွေစေ့ပစ်ထည့် ဆုတောင်းခဲ့သဖြင့် ဖမ်းဆီးခဲ့ရပြီး လွန်ခဲ့သည့်...

အိုင်ဗရီကို့စ်က မြန်မာဆန် တန်ချိန်ပေါင်း ၁၈၀၀၀ ကို စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီး

အနောက်အာဖရိကမှ အိုင်ဗရီကို့စ်နိုင်ငံရှိ ကျန်းမာရေး တာဝန်ရှိသူများသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန်၁၈၀၀၀ အား စားသုံးရန်မသင့်ဟု သတ်မှတ်ကြေညာခဲ့ပြီး ဖျက်ဆီးခဲ့‌ကြောင်း BBC Africa Live စာမျက်နှာက ဖော်ပြခဲ့သည်ဟု africanews.com က ဖော်ပြခဲ့သည်။မြန်မာနိုင်ငံမှ ဟုဆိုသော ယင်းဆန်များအား တာဝန်ရှိသူများက ကုန်တင်ကားတစ်စီးနှင့် တင်ဆောင်ပြီး စွန့်ပစ်ပစ္စည်း စုပုံသည့်နေရာတွင် ဖျက်ဆီးခဲ့ကြောင်း ဓာတ်ပုံများက ဖော်ပြခဲ့သည်ဟု ထိုသတင်းက ရေးသားခဲ့သည်။ ထိုဆန်အိတ်များကို အနောက်အာဖရိကရှိ နိုင်ငံများက တင်ချခွင့် မပေးခဲ့ကြောင်းလည်း ယင်းသတင်းက ဖော်ပြခဲ့သည်။ဂါနာ၊ ဂီနီအာနှင့်တိုဂိုနိုင်ငံတို့က ထိုဆန်များအား အရည်အသွေးနှင့် ပတ်သက်ပြီး လက်မခံနိုင်ဟုဆိုကာ ပယ်ချခဲ့ကြောင်း ထိုသတင်းတွင် ပါရှိခဲ့သည်။နောက်ဆုံးတွင် ထိုဆန်အိတ်များသည် အိုင်ဗရီကို့စ်မြို့တော် အာဘစ်ဂျန်ဆိပ်ကမ်းတွင် တင်ချခွင့်ရခဲ့ပြီးနောက် အရည်အသွေး ထိန်းချုပ်စစ်ဆေးချက်များအရ လူများစားသုံးရန် မသင့်ဟု တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဖော်ပြခဲ့သည်။ အာရှတိုက်မှလာသော Ocaen Princess သ‌င်္ဘောက...

လမ်းလျှောက်သင်္ကြန် ပုသိမ်ထီး ဖြုတ်ယူသူ ၂ ဦးကို ခိုးမှုဖြင့် အမှုဖွင့်ထား

ရန်ကုန်မြို့ အင်းယားကန်ဘောင် လမ်းလျှောက်သြင်္ကန်တွင် အလှဆင်ထားသည့် ပုသိမ်ထိမ်ထီးများ ဖြုတ်ယူသူ နှစ်ဦး အား ကမာရွတ်ရဲစခန်းတွင် ခိုးမှုဖြင့် အမှုဖွင့်ထားကြောင်း အင်းယားကန်ဘောင်ပန်းခြံ ဦးစီးမှူး ဦးဇော်ဝင်းထွန်း က ပြောသည်။၎င်းတို့နှစ်ဦးသည် သြင်္ကန်အကျနေ့ နံနက် ၂ နာရီခန့်တွင် ထီးများဖြုတ်ယူနေသည်ကို CCTV ကင်မရာတွင် တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးထပ်မံဖြုတ်ယူသူများအား အမှုဖွင့်ထားခြင်းတော့ မရှိသေးကြောင်း ကမာရွတ်မြို့မရဲစခန်းမှ တာဝန်ရှိတဦးကလည်း အတည်ပြုပြောဆိုသည်။ ဦးဇော်ဝင်းထွန်း က “ညဥ့်နက်ကြီး ဖြုတ်နေတာတွေ့လို့ ဖမ်းပြီးရဲစခန်းက အမှုဖွင့်လိုက်တာပါ၊ အကြတ်နေ့ ကြတော့ ဖြုတ်တဲ့ သူတွေကို အလှဆင်ပေးတဲ့ ကုမ္ပဏီဘက်ကလဲ အမှုမဖွင့်ချင်တဲ့အတွက် ခံဝန်ပဲထိုးစေခဲ့ပါတယ်၊ ဒီလိုဖြုတ်ယူမှုကတော့ ဘယ်လိုမှမကောင်းပါဘူး၊ မလုပ်သင့်တဲ့လုပ်ရပ်ပါ” ဟု ဧရာဝတီသို့ ပြောသည်။၎င်းထီးများအား မြတ်မေတ္တာမွန် (MMTM) ကုမ္ပဏီမှ အလှဆင်ခဲ့ခြင်းဖြစ်ပြီး အကြတ်နေ့တွင် လာရောက်ရေကစားသူ အချို့မှ ထီးများအား ဖြုတ်ယူနေသည့် ဓာတ်ပုံနှင့်...

ရေခဲတောင်ထိပ်မှာ မြန်မာအလံ စိုက်ထူအပြီး တောင်တက်အဖွဲ့သူတစ်ဦး အဆင်းလမ်းတွင် ခြေချော်ပြီးဘေးချောက်ကမ်းပါးထဲ ပြုတ်ကျ

The Summiter လို့ အမည်ပေးထားတဲ့ လူငယ်တောင်တက် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ထင်ပေါ် ကျော်ကြားတဲ့ ရေခဲတောင်တွေထဲက တခု ဖြစ်တဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်မှာ မြန်မာနိုင်ငံ အလံ စိုက်ထူ နိုင်ခဲ့ပါတယ်။အသက် ၂၀ ဝန်းကျင် လူငယ်အများ လိုက်ပါခဲ့တဲ့ ဒီတောင်တက် ခရီးစဉ်မှာ အဖွဲ့ဝင် ၂၁ ဦး ပါဝင်ပါတယ်။ အဲဒီအထဲက တယောက်က တောင်ထိပ်ရောက်ဖို့ ၂ရက်အလိုမှာ ကျန်းမာရေး အခက်အခဲကြောင့် စခန်းမှာ ထားခဲ့ရပြီး ကျန်တဲ့ အဖွဲ့ဝင် အယောက် ၂၀ နဲ့ ခရီးဆက် ခဲ့ကြတာ ဖြစ်ပါတယ်။ တောင်ထိပ် အထိရောက်ခဲ့တဲ့ အဖွဲ့ဝင်တွေထဲမှာ အမျိုးသား ၁၄ယောက်နဲ့ အမျိုးသမီး ၇ ယောက် ပါဝင်ပါတယ်။The Summiter တောင်တက် အဖွဲ့သားတွေဟာ ရန်ကုန်ကနေ ဧပြီလ ၃ ရက်နေ့က...

မန်းရွှေစက်တော်ဘုရား ခြေတော်ရာ ပိတ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် ခြေတော်ရာ ပိတ်ပွဲအခမ်းအနား ကို ယနေ့ တန်ခူးလဆန်း ၁၃ ရက် နှစ်ဆန်းတစ်ရက် ဧပြီလ(၁၇)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။အောက်စက်တော်ရာ ခြေတော်ရာအား သဘာဝဘေး ကင်းရှင်းစေရေးနှင့် ဘုရားဖူးမိဘပြည်သူ ဆယ့်နှစ်လရာသီ ဖူးမျှော်နိုင်စေ ရေး အတွက် အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် ဦးစွာစတင် ပိတ်ခဲ့ကြောင်း သိရသည်။ “ ဖန်အုပ်ဆောင်း ပိတ်လိုက်တဲ့အတွက် ရွှေချခွင့် မရှိတော့ပေမယ့် အလင်းပေါက် ဖန်အုပ်ဆောင်းအုပ်ထားတာကြောင့် ဘုရားဖူး ပြည်သူတွေ နွေ ၊မိုး ၊ဆောင်း အောက်ခြေတော်ရာအား ဖူးမျှော်နိုင်ပါတယ်” ဟု မန်းရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းကော်မ တီ ဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။ ဆက်လက်၍ အထက်စက်တော်ရာအား ပိတ်သိမ်းခဲပြီး ပွဲတော်ပြင်ပကာလမှာ ဘူရားဖူး မိဘပြည်သူများ အထက်ခြေတော်ရာ အား ဖူးမျှော်နိင်ရေး၊...

error: Content is protected !!