Category: Facebook

သမီးလေးရဲ့ အသက် (၁၃) နှစ်ပြည့်မွေးနေ့ကို မျိုးရိုးစဉ်ဆက်မှာကြားခဲ့တဲ့ စကား (၃) ခွန်းနဲ့ လက်ဆောင်ပေးခဲ့တဲ့ ဖခင်

သမီး ဖူးဖူး။ ဒီနေ့ဟာ သမီးအသက် (၁၃)နှစ် ပြည့်တဲ့နေ့လေးနော်။ Happy Birthday ပါ သမီးရယ်။သမီးကို ဖေဖေ မွေးနေ့ရောက်တိုင်း မွေးနေ့လက်ဆောင် စကားတွေ ရေးခဲ့တာလည်း ဒီနှစ်နဲ့ဆို သုံးနှစ် ပြည့်ခဲ့ပြီ သမီး။ ဒီနှစ်တော့ ဖေဖေတို့ မျိုးရိုးစဉ်ဆက် မှာကြားခဲ့တဲ့စကား သုံးခွန်းကို ဖေဖေက သမီးလေးကို ထပ်မှာပါရစေ။ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ပြင်ရွာမှာ မွေးတဲ့သမီးဖိုးဖိုးရဲ့ အမေဒေါ်ကြင်ငွေက သမီးရဲ့ဖိုးဖိုး ဦးယုံရှိန် တိုင်းပညာရေးမှူး ဖြစ်တော့ ဒီစကားသုံးခွန်းကို မှာခဲ့တယ်။ ဖိုးဖိုးဟာ ဒီစကားအတိုင်း တိတိကျကျလိုက်နာခဲ့တယ်။ နောက်တစ်ဖန် သမီးဖိုးဖိုးဦးယုံရှိန်က ဖေဖေ့ကို ဆရာဝန်ဖြစ်တော့ ဒီစကားသုံးခွန်းထပ်မှာပြန်တယ်။ ဖေဖေလည်း ခုထိ လိုက်နာကျင့်သုံးဆဲပဲ။ဒီနှစ်တော့ သမီးကို ဖေဖေက သမီးဘ၀ လမ်းညွှန်အဖြစ် ဒီစကားသုံးခွန်းကို လက်ဆောင်ပေးပါရစေ။ အဲဒါတွေကတော့ -(၁) သမီး ဘ၀တစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။...

အမြစ်လည်းတို အသက်လည်းတိုစေမယ့် ဈေးကွက်ထဲက ပဲပင်ပေါက်တွေရဲ့ အမြစ်တိုနေရတဲ့အကြောင်းအရင်း

” အမြစ်လည်းတို အသက်လည်းတို ” မိတ်ဆွေတစ်ယောက်က ပဲပင်ပေါက်လုပ်ငန်း လုပ်ဖို့အကြံတောင်းတဲ့အခါ လုပ်နည်းစနစ်လေးတွေ ပြောပြဖြစ်တယ်ပေါ့။ နောက်ရက်အနည်းငယ်ကြာတော့ သူကဖုန်းဆက်တယ် ” ကိုကြမ်းရေ ” ပဲပင်ပေါက်လုပ်တဲ့နည်းမှာ ဆေးသုံးကြတယ်ဗျ။ အဲ့ဒိဆေးသုံးရင် ပဲပင်ပေါက်အမြစ်တွေ မပါသလောက်ကို တိုတယ် အဲ့ဆေးအမည်သိလား”ကိုကြမ်း” ဟာ ငါသိတဲ့နည်းက ပေါက်လာတဲ့ အပင်တွေကို အမြစ်ကနေဓားနဲ့ဖြတ် ရောင်းတာပဲသိတာ အမြစ်တိုဆေးသုံးတာ မသိသလို အဲ့ဆေးအမည်လည်း မသိဘူးဟ စုံစမ်းကြည့်အုံးမယ်။ ငါပြန်ပြောမယ် ခဏတော့စောင့် ။ အဲ့ဒိအဖြေပေးပြီး မှတ်ဥာဏ်ထဲ သိမ်းဆည်းထားတဲ့ ပဲပင်ပေါက် လုပ်ငန်းလုပ်နေတဲ့ မိတ်ဆွေတွေကို လိုက်စုံစမ်းတော့ အဖြေက* ဟုတ်တယ်ဗျ ကိုလူကြမ်းရ အမြစ်တိုဆေး သုံးကြတယ်။ ဒါတင်မကဘူးဗျ အချို့တွေက ချွတ်ဆေးတွေပါ သုံးကြသေးတယ်။ ** ဟာ ခင်ဗျားဟာ နောက်ဆေးတစ်မျိုးတောင် တိုးလာပါလား သိသလောက်လေး ရှင်းပြပါအုံး။ ဘာဖြစ်လို့သုံးကြတာလည်း ?...

ဒေါက်တာမြဝတ်ရည် ဝက်အူလှည့်ဖြင့် အထိုးခံရ

ည ၁၀နာရီကျော်က မိတိဆွေတစ်ယောက် မုန့်ဟင်းခါး လာစားလ်ု့ ဖုန်းဆက်တော့ အလုပ်ကိစ္စ ပြောဖို့လည်း ရှိတော့ အာရောဂျံ မဂ္ဂဇင်းစာအုပ်ပေးဖို့ အောက်ဆင်းလာတော့ ကားလမ်းကူးဖို့ လုပ်နေတုန်း ကားတစ်စီးလာလို့ လမ်းဘေး ပြန်ရှောင်ပေးတာကို မှန်တွေ အကုန် ချထားတဲ့ ကားနောက်ခန်းကနေ တစ်ယောက်က ချွတ်ချွတ်ဆိုပြီး နှုတ်ခမ်း ဆူပြတယ် ကားကို တမင် ရပ်ပြီး ဘယ်သွားမလဲ ဘာလုပ်မှာလဲ ကားပေါ်တက်ဆိုပြီး ပြောတော့ Taxi ထင်ပြီး မိတ်ဆွေကားကို လက်ညိုးထိုးပြပြီး စကားနည်း ရန်စဲ ကားကို ပတ်ပြီး ဟိုဘက်ကားဆီ သွားပါမှ အိမ်စီးကား ဖြစ်ပြီး ကားပေါ်ပါ ၄ယောက်လုံး မူးနေတာ ကားပေါ်ကနေ ထပ်ပြောနေလို့ အရက်မူးနေရင်လည်း အေးဆေးနေပါ မကောင်းတဲ့ မိန်းမ မဟုတ်ဘူး အဲ့လို မပြောပါနဲ့ ပြောတာကို နောက်က ကောင်က စောက်ရူးမ...

ဇနီးသေဆုံးမှုကြောင့် သိန်းတစ်သောင်းခွဲလျော်ကြေးတောင်းသူကို ဆရာဝန်တစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်

မကြာသေးမီးက ရန်ကုန်မြို့ရှိ ဆာကူရာပုဂ္ဂလိက အထူးကုဆေးရုံတွင် ပြီးခဲ့သည့် ဧပြီလအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီးတော့ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူက ဆေးရုံအုပ်နဲ့ သားဖွားမီးယပ် ဆရာဝန်တို့ကို နစ်နာကြေးသိန်း ၁ သောင်းခွဲရလိုမှုနဲ့ တရားစွဲဆိုထားတာကို ပရိသတ်ကြီးတို့ သိရမှာပါ…. သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ ဦးသီဟကိုကိုက ယခင်က လျော်ကြေးတောင်းဖို့ ဆန္ဒမရှိပေမဲ့လည်း သူ့ရဲ့အမျိုးသမီး သေဆုံးသည့် အကြောင်းကို Facebook မှာ အများသူငါသိစေဖို့ ရေးသားခဲ့ကြောင်း၊ ဆေးရုံဘက်က တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိခဲ့ကြောင်း၊ အဲဒီနောက် တစ်လအကြာမှာ ရှေ့နေနဲ့ တိုင်ပင်ပြီး နို့တစ်စာ ပေးပို့ခဲ့ကြောင်း၊ ထိုသို့ ပေးပို့ရာတွင်လည်း ၎င်းကျေနပ်လောက်သည့် တောင်းပန်မှုမျိုး ဖြေရှင်းမှုမျိုး မရရှိတဲ့အတွက် တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်..ခုလို များပြားလှတဲ့ ပမာဏတစ်ခုဖြစ်တဲ့ သိန်း ၁ သောင်းခွဲလျော်ကြေးတောင်းတာကို ဆရာဝန်တစ်ဦးက ကြားကနေ ပြန်လည်တုန့်ပြန်လိုက်ပြီ...

အခုလက်ရှိ အခြေအနေအရ ဘဏ်တွေဟာ အကြွေးဆုံးလို့ ပြိုလဲစရာအကြောင်း မရှိပါဘူး

အခုလက်ရှိ အခြေအနေအရ ဘဏ်တွေဟာ အကြွေးဆုံးလို့ ပြိုလဲစရာအကြောင်း မရှိပါဘူး။ ကောလာဟလကို ယုံပြီး ငွေလာစုထားတဲ့ လူတွေ ဝိုင်းပြုံပြီး ငွေထုတ်ယူကြမှသာ အမှန်တကယ် ပြိုလဲသွားကြမှာ ဖြစ်တဲ့အတွက်…ပြည်သူတွေ အထိတ်တလန့်နဲ့ ငွေတွေ ပြန်ထုတ်အောင် ဒီချုပ်အစိုးရ ကျရှုံးပြီး သူတို့ အာဏာပြန်ရဖို့ ပြည်သူကို မှိုင်းတိုက် ထိုးကျွေးနေတဲ့ နိုင်ငံရေး အောက်တန်းစား ပြိုင်ဘက် ပါတီတွေ၊ မဲရှုံးကောင်တွေ၊ မီဒီယာက အချို့သော ပညာမဲ့ ဉာဏ်မွဲ ငတ်လို့ လုပ်စားနေတဲ့ ကလေကဝတွေနဲ့ အနီကြောင်တွေ ဖွနေတဲ့ စကားကို မယုံကြပါနဲ့။ ဘဏ်ရဲ့ သဘောဟာ လာအပ်ထားတဲ့ ငွေတွေကို အတိုး ရာခိုင်နှုန်း တစ်ခုပေး…အဲဒီထက် မြင့်တဲ့ အတိုးနှုန်းနဲ့ စီးပွါးရေးသမားတွေကို ငွေပြန်ချေးပြီး အတိုးနှုန်း ကွာခြားချက် အပေါ်မှာ အမြတ်ယူတာ ဖြစ်တယ်။ရှင်းအောင် ပြောရရင် ငွေပိုရှိလို့ လာစုသူတွေဆီက...

သဘောကျတဲ့အိုင်ဒေါရဲ့လစ်လျူရှုမှုကို ခံရလို့ ပလတ်စတစ်ဆာဂျရီလုပ်ပြီး ကလဲ့စားချေခဲ့သူ

ဂျပန်လူမျိုး sasaeng(အစွန်းရောက်ပရိသတ်)ကောင်မလေးကတော့ HiHi Jets အဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Hashimoto Ryo နဲ့ Sakuma Ryoto တို့ရဲ့လစ်လျှူရှုမှုကို ခံရပြီးနောက် သူတို့နှစ်ယောက်ရဲ့အကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူမကတော့ HiHi Jets အဖွဲ့ဝင် Sakuma Ryoto ရဲ့ ပရိသတ်ဖြစ်ခဲ့တဲ့အကြောင်းနေ စပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူမက ရုပ်မလှတာကြောင့် Sakuma Ryotoရဲ့ လစ်လျူရှုမှုကို ခံခဲ့ရပြီး HiHi Jets အဖွဲ့ဝင်တွေနဲ့လည်း ဓါတ်ပုံ အတူ ရိုက်ခွင့်မရရှိခဲ့ပါဘူး။ သဘောကျတဲ့ အိုင်ဒေါတွေရဲ့ အရေးစိုက်ခံချင်တဲ့သူမကတော့ ပလက်စတစ်ဆာဂျရီပြုပြင်ပြီး လက်စားချေတဲ့အစီအစဉ်ကို စတင်ခဲ့ပါတယ်။ သူမကတော့ Hashimoto Ryo နဲ့စတင်ဆက်သွယ်ခဲ့ပြီး Sakuma Ryotoနဲ့ ရင်းနှီးလာအောင်ကြိုးစားခဲ့ပါတယ်။ သူတို့နဲ့အတူလည်း မကြာခဏတွေ့လေ့ရှိပြီး အခြားအနုပညာရှင်တွေတောင်ပါတယ်လို့ အဲဒီကောင်မလေးက ပြောထားပါတယ်။ ISakuma Ryoto ကတော့...

တပ်လေယာဉ် ပြေးလမ်းချော်မှုကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်ရာချီ နာရီပေါင်းများစွာ သောင်တင်နေ

ကျနော် တို့ ရဲ့  ရန်ကုန်အင်တာနေရှင်နယ် လေဆိပ် ဟာ လေယာဉ် အက်စီးဒင့် အဖြစ် များ သလို ပြေးလမ်း လည်းတစ်ခု ထဲ ရှိတဲ့ အတွက် အက်စီးဒင့် တခုခု ဖြစ်ရင် သေပြီဆရာပါပဲ … ဒီနေ့  ဆိုရင် ရန်ကုန်လေဆိပ်မှာ တပ်လေယာဉ်လမ်းချော်လို့ ခရီးသည်ရာချီ လေဆိပ်အတွင်းနာရီများစွာ သောင်တင်နေပါတယ်။ အရင် ကအရှေ့ တောင်အာရှ မှာ နိုင်ငံ အများ စုက မော်ကြည့်ရတဲ့  ရန်ကုန်လေဆိပ်ကြီးဟာ ဆိုရင်ဖြင့်  ခုချိန် အရမ်း ကို အားမရ ဖြစ်မိပါတယ်။ တပ်မတော်ခရီးသည်တင်လေယာဉ် လေ့ကျင့်ပျံသန်းဖို့ ပြေးလမ်းမှာ စတင် အရှိန်ယူချိန်မှာပဲ ဘီးပေါက်ပြီးတော့ မနက် ၁၀နာရီခွဲမှာ လမ်းချော်ခဲ့ပါတယ်။ အဲဒီအတွက် အဆင်းလေယာဉ် တွေအန္တရယ်ရှိနိုင်လို့ ရန်ကုန်အပြည်...

တုပ်ကွေးဖြစ်နေတယ်ဆိုပြီး ပေါ့လျော့မိရာကနေ အသက်ဆုံးရှုံးသွားခဲ့တဲ့လူငယ်လေး

အသက်(၂၃)နှစ်အရွယ် ရေကူးနည်းပြဆရာ Benedict James Naden Lim ဟာ သူ့ရဲ့ဘဝမှာ အဓိကအရေးကြီးဆုံးက ကျန်းမာတဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ပါပဲ။ ဒါပေမယ့်လည်း ကျန်းမာရေးလိုက်စားသူတွေရဲ့ ထုံးစံအတိုင်း ပုံမှန်တုပ်ကွေးဖြစ်နေတာကို ပေါ့လျော့မိလို့ အသက်ဆုံးတဲ့အထိ ဖြစ်သွားခဲ့ရပါတယ် လို့ worldofbuzz က ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။ Benedict ဟာ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရပြီး (၂)လခွဲအကြာမှာပဲသေဆုံးသွားခဲ့တယ်။ Benedict ဟာ စင်ကာပူနိုင်ငံရဲ့စီမံခန့်ခွဲရေးဌာနမှာပညာသင်ယူနေတဲ့လူငယ်တစ်ဦးဖြစ်တဲ့အပြင် ရေကူးနည်းပြ တစ်ယောက်လည်းဖြစ်ပါတယ်။သူဟာကျန်းမာရေးကိုအထူးလိုက်စားတဲ့လူငယ်တစ်ဦးလည်းဖြစ်တယ်။ ဇွန်လအလယ်လောက်မှာတော့ သူ့ရဲ့အရေပြားပေါ်မှာအနီကွက်တွေထွက်လာပြီး ကိုယ်ပူကာအဖျားကြီးပြီးခဲ့တဲ့ အတွက် သူဟာတုတ်ကွေးရောဂါဖြစ်နေတယ်လို့ ထင်ခဲ့ပါတယ်။ အဲဒီနောက် ရက်အနည်းငယ်အကြာ၊ ဆရာဝန်ကိုသွားပြတဲ့အချိန်မှာတော့ ရောဂါအခြေအနေကစိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆရာဝန်ကစမ်းသပ်တွေ့ရှိသွားခဲ့တာပါ။ ဇူလိုင်လမှာတော့ သူ့ကိုဆေးရုံရဲ့ အရေးပေါ်ဌာနကိုတင်လိုက်ရပါတယ်။သူဟာ Epstein-Barr ဗိုင်းရပ်စ်လို့ခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပွားနေ တာပါ။Epstein-Barr ဗိုင်းရပ်စ်ရောဂါရဲ့လက္ခဏာတွေဟာ တုပ်ကွေးရောဂါဖြစ်ပွားရင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာ တွေနဲ့ပုံစံတူပါတယ်။Epstein-Barr ဗိုင်းရပ်စ်ရောဂါဟာ တံတွေးကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါကိုပျောက်ကင်းအောင်ကုသတဲ့ဆေးတော့ မရှိပါဘူး။ဒါပေမယ့်...

အိမ်​သစ်​က​လေး ပြီး​တော့မည်​ ဖြစ်​​သော​ကြောင့်​ တစ်​မိသားစုလုံး ​ပျော်​ရွှင်​​နေရပြီ… သို့​သော်​ အိမ်​အိုထဲသို့ လက်​နက်​ကြီး ကျသံနှင့်​အတူ

🏡အိမ်​သစ်​က​လေး ပြီး​တော့မည်​ ဖြစ်​​သော​ကြောင့်​ တစ်​မိသားစုလုံး ​ပျော်​ရွှင်​​နေရပြီ… သို့​သော်​ အိမ်​အိုထဲသို့ လက်​နက်​ကြီး ကျသံနှင့်​အတူ ထို​ပျော်​ရွှင်​မှုများ ​ပျောက်​ကွယ်​သွား​တော့သည်​၊ ဦး​ဇော်​​ဘောက်​ရဲ့ အမျိုးသမီး HpG. ​Htoi Ja အသက်​ (၃၇) နှင့်​ အားကစားထူးချွန်​​သောသမီးကြီး Z. Nan Mun Pan (၁၄) နှစ်​ နင့်​ သားငယ်​ Z. Zau Hkun Lat (၁၀) နှစ်​ တို့ သည်​မျက်​စိတစ်​မိတ်​ ၌တင်​ လက်​နက်​ကြီး​ပေါက်​ကွဲသံနှင့်​ ​သွေးသံရဲရဲဖြင့်​ အသက်​​ပျောက်​ခဲ့ရပြီ ဖြစ်​သည်​။ 💔ယခု​တော့ သားကြီးနှင့်​ ဦး​ဇော်​​ဘောက်​ သာ ကျန်​ခဲ့​ပြီး မယုံကြည် နိုင်​မှုများ၊ ဝမ်းနည်းပူ​ဆွေးမှုများနှင့်​ အတူ​ကိုယ်​တိုင်​ အသက်​ဆက်​လက်​ရှင်​သန်​ဖို့ ခဲယဉ်း​သော်​လည်း သားအတွက်​ ဖခင်​​ကောင်းအဖြစ်​ ဆက်​လက်​ရှင်​သန်​ဖို့ဆုံးဖြတ်​ရသည်​။ အိပ်​မက်​ဆိုး အဖြစ်​သာ ထင်​မှတ်​ယူလို​သော်​လည်း တကယ်​ဖြစ်​ခဲ့ရပြီ။ နှစ်​ပေါင်းများစွာကြိုးစား...

မဆုံးခင် ဝမ်းနည်းစရာအဖြစ်အပျက်တွေ ဆက်တိုက်ကြုံခဲ့ရတဲ့ ဗစ်တိုးရီးယားအမှုကို စစ်ဆေးနေတဲ့ တရားသူကြီး ဦးညိုဌေး

လူတစ်ယောက်ဟာ တစ်ချိန်ချိန်မှာ အကြောင်းတစုံတရာကြောင့် ပုံစံတစ်မျိုးမျိုးနဲ့ နာမည်ကြီးတတ်တဲ့ သာဓကတွေ ရှိတယ်။ ကောင်းတာဖြစ်ချင်ဖြစ်မယ်။ ဆိုးတာဖြစ်ချင်ဖြစ်မယ်ပေါ့။ဥပမာ – ဟဲဟိုး​​​လေဆိပ်​မှာထင်​တယ်​။ ၂၀၁၂ ဒီဇင်ဘာလက ဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုမှာ သူ့ဘာသာသူ လမ်းပေါ် ဆိုင်ကယ်စီးနေတဲ့ ဦးပြားဆိုသူအပါအ၀င် လူအချို့ကို လေယာဉ်က တိုက်ချသွားတာမျိုး။ အဲ့ဒီအချိန်က ဦးပြားနာမည်​ကြီးပြီး သူ့အကြောင်း ပြောဖြစ်ဆိုဖြစ်ကြသေးတယ်။အမှုစစ်​ရဲအရာရှိတစ်​​ယောက်​ အလှည့်​ကျတာဝန်းထမ်း​ဆောင်​ရတဲ့ ရုံးချိန်​မှာ သူတာဝန်​ကျချိန်​မှာမှ တကယ့်​အမှုကြီးနဲ့ကြုံရတာမျိုး။ပျက်​ကျမယ့်​​လေယာဉ်​ကို အချိန်​မမီလို့ မစီးဖြစ်​တာ​ကြောင့်​ ​သေ​ဘေးက​နေ လွတ်​ခဲ့တဲ့ သူလို အ​တွေ့အကြုံမျိုး။ စသည်​ဖြင့်​ တိုက်​တိုက်​ဆိုင်​ဆို​င်​ ကံ​ကောင်း ကံဆိုးခြင်း​တွေ။အခုပြောချင်တာက victoria အမှု ပထမဆုံး တရားစွဲတင်ချိန် BBC ဌာနက မေးတာမှာ တရားစွဲဆိုခံရသူနာမည်ကို မေ့နေလို့ လှိမ့်ပိန့်အဆဲခံခဲ့ရတဲ့ နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးက ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးအ​ကြောင်း။သူ့ဘာသာသူ ရုံးနဲ့ပတ်သက်တဲ့အခြားတာဝန်တွေ လုပ်နေရာကနေ ရုတ်တရက်ဖြေရတော့ တရားခံနာမည်မေ့နေတာ။ ကွမ်းကြိုက်သူပီပီ ကွမ်းစားထားချိန်မှာ ရုတ်တရက်အမေးခံရတော့...