Category: အနုပညာ

ပကာသနတွေကင်းမဲ့ပြီး ရိုးရှင်းလွန်းလှတဲ့ ဘဝလေးမှာ သာယာပျော်ရွှင်နေပြီဖြစ်တဲ့ နဝရတ်

မင်းသမီးလေး နဝရတ်လို့ဆိုလိုက်ရင် အပို၊ အလိုမရှိတဲ့ အိုက်တင်တွေနဲ့ ပရိသတ်အကြိုက်ကို ထပ်တူအကျနိုင်ဆုံး ပုံဖော်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ကို ပြေးမြင်မိကြမှာပါနော်။ တချိန်တုန်းက ပရိသတ်တွေကို အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံး ဖျော်ဖြေပြနိုင်ခဲ့ပါတယ်။ ဗီဒီယိုခေတ်ရဲ့ မင်းသမီးလေးတစ်လက်ဖြစ်ခဲ့တဲ့ နဝရတ်ဟာ အနုပညာလောကကနေ အနားယူသွားခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ အေးချမ်းတဲ့ ပြင်ဦးလွင်မြို့လေးမှာ မိခင်ဖြစ်သူနဲ့အတူ သွားရောက်နေထိုင်နေတာလည်းဖြစ်ပါတယ်။ သူမရဲ့ အချိန်တွေကို မိခင်ဖြစ်သူအတွက် ပေးဆပ်ပြီးတော့ အနားမှာပြုစုနေထိုင်သွားချင်တာကလည်း သူမရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ မင်းသမီးလေး နဝရတ်ကတော့ သူမရဲ့ ခေတ်ကာလတုန်းကလည်း ပရိသတ်တွေကို အမြင်ဆန်းတဲ့ဖက်ရှင်လေးတွေနဲ့ ခပ်မိုက်မိုက်စတိုင်လေးတွေကို ထုတ်ပြခဲ့သူတစ်ဦးပါ။ အနုပညာလောကကနေ အနားယူသွားတဲ့နောက်ပိုင်းမှာတော့ ရိုးရှင်းတဲ့ဘဝလေးကို ပိုမိုသဘောကျလာပုံရတဲ့ နဝရတ်က သူမရဲ့ ပကာသနတွေကင်းမဲ့ပြီး ရိုးရိုးလေးနဲ့လှနေတဲ့ ပုံလေးတွေကို တင်ထားခဲ့တာဖြစ်ပါတယ်။ မင်းသမီးလေးနဝရတ်ရဲ့ ပရိသတ်တွေအတွက် သဘာဝဆန်ဆန်လှတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ Credit-We Love Cele

သရုပ်ဆောင်တော်တဲ့ မုန်းမာန်နဲ့ အနွယ်တော်လေးတို့နှစ်ယောက်ကို ချီးကျူးလိုက်တဲ့ မင်းမျိုးနွယ်

ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်အားပေးခဲ့ကြတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲလေးကတော့ ဒီနေ့မှာ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ဘယ်လိုပုံစံမျိုးနဲ့ ဇာတ်သိမ်းသွားမလဲဆိုတာကို စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်တွေဖြစ်စေချင်တဲ့အတိုင်း မိန်းမချောကလည်း နောင်တတရားတွေရပြီး သူ့မိသားစုနဲ့အတူ နေရာမှန်ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ မင်းမျိုးနွယ်ကလည်း အတိတ်ကို ပြန်သတိရနေပြီဖြစ်ပေမယ့် စံမြန်းကတော့ သူ့ခင်ပွန်းကို ပြန်လက်ခံဖို့အတွက် အချိန်ယူစဉ်းစားနေတာ ဖြစ်ပါတယ်။ အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေကတော့ ဇာတ်သိမ်းပိုင်းရောက်မှာကိုတောင် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ အခုလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင်နှစ်ဦးကို မင်းမျိုးနွယ်က ချီးကျူးစကားဆိုထားတာ တွေ့ရပါတယ်။ မုန်းမာန်နဲ့ အနွယ်တော်ဆိုပြီး ဇာတ်ရုပ်ကိုအကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ ကလေးနှစ်ယောက်ကို မင်းမျိုးနွယ်က ” သရုပ်ဆောင်အရမ်းတော်ကြသော ကလေးများ ” ဆိုပြီး ချီးကျူးပေးထားတာပဲ ဖြစ်ပါတယ်။ ဒီကလေးနှစ်ယောက်ကလည်း ဇာတ်လမ်းကိုဇာတ်ရှိန်မြင့်လာအောင် အဓိကပံ့ပိုးပေးနိုင်တဲ့...

မေမေထရီဇာ သီချင်းသွားဆိုခါနီး တစ်ယောက်တစ်မျိုးစီ ချွဲနေကြတဲ့ ခေတ်လေးနဲ့သစ်လေးတို့ရဲ့ အချွဲဗီဒီယို

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​မေ​မေချစ်​သု​ဝေက သီချင်းသွားဆိုခါနီး သမီး​လေးနှစ်​​ယောက်​ကို ​မေး​နေတဲ့ ချစ်​စရာ ဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ တင်​ထားတာ ​တွေ့ရပါတယ်​။ သီချင်းသွားမဆိုခိုင်းတဲ့သူနဲ့ သွားဆိုလို့ ​ပြောတဲ့သူနဲ့မို့ ​မေ​မေချစ်​သု​ဝေတစ်​​ယောက်​ ​တော်​​တော်​​လေးသ​ဘောကျ​နေကြတာပါ။ ချစ်ပရိသတ်တွေအတွက် ​မေ​မေချစ်​သု​ဝေကိုချွဲ​နေကြတဲ့ ​ခေတ်​နဲ့ သစ်​​လေးတို့ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ​မေ​မေ ထရီဇာက​တော့ “Khit lay vs Thit lay” ဆိုပြီး သီချင်းသွားဆိုခါနီး ​ခေတ်​​လေးနဲ့ သစ်​​လေးတို့ရဲ့ အမြင်​ကို​မေး​နေတဲ့ အသည်းယားဖွယ်​ ဗီဒီယို​လေး​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာပါ။ ​မေ​မေသီချင်းသွားမဆိုနဲ့ လို့ မပီ့တပီ​လေး​ပြော​နေတဲ့ ​ခေတ်​​လေးရဲ့ ဗီဒီယို ​မေ​မေသီချင်းသွားဆိုရင်​ ​ပေါင်​မုန့်​ဝယ်​ခဲ့လို့ ချစ်​စဖွယ်​​လေး ပူဆာ​နေတဲ့ သစ်​​လေးရဲ့ ဗီဒီယို အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့...

မိုးယုစံရဲ့သားလေးကို ဝိုင်းကူထိန်းပေးနေတဲ့ ပရိသတ်အချစ်တော် လူပျိုကြီး နေတိုးနဲ့ထွန်းထွန်း

ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးယုစံရဲ့ မိသားစုလေားဟာဆိုရင် သာယာချမ်းမြေ့မှုတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ချစ်ခင်ပွန်းရဲ့ အလိုလိုက်မှုတွေနဲ့ ဖေးမကူညီမှုတွေက မိုးယုစံအတွက်ကတော့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တဲ့အပြင် သားလေးအပေါ်ကိုလည်း သေချာဂရုစိုက်စောင့်ရှောက်တာဖြစ်လို့ ဖခင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။မိုးယုစံက အိမ်ထောင်ကျပြီးနောက်ပိုင်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်ခဲ့ပါတယ်။ မိုးယုစံရဲ့သားလေးနာမည်ကို ကောင်းသိင်္ခမိုးသူ ဆိုပြီး မိဘနှစ်ပါးရဲ့နာမည်လေးတွေပါအောင်ပေးထားပါတယ်။သားလေးကလည်း ဖေဖေနဲ့မေမေရဲ့ အချောအလှတွေ စုနေတာဖြစ်လို့ ကြီးလာရင် ခန့်ပြီးချောမယ့်ကလေးလေးပါနော်။မိုးယုရဲ့သားလေးက တီတီတာတာ စကားလေးတွေကို ဆိုတတ်နေပြီး ချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်လို့ လူချစ်လူခင်ကတော့ ပေါပါတယ်နော်။ မိုးယုတို့မိသားစုက အခုဆိုရင် မြန်မာ့နှစ်ကူးအတာသင်္ကြန်ရေသဘင်ပွဲတော်ကို အများနည်းတူ ပါဝင်ဆင်နွှဲနေတာကို ပရိသတ်ကြီးလည်းတွေ့မြင်ကြရမှာပါ။မိုးယုက သားသားလေးကို ခေါ်ပြီး အပြင်ထွက်လည်တာဖြစ်လို့ သားလေးကလည်း အထူးအဆန်းမြင်ကွင်းလေးတွေကို အံ့သြလို့နေပါတယ်။အခုဆိုရင်လည်း ကောင်းသိင်္ခမိုးသူလေးကို ဦဦးနေတိုးနဲ့ဦးဦးထွန်းထွန်းတို့က ချီပိုးပြီး မိုးယုအစား ဝိုင်းကူထိန်းပေးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါရစေနော်။ Source:Moe Yu San

သင်္ကြန်မှာ ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေရင်း ခုန်ပေါက်ပျော်ရွှင်နေတဲ့ မိန်းမချော

MRTV 4 ရုပ်သံလိုင်းမှာ ည(၈)နာရီကျော်ဆိုတာနဲ့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုရတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲထဲက အဓိက ပဲ့ကိုင်ရှင် မိန်းမချော လို့ခေါ်တဲ့ သရုပ်ဆောင် သံသာမိုးသိမ့်က သူမရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားသူလေး တစ်ဦးဖြစ်ပါတယ်။ သံသာမိုးသိမ့်က ဒီနှစ်သင်္ကြန်မှာတော့ အမြို့မြို့အနယ်နယ်မှာရှိတဲ့ ပရိသတ်တွေကို သီချင်းဆို ဖျော်ဖြေပေးရင်း ပျော်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာတော့ သံသာမိုးသိမ့်က ရမည်းသင်းမြို့က ပရိသတ်တွေကို သီချင်းတွေ အားရပါးရ ဆိုပြရင်း ဖျော်ဖြေပေးနေတာကို တွေ့ရပါတယ်။ သံသာမိုးသိမ့်တစ်ယောက် ပရိသတ်တွေကို ဖျော်ဖြေပေးရင်း သူမကိုယ်တိုင်ကလဲ အရမ်းကို ပျော်ရွှင်နေပြီး ချစ်စရာကောင်းနေတာမို့ မိုမိုလေးပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ ရမည်းသင်း ပရိသတ်တွေကို အားရပါးရ ဖျော်ဖြေပေးနေတဲ့ သံသာမိုးသိမ့် ကလေးလေးလို ခုန်ပေါက်ပျော်ရွှင်နေတဲ့ ချော...

သမီးလေးကို လွမ်းလွန်းလို့ ကျလာတဲ့ မျက်ရည်တွေနဲ့ ခံစားချက်တွေကို ရင်ဖွင့်လိုက်တဲ့ ထက်ထက်မိုးဦး

မိသားစုအဆင်မပြေမှုတွေနဲ့အတူ သမီးလေးနဲ့ ဝေးကွာနေတဲ့ ထက်ထက်မိုးဦးကတော့ သမီးလေးကို လွမ်းလို့ကျလာတဲ့မျက်ရည်နဲ့ပတ်သက်ပြီး ခံစားချက်တွေကို ရေးသားထားတာတွေ့ရပါတယ်။ တနေ့တခြား ချစ်ဖို့ကောင်းလာတဲ့ သမီးလေး စစ်လွန်းဝတီထက်ဟာလည်း မိခင်ဖြစ်သူ ထက်ထက်မိုးဦးရဲ့ ချောမောလှပမှုအပေါင်းကို အမွေရရှိထားတဲ့ တစ်ဦးတည်းသော သူလေးပါ။ တနေ့တခြား အရွယ်ရောက်လာတဲ့ သမီးလေးကိုတော့ မိခင်ဖြစ်တဲ့ ထက်ထက်မိုးဦးက လွမ်းဆွတ်တမ်းတနေခဲ့တာပါ။ သမီးလေးကို လွမ်းလို့ ကျလာတဲ့မျက်ရည်တွေဟာ သူမအတွက်တော့ ကြေးနီရောင် မျက်ရည်တွေပါဘဲလို့ တင်စားလိုက်တာဖြစ်ပါတယ်။ “{ ကြေးနီရောင် လွမ်း မျက်ရည် } လွမ်းတိုင်း မေမေ့ရဲ့ နှလုံးအိမ်ဟာ မီး အလျှံ အလျှံ တောက်နေတဲ့ ဖားဖို အဝနားမှာထည့်ထားတဲ့ သံတွေ ခဲတွေလိုပဲ အင်မတန် ပူပါတယ်အဲ့ဒီ ပူတဲ့အရှိန်ကြောင့် ကျခဲ့တဲ့ မျက်ရည်တွေ ဟာလည်း အဖြူရောင် မဟုတ်ပဲ ကြေးနီရောင် ကျပါတယ် သမီး” လို့ ခံစားချက်စာသားလေးကို...

သင်္ကြန်အကြိုနေ့လေးကို အစားအသောက်တွေနဲ့ဖြတ်သန်းခဲ့တဲ့ စစ်လွန်းဝတီထက်

ချစ်စရာကောင်းလှတဲ့ စစ်လွန်းဝတီထက်လေးကတော့ ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်နေခဲ့တာ အတော်ကြာနေခဲ့ပါပြီ။ ပရိသတ်တွေက စစ်လွန်ဝတီထက်ရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲလိုလို မျှော်လင့်တောင့်တနေခဲ့ကြတာပါ။ ချစ်စရာကောင်းလှတဲ့ မေမေထက်ထက်မိုးဦးရဲ့ တစ်ဦးတည်းသော သမီးလေးဟာ မိခင်ဖြစ်သူရဲ့ လှပချောမောမှုတွေကိုလည်း ရရှိထားသူလေးပါ။ ငယ်စဉ်လေးတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ စစ်လွန်းဝတီထက်လေးဟာ တနေ့တခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာတာကိုလည်း တွေ့ရမှာပါ။ ဖခင်ရဲ့ ဂရုတစိုက်အုပ်ထိန်းမှုလေးတွေကိုလည်း တွေ့မြင်ရပြီးတော့ သားအဖ (၂) ယောက်ကြားက ချစ်မေတ္တာနွေးထွေးမှုလေးတွေကလည်း အားလုံးအသိအမှတ်ပြုရလောက်အောင်ထိကို ဖြစ်ခဲ့ပါတယ်။ စစ်လွန်းဝတီထက်လေးကတော့ သင်္ကြန်အကြိုနေ့လေးကို သူမကြိုက်တဲ့အစားအသောက်တွေနဲ့အတူ ဖြတ်သန်းခဲ့တာတွေ့ရပြီးတော့ သူမရဲ့ပုံရိပ်လေးတွေကို ဖခင်ဖြစ်တဲ့ စိုင်းလွှမ်းက သူ့ရဲ့ ဖေ့ဘုတ်ကနေ တဆင့် ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ စစ်လွန်းဝတီထက်ရဲ့ ပုံရိပ်လေးတွေအောက်မှာတော့ သူမကို လွမ်းနေတဲ့ ပရိသတ်ကြီးက သူမရဲ့ လှုပ်ရှားမှုလေးတွေကို အခုမှပြန်လည်မြင်တွေ့ရတော့တဲ့အကြောင်းလေးတွေကို ရေးသားထားတာတွေ့ရပါတယ်။ စစ်လွန်းဝတီထက်ကတော့ တနေ့တခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတာကို ယခုဓာတ်ပုံလေးတွေက သက်သေပြနေတာပါနော် ဟုတ်တယ်မလား...

သင်္ကြန်အချိန်ရောက်တိုင်း အနားမှာအတူမရှိနိုင်တော့မယ့် ချစ်သူကို သတိရလွမ်းဆွတ်နေခဲ့တဲ့ နီလန်း

မြန်မာအိုင်ဒေါရဲ့ Top 11 Finalist တစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့ပြီးတော့ ယခုအချိန်မှာလည်း ဂီတလောကမှာ နေရာတစ်နေရာရရှိဖို့အတွက် ကြိုးစားနေသူ နီလန်းဟာ ဘဝရဲ့ အချိုးအကွေ့တစ်ခုမှာ မျှော်လင့်မထားတဲ့ ကံကြမ္မာတစ်ခုကို ရဲရဲရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေစဉ်ကာလအတွင်းမှာ သူမရဲ့ ချစ်ရသူချစ်သူက ဘဝတပါးသို့ကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ချစ်သူနဲ့အတူ မနက်ဖြန်တိုင်းကို စိတ်ကူးယဉ်ပုံဖော် အတူရှိခွင့်ရချင်တာကတော့ ချစ်သူတိုင်းရဲ့ ဆန္ဒဖြစ်မယ်လို့ ထင်ပါတယ်နော်။ အကြောင်းအမျိုးမျိုးကြောင့် ရှင်ကွဲကွဲသွားခဲ့ရသူတွေများစွာရှိကြပေမယ့် နီလန်းလိုအဖြစ်မျိုးကို ကြုံတွေ့ရင်ဆိုင်ရမယ်ဆိုရင်တော့ ခံနိုင်ရည်အင်အားရှိနိုင်လောက်မှာမဟုတ်ပါဘူး။ နီလန်းဟာ ပြိုင်ပွဲဝင်စဉ်ကာလအတွင်းမှာ ထိုအဖြစ်ဆိုးကြီးကို ရင်ဆိုင်ကြုံတွေ့ခဲ့ပြီး ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တာကိုလည်း ပရိသတ်ကြီးမြင်တွေ့ကြရမှာပါ။ ချစ်သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ သင်္ကြန်ရက်လေးတွေဟာ သူမအတွက်တော့ ပျော်ရွှင်ဖွယ်ရာအတိဖြစ်ခဲ့မှာပါပဲ။ မနှစ်က သင်္ကြန်လေးမှာတော့ သူမတို့ ချစ်သူ ၂ ဦး ဘယ်လိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့လဲဆိုတာကိုတော့ သူမရဲ့ လွမ်းဆွတ်ဖွယ်စာသားအချို့က ဖော်ပြနေပါတယ်။ “April 14….. 2018 မနှစ်က ဒီချိန်ဆို သူနဲ့ပေါ့ အရမ်းပျော်ခဲ့တာ လမ်းလျှောက် သင်္ကြန်လေးသွားပြ်ီး ဆိုက်ကားလေးနဲ့အိမ်ပြန်ခဲ့တဲ့အချိန်လေးကို လွမ်းတယ်ဆိုတာထက်ပိုပါတယ် 😌😌အားလုံးပဲ ပျော်ရွှင်ကြပါစေ 🙂🙂♥️♥️”တဲ့။ ဒီနှစ်မှာ...

သင်္ကြန်မဏ္ဍပ်မှာ သီချင်းစာသားမှားပြီး သီဆိုခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ချမ်းမြေ့မောင်ချို

Myanmar Idol Season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုတော် တစ်ဦးပါ ။ သူမက ပွဲတွေမှာ သီချင်းတွေတောက်လျှောက်ဆို ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။ ချမ်းမြေ့မောင်ချိုက လက်ရှိသင်္ကြန်ကာလမှာတော့ ရန်ကုန်မြို့က (၁၉)လမ်း မဏ္ဍပ်မှာ တခြားသော အနုပညာရှင်မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့က မဏ္ဍပ်တွေမှာ လာရောက်အားပေးသူ ပရိသတ်တွေ အများအပြား အုံနဲ့ကြင်းနဲ့ ရှိသလို တီဗီရုပ်သံလိုင်းတွေကလဲ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်ရှုရအောင် တိုက်ရိုက်ထုတ်လွှင့် ပြသပေးနေတာပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကလဲ ပရိသတ်တွေကို မြူးမြူးကြွကြွ သီချင်းတွေနဲ့ အားရပါးရ ဖျော်ဖြေပေးနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် မောင်ချိုတစ်ယောက် စိတ်လှုပ်ရှားပြီး စာသားတွေ မှားဆိုမိတာကို တချို့သော ပရိသတ်တွေက သတိထားမိကြပါတယ်။ တချို့ကတော့ မောင်ချိုကို...

ဘိုးဘိုး၊ဘွားဘွားတွေနဲ့အတူ ပတ္တရားမှာ အပန်းဖြေအနားယူရင်း စတိုင်အပြည့်နဲ့ သာယာနေတဲ့ Liam လေး

မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့သား Liam လေးကတော့ မြင်သူတိုင်း မချစ်ဘဲမနေနိုင်လောက်အောင် ချစ်မွေးပါလွန်းသူလေး ဖြစ်ပါတယ်။ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းလေးနဲ့ပြည့်တဲ့ Liam လေးက အရမ်းကို လူချစ်လူခင် ပေါများတဲ့ ကလေးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် Liam လေးက ပရိသတ်တွေကြားမှာ လူသိများအောင်မြင်နေပြီဖြစ်သလို အနုပညာရှင်တွေရဲ့ချစ်ခင်မှုတွေကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ မေမေယွန်းက ကျောင်းသွားတက်နေရတာကြောင့် လက်ရှိမှာတော့ Liam လေးက ဘိုးဘိုးဘွားဘွားတွေနဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ်။ အခုလို သင်္ကြန်ပိတ်ရက်လေးမှာတော့ Liam လေးနဲ့ ဘိုးဘိုးလွင်မိုးတို့မိသားစုက ထိုင်းနိုင်ငံကို ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးထွက်ခဲ့ကြပါတယ်။ ပတ္တရားကို ရောက်ရှိနေပြီဖြစ်တဲ့ Liam လေးကတော့ ပထမဆုံးအကြိမ် ခရီးထွက်ရလို့ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ မျက်မှန်တပ်ပြီး စတိုင်အပြည့်နဲ့ အရမ်းကို အထာကျနေတဲ့ Liam လေးကတော့ ကြည့်နေရင်းနဲ့ အသည်းတွေ အရည်ပျော်သွားလောက်အောင် ချစ်ဖို့ကောင်းနေတာ...

error: Content is protected !!