Category: အားကစား

သြစတြေးလျမြေမှာ အစွမ်းကုန်တောက်ပနေတဲ့ မြန်မာ့ငွေကြယ်ပွင့် ကချင်တိုင်းရင်းသားလေးဆိုင်းရပ်စ်

သူရဲကောင်းဆိုတာ ဘယ်တော့မှာ မျိုးတုံးပျောက်ကွယ်မသွားဘူး။ သူရဲကောင်းတွေအတွက် ဘယ်လိုအတားအဆီးမျိုးမှ ရှိမနေပါဘူး။ ယုံကြည်ချက်တစ်ခုကို ဆွဲကိုင်လို့ မိုးမျှော်အိပ်မက်တွေရဲ့ လားရာလမ်းအတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းမယ်ဆိုတာ အပျော်ဖတ်ဝတ္တုမဟုတ်ဘူး။ အပျင်းပြေကြည့်ရုံလောက်နဲ့ ပြီးသွားမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားမဟုတ်ဘူး။ ဒီလိုနဲ့ မြန်မာပြည်တွင်းက ကြယ်ပွင့်လေးတစ်ပွင့်ဟာ ပြည်ပကောင်းကင်ယံ ထွန်းလင်းတောက်ပနေခဲ့ပြန်တယ်။ သူ့နာမည်က ဆိုင်းရပ်စ်ဖြစ်ပြီး ကချင်လူမျိုးတိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားခဲ့တာပါ။ ဆိုင်းရပ်စ်က ဖလမ်းလူမျိုးတိုင်းရင်းသားဖြစ်ပြီး ငယ်စဉ်အရွုယ်ကတည်းက ဘောလုံးကိုရူးသွပ်စွဲလန်းခဲ့သူပါ။ ဒီလိုနဲ့ အခြေအနေတစ်ခုကြောင့် ဆိုင်းရပ်စ်တို့မိသားစု သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းခဲ့ရပါတယ်။ ဆိုင်းရပ်စ်ရဲ့ အိပ်မက်တွေက အသက် (၁၀) နှစ်အရွယ်မှာ စပြီးအကောင်အထည်ပေါ်လာပါတယ်။ ဘောလုံးနဲ့ ပတ်သက်တဲ့ပါရမီပါတဲ့ဆိုင်းရပ်စ်ဟာ ဘောလုံးကန်ပြီဆိုတာနဲ့ သူငယ်ချင်းတွေကြားမှာ ရေပန်းစားသူဖြစ်ပါတယ်။ အဲဒီနောက် ဆိုင်းရပ်စ်ဟာ သူနေထိုင်ရာဒေသက Brisbane နဲ့အတူ လူငယ်ကမ္ဘာ့ဖလားလို့ တင်စားခေါ်ဝေါ်ရမယ့် ၂၀၁၇ ခုနှစ်အတွင်း စပိန်နိုင်ငံမှာ ကျင်းပခဲတဲ့ Donosti Cup ပြိုင်ပွဲကို...

သားဦးလေးကို နာမည်မပေးရသေးဘူးဆိုတဲ့ အောင်သူ

မြန်မာလက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့စုံတွဲလေးကတော့တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးရဲ့ အားပေးချစ်ခင်မှုကို ရရှိထားနေကြသူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အားကျရတဲ့ သူတို့စုံတွဲလေးက နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ယခုမှာတော့ အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့ဇနီးမောင်နှံလေးဟာ သားဦးလေးကို မွေးဖွားလိုက်ပြီဖြစ်ပါတယ်။ မြောင်တောင်အသင်းသားတွေနဲ့ နည်းပြဖြစ်သူကသားလေးကို ရရှိပိုင်ဆိုင်သွားတဲ့ အောင်သူကို လေ့ကျင့်ရေးကွင်းမှာ ချီကျူးးဂုဏ်ပြုစကားပြောဆိုကြပါတယ်။ အောင်သူကတော့ သားလေးကိုပိုင်ဆိုင်သွားလို့အရမ်းကိုပျော်ရွှင်နေကြောင်း အတိုင်းမသိပျော်ရွှင်ပြီး သားလေးကိုတော့ နာမည်မပေးရသေးကြောင်း siamsport နဲ့ အင်တာဗျူးမှာဖြေကြားနေတာတွေ့ရပါတယ်။ အောင်သူရဲ့ ပရိသတ်တွေကတော့ အောင်သူအနေနဲ့ သားဦးလေးကို ရရှိပိုင်ဆိုင်သွားတဲ့ အကြောင်းကြားကြားချင ချီးကျူးဂုဏ်ပြုစကားတွေ ပြောဆိုနေကြပါတယ်။ source:siamsport/ maung thong united


One ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒွန်ဗီရာ စိန်ခေါ်မူ့ကိုပျော်တယ်ဆိုတဲ့ အောင်လအန်ဆန် (ရုပ်သံ) ဟဆဲဂါဝါကို အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကို One ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒွန်ဗီရာ စိန်ခေါ် (ရုပ်သံ) ဂျပန်နိုင်ငံမှာ အိမ်ရှင်နိုင်ငံသား ဟဆဲဂါဝါကို အလဲထိုးအနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံဆု ကာကွယ်နိုင်ခဲ့သူ အောင်လအန်ဆန်ကို One ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒွန်ဗီရာက ပွဲအပြီးမှာ စင်ပေါ်တက်ပြီး လာရောက်စိန်ခေါ်ခဲ့ပါတယ်။ အောင်လအန်ဆန်က စိန်ခေါ်မှုကိုလက်ခံခဲ့ပြီး ပွဲအပြီးမီဒီယာတွေနဲ့ ဆုံတွေ့ချိန်မှာ “ သူ့နဲ့ ထိုးဖို့ ကျွန်တော် စောင့်နေတာပါ” လို့ပြောကြားခဲ့ပါတယ်။ အောင်လအန်ဆန်နဲ့ ဘရန်ဒွန်ဗီရာတို့ပွဲကို လာမယ့်အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ ကျင်းပသွားဖွယ်ရှိနေပါတယ်။ See Less ရုပ်သံကြည့်ရန်အောက်တွဖော်ပြပေးလိုက်ပါတယ်… Credit-Eleven Unicode One ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒွန်ဗီရာ စိန်ခေါ်မူ့ကိုပျော်တယ်ဆိုတဲ့ အောင်လအန်ဆန် (ရုပ်သံ) ဟဆဲဂါ၀ါကို အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကို One...

အာရှ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ နေရာကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်အား မလေးရှား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ထောက်ခံသွားမည်

လာမည့် ဧပြီလ ၆ ရက်နေ့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ကျင်းပမည့် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနေရာ၊ ဒုဥက္ကဋ္ဌ နေရာများ ရွေးကောက်ပွဲ အခမ်းအနားတွင် မလေးရှား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒါတိုဟာဂျီ ဟာမင်ဒင် အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား ထောက်ခံသွားမည် ဖြစ်ကြောင်း ယနေ့မနက်ပိုင်းက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည်။ ” ဆောင်ရွက်စရာတွေ အားလုံးကို ထည့်သွင်းစဉ်းစား ပြီးတဲ့နောက်မှာတော့ ကျွန်တော့်အနေနဲ့ AFC ဒုတိယ ဥက္ကဋ္ဌ နေရာကို ၀င်ရောက် ရွေးချယ်ဖို့ကိစ္စ စွန့်လွှတ်လိုက်ပါပြီ။ အမှုဆောင် တစ်နေရာအတွက် စာရင်းသွင်း ခံရပေမယ့် အဲ့ဒီအစား ကျွန်တော့် မှာရှိတဲ့ အင်အားနဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို အားပေး...

ဟဲဗီးဝိတ် ချန်ပီယံကြီးဗီရာနဲ့ လိုက်ဟဲဗီးဝိတ်တန်းပွဲ ထိုးသတ်ဖို့ သဘောတူလိုက်တဲ့ အောင်လအန်ဆန်း

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်းဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိပါတယ်။အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟစဲ့ဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက လက်ခံခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး ပြောစကားတွေအရ အောင်လနဲ့ ဗီရာတို့ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ လိုက်ဟဲဗီးဝိတ်တန်းပွဲကို ထိုးသတ်မှာဖြစ်တယ်လို့ One Championship CEO ကလည်း အတည်ပြုခဲ့ပါတယ်။အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ပေ ၃လက်မရှိပြီး MMA...

(၂) ချီအတွင်းအလဲထိုးပြီး မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်တဲ့ အောင်လအန်ဆန်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ryogoku Kokugikan အားကစားခန်းမမှာ A New Era အမည်နဲ့ ဒီကနေ့ ကျင်းပတဲ့ MMA ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်ကို ဂျပန်နိုင်ငံရောက်၊ မြန်မာနိုင်ငံသားတွေ လာရောက် အားပေးခဲ့ကြပါတယ်။တိုကျိုမြို့၊ Ryogoku Kokugikan အားကစားခန်းမထဲက MMA ပြိုင်ပွဲကတော့ မတ်လ ၃၁ရက်နေ့ ဂျပန်စံတော်ချိန် ညနေ ၄နာရီ(မြန်မာစံတော်ချိန် နေ့လည် ၁နာရီခွဲ)က စတင်ကျင်းပခဲ့ပြီးတော့ ဒီပြိုင်ပွဲမှာ အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံသား ကန်ဟာဆီကာဝါတို့အပြင် စုစုပေါင်း တွဲဆိုင်း ၁၆ဆိုင်း ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ အောင်လအန်ဆန်းနဲ့ ဟာဆီကာဝါတို့ဟာ  ရန်ကုန်မြို့မှာတစ်ကြိမ်ထိုးသတ်ယှဉ်ပြိုင်ခဲ့ပြီးတော့ အောင်လအန်ဆန်းကပဲ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်ထိုးသတ်ရတဲ့ အောင်လအန်ဆန်းကတော့ ဒီပွဲမှာလည်း ဟာဆီကာဝါကို (၂) ချီအတွင်းမှာအလဲထိုးပြီး ချန်ပီယံခါးပတ်ကိုကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ထပ်မံဂုဏ်ဆောင်နိုင်ခဲ့ပြန်တဲ့ အောင်လအန်ဆန်း  ဂုဏ်ယူပါတယ် Congratulation ပါ    

မြန်မာ့ရုပ်ရှင်ပြီးတော့ မြန်မာ့လက်ဝှေ့။ သူတို့ သတင်းစာရှင်းလင်းပွဲကို ကြည့်ပြီး ရှက်လွန်းလို့ မျက်ခွက်တွေပါ ပူလာတယ်…

မထော်မနန်းတွေ လုပ်လာပြန်ပြီ မြန်မာ့ရုပ်ရှင်ပြီးတော့ မြန်မာ့လက်ဝှေ့။ သူတို့ သတင်းစာရှင်းလင်းပွဲကို ကြည့်ပြီး ရှက်လွန်းလို့ မျက်ခွက်တွေပါ ပူလာတယ်။ ဘာတဲ့… မြန်မာလက်ဝှေ့ချန်ပီယံကို မြန်မာပဲ ဖြစ်စေချင်လို့ လက်ရှိချန်ပီယံ နိုင်ငံခြားသားဆီက စာချုပ်အကြောင်းပြပြီး ချန်ပီယံဆုသုံးဆုကို ပြန်သိမ်းလိုက်ပါတယ်တဲ့။ WLC ထိုးမှာမို့ ဒေ့ဗ်က ဆုတွေကို ပြန်အပ်သွားပါတယ်ဆို ရပါပြီ။ ဒါပေမယ့် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ မြန်မာပဲ ဖြစ်ရမယ်၊ ဒါ့ကြောင့် တမင်စီစဉ်လိုက်တဲ့ ပုံစံမျိုးကြီး ပြောသွားတာကို မကျေနပ်လို့ ရေးတာပါ။ အစကတည်းက မြန်မာလက်ဝှေ့ချန်ဝှေ့ချန်ပီယံကို မြန်မာပဲ ဖြစ်စေချင်ရင် ဘာလို့နိုင်ငံခြားသားကို ခေါ်ထိုးခိုင်းသေးလဲ။ မြန်မာ့လက်ဝှေ့ချန်ပီယံကို မြန်မာပဲ ဖြစ်စေချင်ရင် ဒေ့ဗ်ကို နိုင်အောင်ထိုးပြီး ချန်ပီယံဆုကို ဂုဏ်သိက္ခာရှိရှိ ပြန်ယူလေ။ ကလေးတွေ သရေပင်ပစ်တဲ့ဝိုင်းလို နင်က လက်တည့်တယ်။ နင်မပါနဲ့ ဆိုတဲ့ အထာတွေ။ ဒေ့ဗ်ဆိုတာ မြန်မာလူမျိုးတွေနဲ့...

မင်းသားတွေတောင်အရှုံးပေးရမယ့် မြန်မာပြည်က ရုပ်အဖြောင့်ဆုံး ဘောလုံးသမား (၅) ယောက်

မြန်မာနိုင်ငံမှာ နာမည်ကြီး အကယ်ဒမီ ရုပ်ရှင်မင်းသား မော်ဒယ်လ်တွေနဲ့တန်းတူ လူကြိုက်များ ကျော်ကြားတာကတော့ ဘောလုံးသမားတွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ပရိသတ်တွေဟာ အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေထက်ပိုပြီး ဘောလုံးသမားတွေကို သဘောကျအားပေးကြတဲ့အချက်ကတော့ အားကစားဘက်မှာ သူမတူအောင် ထူးချွန်ကြရုံသာမက ရုပ်ရည်ရူပကာပိုင်းမှာလည်း တောင့်တင်းကြံ့ ခိုင်တဲ့ Body Structure တွေနဲ့ အတူ မင်းသားရှုံးလောက်အောင် ချောမောကြတဲ့ ရုပ်ရည်သွင်ပြင်တွေ ပိုင်ဆိုင်ထားတာကြောင့်ပါပဲ။ အားကစားချစ်သူပရိသတ်တွေအတွက် မင်းသားတွေ ထိုင်ငိုရလောက်အောင် ချောကြတဲ့ မြန်မာပြည်က ရုပ်အဖြောင့်ဆုံး ဘောလုံးသမား(၅)ယောက်ကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။ 5. ရန်အောင်ကျော် ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ ရန်အောင်ကျော်ဟာ မြန်မာနိုင်ငံရဲ့ ရုပ်အဖြောင့်ဆုံး ဘောလုံးသမား စာရင်းရဲ့ နံပါတ်၅နေရာမှာ ရပ်တည်နေပါတယ်။ 4. မောင်မောင်လွင် မြန်မာ့လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူး အောင်သူပြီင်္းရင် ကစားပုံအကောင်းဆုံးနဲ့ အလိမ်အခေါက်စွမ်းရည် မြင့်မားလှတဲ့ တောင်ပံကစားသမား...

စိန်ခေါ်မှုတိုင်းကို ငြင်းပယ်ခြင်းမရှိသော အောင်လအန်ဆန်း ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံနှင့် ယှဉ်ပြိုင်ထိုးသတ်ရတော့မည်

မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ဖိလစ်ပိုင်လူမျိုး အမေရိကန် ကိုယ်ခံပညာကစားသမား Brandon Vera တို့ ၂ ဦး ယှဉ်ပြိုင်ကြမည့် ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲကြီးကို ပြုလုပ်သွားဖွယ်ရှိကြောင်း ခန့်မှန်းရသည်။စိန်ခေါ်မှုတိုင်းကို ငြင်းပယ်ခြင်း မရှိသော အောင်လအန်ဆန်သည် ONE ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံနှင့် ကြိုးဝိုင်းတစ်ခုအတွင်း ယှဉ်ပြိုင်ထိုးသတ်မည်ဆိုသည်ကို လျှို့ဝှက်ထားခြင်းမရှိဘဲ ဖွင့်ဟခဲ့သည်။ “သူ ကျွန်တော်ကို စိန်ခေါ်ခဲ့တယ်။ ကျွန်တော်လည်း သူ့စိန်ခေါ်မှုကို မငြင်းခဲ့ပါဘူး” ဟု မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် Ken Hasegawa နှင့် ရင်ဆိုင်ယှဉ်ပြိုင်ကာ ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည့် အောင်လက ဆိုသည်။“ကျွန်တော် တော်တော် စားဖြစ်နေတယ် ထင်တယ်။ ဒါကြောင့်လည်း ကျွန်တော် ဝိတ်တက်လာပြီး။ လူလည်း...

မြန်မာ့ဘောလုံးပရိသတ်တွေ ဝမ်းနည်းကြေကွဲခဲ့ရတဲ့ ကျော်မင်းဦးရဲ့ ဓါတ်ပုံလေးတစ်ပုံ

လွန်ခဲ့တဲ့ သုံးနှစ်ခန့်က မြန်မာယူ-၂၀ အမျိုးသားဘောလုံးအသင်းကို နယူးဇီလန် ကမ္ဘာ့ဖလားထံ ပို့ဆောင်ပေးခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ ဒဏ်ရာကြောင့် ဘောလုံးသမားဘဝကနေ အပြီးတိုင်အနားယူခဲ့ပြီလို့ တရားဝင်ကြေငြာခဲ့ပြီးနောက် သူအရမ်းချစ်တဲ့ မြက်ခင်းစိမ်းတွေကို မျက်ရည်များနဲ့ ကျောခိုင်းခဲ့ရပါတယ်။ ဘောလုံးလောကကို ရင်နာနာနဲ့ စွန့်လွှတ်ခဲ့ရပေမယ့် ပရိသတ်တွေကို စိတ်မဆင်းရဲစေချင်တဲ့ စေတနာကိုအရင်းခံပြီး လက်ရှိဘဝမှာ ပျော်သလိုနေနေတဲ့အကြောင်း ဓါတ်ပုံလေးတစ်ပုံကို ကျော်မင်းဦးတစ်ယောက် မျှဝေပေးခဲ့ပါတယ်။ ကျော်မင်းဦးဟာ မြန်မာ့ယူ-၁၉အသင်းနဲ့ အတူ နည်းပြဂတ်ဇီ ရဲ့လက်အောက်မှာ Defensive Midfielder , Holding Midfielder နေရာများမှာ ကစားခဲ့ပြီး ဒေသတွင်းမှာ ပြိုင်ဘက်ကင်းအသင်းတစ်သင်း ဖြစ်လာစေခဲ့သူပါ။ သူဟာ အောင်သူ ၊ သန်းပိုင် ၊ ငြိမ်းချမ်းအောင်တို့နဲ့အတူ အဲ့ဒီ့အချိန်ကာလလောက်က စတင်ခေတ်စားခဲ့တဲ့ Pressing Game ကိုအကောင်းဆုံးအသက်သွင်းကာ မြန်မာယူ-၂၀အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားကို...