Category: လူမှု့ဘဝ

ဒီနှစ်အတွက် အတာစားသည့် အင်္ဂါသားသမီးများ ပြုလုပ်ဆောင်ရွက်ရန် အစီအရင်

ဒီနှစ်အင်္ဂါသားသမီးတွေ အတာစားတယ်ပေါ့၊၊အဲ့တော့ အတာစားရင် ဘယ်လိုလုပ်ရမလည်း ဘာတွေ လုပ်သင့်လည်းဆိုသူများအတွက့်၊၊ သင်္ကြန်အတက်နေ့ ၁၆.၄.၂၀၁၉ အင်္ဂါနေ့မနက်ပိုင်းမှာ အတာစားတဲ့အင်္ဂါသားသမီးတွေက ခင်ပွန်းကြီး၁၀ပါးကိုကန်တော့ခြင်း၊ ရဟန်းသံဃာများကို ဆွမ်းလောင်းလှူခြင်း၊လူကြီးသူမများကို စားသောက်ဖွယ်ရာများကြွေးမွေးလှူဒါန်းခြင်း စသဖြင့် ကိုယ်တက်နိုင်သမျှ ဒါနတစ်ခုခုကိုပြုလုပ်ပြီး ၃၁ဘုံသားအပေါင်းအား ကုသိုလ်ကောင်းမှု့အစုစုကိုအမျှဝေမေတ္တာပို့ရပါမယ်၊၊ ညပိုင်း ၉း၂၆ မိနစ်မတိုင်ခင်မှာ ရေမိုးချိုး ကိုယ်လက်သန့်စင်၊သန့်ရှင်းသောအဝတ်အစားများဝတ်ဆင်ထားပြီး ၉း၂၆မိနစ်ရောက်ပြီဆိုတာနဲ့ ဘုရားကို သောက်တော်ရေ ဆီမီး အမွှေးတိုင် ပန်းကို အရှေ့တောင်ထောင့်ကို မျက်နှာမူပြီးကပ်လှူ လှူဒါန်း မေတ္တာပို့အမျှဝေပါ၊၊ ဖယောင်းတိုင်မီးငြိမ်း အမွှေးတိုင်ကုန်ပြီဆိုတာနဲ့ အိမ်ရှိဘုရားဆင်းတုတော်အားလုံးကို ရေသပ္ပါယ်ခြင်း ရောင်တော်ဖွင့်ခြင်းကို အရှေ့တောင်အရပ်ကို မျက်နှာမူပြီးပြုလုပ်ဆောင်ရွက်ရပါမယ်၊၊ ရေသပ္ပါယ်၊ရောင်တော်ဖွင့်နေစဉ် အောက်ပါဂါထာကို ရွတ်ဆိုနေရပါမယ်၊၊ ဗုဒ္ဓဂုဏံ အာရဗ္ဘ သဒ္ဒါစိတ္တံ ဥပ္ပဇ္ဇတိ ဓမ္မဂုဏံ အာရဗ္ဘ သဒ္ဒါစိတ္တံ ဥပ္ပဇ္ဇတိ သံဃဂုဏံ အာရဗ္ဘ သဒ္ဒါစိတ္တံ ဥပ္ပဇ္ဇတိ သဒ္ဒါစိတ္တံ အာရဗ္ဘ သဒ္ဒါစိတ္တံ ဥပ္ပဇ္ဇတိ...

ကွမ်းယာလုပ်ငန်းရှင်တစ်ဦးပြောပြတဲ့ ကြောက်မယ်ဖွယ် ကွမ်းယာ အန္တရာယ်

ရေစိမ်ပြီး စိတ်ထားတဲ့ကွမ်းသီးစိတ် တွေကို အလုံပိတ်အခန်းထဲမှာ ကန့်(ဆာလဖာ)မှုန့် ကို မီးရှို့ပြီးထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့်ရိုက်တယ်လို့ ခေါ်ပါတယ်။ ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိတ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ် အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။ အဲဒီအခါမှာ နဂိုက ခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ်ဖြစ်သွားရောဗျ။ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိတ်ကို နမ်းကြည့်ဖို့မပြောနဲ့ အရမ်းပြင်းတဲ့အနံ့ဆိုးကြောင့် ကန့်ဖိုဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။ အဲ့လိုအနံ့ပြင်းတဲ့ ကွမ်းသီးစိတ် ကိုမှ ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။ အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။ ကန့်ဖို အနားမှာရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။ ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင် တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။ကန့်ဖိုမှာ...

ကိုယ့်ကို တယောက်ယောက်က မကောင်းကြံ မလိုမုန်းထားရှိတာမျိုး အတိုက်အခိုက်တွေ ရှိနေတယ်လို့ ကိုယ့်ရဲ့ ဆဌမအာရုံက သိနေရင် ဒီလိုဖယ်ရှားပစ်ပါ

ကိုယ့်ကို တယောက်ယောက်က မကောင်းကြံနေတာမျိုး မလိုမုန်းထားရှိတာမျိုး အတိုက်အခိုက်တွေ ရှိနေတယ်လို့ ကိုယ့်ရဲ့ ဆဌမအာရုံ က သိနေတာမျိုးကို မယုံပေမယ့် မကောင်းတာ ဆက်တိုက်ဆိုသလို တွေ ဖြစ်လာတာ မျိုး ရှိတဲ့အခါ မကောင်းတာတွေကို ဖယ်ရှားဖို့ တလျော်နဲ့ ခေါင်းလျှော်ရင်း ( ဗုဒ္ဓံ ဓမ္မံ သဃံ) ရွတ်ဆို ( သံဗုဒ္ဓေ ဂါထာကို သက်စေ့ ) ရွတ်ဆိုရင် မကောင်းတာအားလုံးကို ဖယ်ရှားပစ်နိုင်တယ် ဆိုတာ ယုံပါ အမျိုးသားများအနေနဲ့ လဲ တလျောကင်ပွန်းနဲ့ ခေါင်းလျှော်ရင် ဘုန်းကံ ကြီးမားပီး အိမ်ဦးနတ်အဆင်ပြေရင် တစ်မိသားစုလုံးကို အကျိုးသက်ရောက်စေလို့ မဟေသီ မမ များကလဲ အိမ်ဦးနတ်ကို တလျော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဖို့ တိုက်တွန်းပေးကြပါလို့ ငယ်က အကြံပေးလိုပါတယ်ရှင့် ❤❤❤ ဘုန်းပွင့် ကံပွင့် လူဟာ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေတဲ့ အချိန်မျိုးကို...

နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားချင်ရင် ၄ မိနစ်လောက် အချိန်ပေးပြီး ဒီ post လေး ဖတ်ပေးပါ

၎မိနစ်အချိန်ပေးပြီးဖတ်ကြည့်ပါလား နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားချင်ရင် ၄ မီနစ်လောက် အချိန်ပေးပြီး ဒီ post လေး ဖတ်ပေးပါ ။လူတွေတော်တော်များများရဲ့ ကံကြမ္မာက တူညီကြပါတယ် ။ တသက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး နောက်ဆုံးတော့ ဆေးရုံ ကုတင်ပေါ်မှာပဲ လူ့ဘဝ အဆုံးသတ်သွားပါတယ် ။ကံဆိုးတဲ့ တနေ့ .. ဆေးရုံက ဒီ အချက် ၃ ချက်ကို ပြောလိုက်ရင်တော့ သင်ဒေဝါလီခံရဖို့ (မွဲဖို့) လုံလောက်ပါပြီ။ ၁။ သင့်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတခုရှိနေပါပြီ ၂။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကုသပေးပါမယ်။ ၃။ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ် ။ ဘဏ်နဲ့ဆွေးနွေးတော့လည်းဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ ပြောပါလိမ့်မယ် ။ ၁။ အခြေအနေမှန်ကို ကျနော်တို့ နားလည်ပါတယ်။...

နိုင်ငံမဲ့ဘဝမှ ကမ္ဘာကျော် Oracle ကုမ္ပဏီရဲ့ ဒုတိယအကြီးအကဲဖြစ်လာသူ မြန်မာပြည်ဖွားတဦး

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်။ ထိုင်းနိုင်ငံ အာရှနည်းပညာတက္ကသိုလ် Asian Institute of Technology- AIT ၌ ၁၂၄ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပသည်။ထိုဘွဲ့နှင်းသဘင်တွင် ဘွဲ့ရယူဆွတ်ခူးခဲ့သူများမှာ ဗီယက်နမ်မှကျောင်းသား ၈၀ ဦး၊ မြန်မာနိုင်ငံမှကျောင်းသား ၃၃ ဦး၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနိုင်ငံများမှ ကျောင်းသား ၂၈ ဦး၊ ဆွစ်ဇာလန်နိုင်ငံမှကျောင်းသား ၁ ဦး တို့ဖြစ်ကြသည်။ ထိုအခမ်းအနားတွင် ဘွဲ့နှင်းသဘင်အခမ်းအနား စီစဉ်ဖြစ်မြောက်ရေး ဒုဥက္ကဋ္ဌ ပါမောက္ခ Prof. S. Kumar က အဖွင့်အမှာစကား အနည်းငယ်ပြောကြားပြီးနောက် ဘွဲ့ရမောင်မယ်များအတွက် သြ၀ါဒစကားချီးမြှင့်ပေးမည့် ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို အချိန်ယူ၍ မိတ်ဆက်ပြောပြခဲ့သည်။ ထိုသူမှာ ၁၉၈၀ ခုနှစ်တွင် ထိုင်းနိုင်ငံ AIT တက္ကသိုလ်၏ အထူးချွန်ဆုံးဘွဲ့ရ...

ရယ်စရာအနေနဲ့တောင်မှ တစ်ဖက်သားကို နစ်နာအောင် မလုပ်ထိုက်ဘူး

“ခုဇ္ဇုတ္တရာ” အမှားတစ်ခု လုပ်တယ်ဆိုတာ ရယ်စရာအနေနဲ့လည်း သွားမလုပ်လေနဲ့။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေကို  သွားပြီး ရယ်စရာ လုပ်မိလို့ရှိရင် ဆိုးကျိုးတွေ ရောက်လာတတ်တယ်။ သာမာဝတီ ရဲ့ အလုပ်အကျွေးထဲမှာ “ခုဇ္ဇုတ္တရာ” (ခုဇ္ဇာ+ဥတ္တရာ) သူ့နာမည်ကတော့ “ဥတ္တရာ”။  သို့သော် ခါးလေးကုန်းနေလို့ သူ့ကို ခုဇ္ဇုတ္တရာ လို့ခေါ်တယ်။ခုဇ္ဇုတ္တရာ ဆိုတာ အလွန်ပညာထက်တယ်၊ ပိဋကတ်သုံးပုံထဲမှာ ဣတိဝုတ္တက ဆိုတဲ့ကျမ်းရှိတယ်။ အဲဒီကျမ်းဟာ ခုဇ္ဇုတ္တရာ နေ့စဉ် ဘုရားဆီသွားတရားနာ၊ နာပြီးရင် သာမာဝတီတို့ကို ပြန်ဟောတဲ့တရားပဲ။ အဲဒါကို ဣတိဝုတ္တက ကျမ်းလို့ ခေါ်တယ်။ ●ခုဇ္ဇုတ္တရာက ဘာဖြစ်လို့ ကျွန်မဖြစ်သလဲ၊ ဘာဖြစ်လို့ ခါးကုန်းရသလဲ၊ ကြည့်နော်။ သံသရာခရီးသွားနေတဲ့အချိန်မှာသူဘာအမှားလုပ်ခဲ့သလဲ။တစ်ချိန်က သူတို့နန်းတော်ကို ပစ္စေကဗုဒ္ဓါ တွေ ကြွကြွပြီးတော့ လာကြတယ်။ အဲဒီအထဲမှာ ပစ္စေကဗုဒ္ဓါတစ်ဆူက ခါးလေးနဲနဲကုန်းနေတယ်။ ခုဇ္ဇုတ္တရာအလောင်းက ရွှေခွက်လေးကိုပွေ့ပြီး၊ဝတ်ရုံလေးကို အပေါ်ကခြုံလို့ “တို့ ပစ္စေကဗုဒ္ဓါ...

နေ့တိုင်း တရားထိုင်သင့်တဲ့ အကြောင်းရင်း (၁၀)ခု

တရားထိုင်ခြင်းဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို ရရှိစေပြီး ကိုယ့်အကြောင်းကိုယ် ပိုပြီး နားလည်သဘောပေါက်လာစေတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။အချိန်နည်းနည်းပဲ ဖြစ်စေ၊ များများဖြစ်စေ နေ့စဉ်နေ့တိုင်း တရားထိုင်သင့်တဲ့ အကြောင်းရင်း (၁၀)ခုကို ဖော်ပြလိုက်ပါတယ်။၁။ ပိုသတိကောင်းပြီး ဆင်ခြင်နိုင်စွမ်းကောင်းလာစေတယ် နေ့တိုင်းတရားထိုင်မယ်ဆိုရင် သင့်ရဲ့အတွေးအကြံနဲ့ အလုပ်အကိုင်တွေမှာ ပိုပြီးတော့ သတိကောင်းလာမှာ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် သင့်ရဲ့စိတ်ဟာ တစ်နေ့ကုန် တည်ငြိမ်မှုမရှိပဲ ဟိုဟိုဒီဒီရောက်ရှိနေလေ့ရှိပါတယ်။တရားထိုင်ခြင်းအားဖြင့် ဘယ်အတွေးကတော့ ယုံကြည်လက်ခံသင့်တယ် ဘယ်အတွေးကတော့ အချည်းနှီးဖြစ်စေတယ်ဆိုတာကို ခွဲခြားလာနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိအချိန်ပေါ်မှာ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်လာစေနိုင်ပါတယ်။ ၂။ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့နည်းစေတယ် လူတိုင်း စိတ်ဖိစီးမှုနဲ့ မကင်းနိုင်ကြပါဘူး။ အချို့သော စိတ်ဖိစီးမှုတွေက ရှောင်လွှဲလို့မရနိုင်ပါဘူး။ စိတ်ဖိစီးမှုများခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တရားထိုင်ခြင်းကတော့ နေ့စဉ်နေ့တိုင်းမှာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်စေပြီး အသက်ရှုသွင်း ရှုထုတ်တိုင်းမှာ လက်ရှိအချိန်ကိုပဲ အာရုံစိုက်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ များပြားလာခြင်းကို ဟန့်တားပေးပြီး...

ငါးရံ့ခြောက်ကို အလေအလွင့်မရှိအောင် ဖုတ်နည်း

ကဲ နောက်ဆုံးတော့ ငါးရံ့ခြောက်ကို အလေအလွင့်မရှိပဲ ဖုတ်နိုင်ခဲ့ပီလေ။ အရင်ငါးရံ့ခြောက်ဖုတ်ရင် ကျွတ်ပီးအမှုန့် တွေဖြစ်ကုန်တယ်၊ အသားကကောင်းကောင်းမကျက်တော့ အရိုးတွေကဖဲ့လို့မရပဲ အရိုးတွေထည့်စားမိလို့အရိုးစူးမိတယ်။ ရေစိမ်ဖုတ်တော့လည်း ပျဉ်းတွဲတွဲနဲ့ စားမကောင်း၊ မကုန်ရင်မှိုတွေတက်သွားရော။ Super Marketတွေက ready made ဝယ်စားရင် ၁၀သားကို ၁၀၀၀၀က ငါးရံ့ခြောက်ဖုတ်လို့မခံစားရဘူး၊အရမ်းကျွတ်ရွနေပီး ဘာအရသာမှမရှိလို့။ ဟိုတလောက စား/ချက်မှာ အမတစ်​ယောက်တင်ထားတဲ့ ပေါင်းပီးမှဖုတ်တဲ့နည်းအတိုင်းဖုတ်လိုက်တာ ခုတော့အဆင်ပြေသွားပီ။အလေအလွင့်လည်းမရှိဘူး၊အသားတွေကနူးပီးမှဖုတ်တော့ အရိုးသေးသေးလေးတွေကအစ အလွယ်တကူဖဲ့လို့ရတယ်။ငါးရံ့ခြောက်ဖုတ်နည်းတင်ပေးတဲ့သူကို ကျေးဇူးတင်ပါတယ်ရှင့်။ ငါးရံ့ခြောက်ကို ၅မိနစ်ရေစိမ်ပီး ၅မိနစ်ပေါင်းပါတယ်။ ပီးရင် အပြားလိုက်ထုပီးမီးအေးအေးနဲ့ကင်ပါတယ်။ ပြန်ထုလိုက် ကင်လိုက်၂ခါလောက်လုပ်ပီးရင် တစ်မျှောင်းချင်စီ ဆွဲခွါပီးထောင်လိုက်လေးတွေထုပီးရင်မွှပီး ပဲဆီလေးဆမ်းပီးစားလို့ရပီနော်။ Credit: San Yu May

“အစွမ်းထက်လှတဲ့ မေတ္တသုတ် ကို နည်းစနစ် မှန်ကန်စွာ ရွတ်ဆိုနည်း (ဗုဒ္ဓဘာသာဝင်တိုင်း မှတ်ယူထားသင့်ါတယ်) “

“မေတ္တာသုတ်ရွတ်ပုံ နည်းစနစ်” တနင်္ဂနွေဂြိုလ်သက် ၆ တနင်္လာဂြိုလ်သက် ၁၅ အင်္ဂါဂြိုလ်သက် ၈ ဗုဒ္ဓဟူးဂြိုလ်သက် ၁၇ စနေဂြိုလ်သက် ၁၀ ကြာသပတေးဂြိုလ်သက် ၁၉ ရာဟုဂြိုလ်သက် ၁၂ သောကြာဂြိလ်သက် ၂၁ စုစုပေါင်းဂြိုလ်သက် ၁၀၈ ၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မှီ-“တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွတနင်္ဂနွေသားသမီးများအားလုံး၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ”……ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။ ၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မှီ-“တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ”….ဟူ၍...

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်အတွက် သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး သင်္ကြန်စာ

ဆရာမိတ်ဆွေများ သင်္ကြန်စာဖတ်ရှု့လို့ရအောင် တင်ပေးလိုက်ပါတယ် ခင်ဗျာ။သင်္ကြန်စာရေးသားသူ ဆရာကြီးဦးကျော်ဋ္ဌေး ဂါရဝပြုလက်အုပ်ချီကန်တော်လျှက်ပါ။ဇေယျတုသက္ကရာဇ် ၁၃၈၀ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၀)ရက်၊ (၁၄–၄–၂၀၁၉) တနင်္ဂနွေနေ့ ညနေစက် (၅)နာရီ (၂၁)မိနစ် (၄၂)စက္ကန့်အချိန်တွင် မဟာသင်္ကြန် ကျသည်။ (၁၅–၄–၂၀၁၉) တနင်္လာနေ့ မဟာသင်္ကြန် အကြတ်ရက် ဖြစ်သည်။၁၃၈၀–ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၂)ရက် (၁၆–၄–၂၀၁၉) အင်္ဂါနေ့ ည(၉)နာရီ (၂၆)မိနစ် (၂၃)စက္ကန့် အချိန်တွင် မဟာသင်္ကြန် တက်သည်။ထို့ကြောင့် ကောဇာ သက္ကရာဇ် ၁၃၈၁–ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃)ရက် (၁၇–၄–၂၀၁၉) ဗုဒ္ဓဟူးနေ့သည် နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။သာသနာတော်အတွက် ဝါဆို–ဝါကပ်၊ သံဃာတော် အရှင်သူမြတ်တို့ဘုရား…ဤ၁၃၈၁ခုနှစ်တွင် လထက်ရက်ငင် မရှိပါ၍ ဗုဒ္ဓဘာသာ၊ သာသနာတော် ဝန်ထမ်း ရဟန်းအရှင်မြတ် တို့မှာ…မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက် (၁၇–၇–၂၀၁၉) ဗုဒ္ဓဟူးနေ့တွင် ပထမပုရိမဝါ ကပ်ဆိုတော်မူကြ ရမည်ဖြစ်ပါသည်။ဒုတိယ ပစ္ဆိမဝါကို...

error: Content is protected !!