Category: ရသ

ရုပ်ရှင်မင်းသား ဒွေး(ခေါ်)ကိုသားကြီးရဲ့မိန်းမ မမိုးက တခါပြင် ၁၅၀၀ နဲ့ ထမင်းဆိုင်လေး ဖွင်ထားတယ်ဆိုတော့ မမိုးရဲ့စိတ်ဓာတ်ကို လေးစားမိသလို စိတ်မကောင်းလဲဖြစ်မိတယ်

ရုပ်ရှင်မင်းသား ဒွေး ခေါ် ကိုသားကြီးရဲ့မိန်းမ မမိုးက တခါပြင် 1500နဲ့ ထမင်းဆိုင်လေး ဖွင်ထားတယ်ဆိုတော့ မမိုးရဲ့စိတ်ဓာတ်ကျိုလးစားမိသလို..စိတ်မကောင်းလဲဖြစ်မိတယ်…လွမ်းသု စဉ်းစားမိတာပေါ့နော်…ဆရာဝန်မိန်းမ…ရုပ်ရှင်မင်းသားမိန်းမ..အဆိုတော်မိန်းမ…ဒီဇိုင်နာမိန်းမ..ဆံပင်ညှပ်ဆရာမိန်းမ…အင်ဂျင့်နီယာ့မိန်းမတွေဟာ ကိုယ့်ယောင်္ကျားရှိတုံး..စီးပွားရေးတရှိန်ထိုးတက်နေတုံးကို ယောင်္ကျာမပါပဲ ကိုယ်တိုင်ဦးစီးနိုငိတဲ့ အလုပ်တစ်ခုကို planချပြီးစီစဉ်ထားသင့်တယ်…ငါ့ယောင်္ကျားရှိနေတာပဲ..ငါ့ယောင်္ကျားရှာနိုင်တာပဲဆိုပြီး ယောင်္ကျားကို မသေတော့ပဲသူကြီးလို မနာတော့မဲ့လူကြီးလို သဘောမထားသင့်ပါဘူး,..ဟော ယောင်္ကျားလဲတစုံတရာဖြစ်ရော ဆင်သေကောင်သားစားပြီး ရေစုံမျောလိုက်နေတဲ့ ကျီးကန်းလိုပဲ ဆင်သေကောင်သားကုန်လို့ ခေါင်းမော့ကြည့်တော့ ကမ်းမမြင်လမ်းမမြင် သမုဒ္ဒရာထဲမှာ ခိုကိုးရာမဲ့အနေအထားနဲ သွေးပျက်ထိပ်လန့်ရတတ်ပါတယ်… လွမ်းသုအသိ အမွှာညီအမ အမကြီးနှစ်ယောက်ရှိတယ်…သူတို့မိဘတွေက ဈေးချိုထဲက ဖိနပ်ကုန်သည်အကြီးစားကြီးတွေ…အမကြီးကို အသက်ဆယ့်ခုနှစ်နှစ်ပြည့်တာနဲ့ အသက်သုံးဆယ့်ရှစ်နှစ်အရွယ် ဗိုလ်မှူးတစ်ယောက်နဲ့ ထိမ်းမြားလက်ထပ်ပေးခဲ့တယ်…သူတို့ခေတ်က ဗိုလ်မှူးနဲ့လက်ထပ်ခဲ့ရတယ်ဆိုတာ ရှင်ဘုရင်တော်ကောက်ခံရတာနဲ့ အတူတူလောက်ရှိပါတယ်..ယောင်္ကျားတစ်ယောက်တည်းရှာတဲ့ ပိုက်ဆံဟာ ထားစရာနေရာမရှိပါဘူး..သုံးနိုင်ဖြုန်းနိုင် လှူနိုင်တန်းနိုင်တဲ့အပြင် သားသမီးသုံးယောက်ကို အဲ့ဒိခေတ်က တလ သိန်းငါးဆယ်လောက်ကုန်တဲ့ ပညာရေးကို ဥရောပနိုင်ငံတွေမှာ ထားပေးနိုင်ခဲ့တယ်… အမကြီးလုပ်တဲ့သူက ရုပ်ရှင်မင်းသမီးရှုံးအောင် ဝတ်စားပြီး ဘန်ကောက်ရှော့ပင်ထွက်လိုက်..ဘာလီကျွှန်းအပန်းဖြေသွားလိုက်..ပြင်သစ်က မိတ်ဆွေတွေဆီအလည်သွားလိုက်နဲ့ သူ့လောက်သာယာတဲ့ဘဝမရှိဘူးလို့တောင်ပြောလို့ရပါတယ်…အငယ်မအိမ်ထောင်ကျတာက...