Category: ဗဟုသုတ

အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ

ပစ္စည်းတစ်ခုခုပြင်ဖို့၊ ကပ်ဖို့လိုတိုင်း စူပါဂလူးကို ပြေးဝယ်ကြပါတယ်။ တကယ်လည်းစွယ်စုံအသုံးဝင်တဲ့ အရာဖြစ်ပေမယ့် ကပ်လိုတဲ့နေရာမဟုတ်ဘဲ မတော်တဆ ချော်ပြီး မျက်စိကိုစဉ်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။ အသားမှာကပ်သွားရင်လည်း အတင်းဆွဲခွာရလို့ အသားတွေစုတ်ပြဲရနိုင်တယ်။စူပါဂလူးက အရေပြားနဲ့ထိတွေ့တဲ့အခါ ထိခိုက်မှုအာနိသင်မဖြစ်နိုင်ပေမယ့် အသားတွေထိကပ်ကုန်တာ၊ တခြားအရာဝတ္တုတွေနဲ့ အသားကပ်ကုန်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်တောင် လက်မှ ကော်တွေကပ်ကျန်နေတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒီတော့ မတော်တဆကပ်မိတဲ့အခါ အရေပြားကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာ အလွယ်ဆုံးနည်းလေးတွေ ပြောပြမယ်နော် – (၁) ဆပ်ပြာရည် ဆပ်ပြာဖျော်ထားတဲ့ ရေနွေးနွေးလေးမှာ ခဏစိမ်ပြီး လက်မှာကပ်နေတဲ့ ကော်တွေကို ဖယ်ရှားပါ။ ကော်မခြောက်ခင်မှာ စိမ်နိုင်ရင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲ ရေနွေးစပ်ပြီး ချေးချွတ်ဆပ်ပြာ သို့မဟုတ် ဆပ်ပြာတစ်မျိုးမျိုးထည့်ပါ။ ကော်ကပ်နေတဲ့လက်ကို ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်စိမ်ထားပါ။ ကော်ကပျော့လာပြီဆိုရင် အသာအယာပွတ်ပါ ဒါမှမဟုတ် အသာလေးခွာကြည့်ပါ။ လုပ်ကြည့်လို့နာတယ်ဆို ဆက်မလုပ်ပါနဲ့။ အရေပြားစုတ်ပြဲသွားနိုင်ပါတယ်။ ကော်သိပ်မများဘူးဆိုရင်...

ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးလေဆိပ် ( ၁၀) ခု အကြောင်း

၁။ လု့ခ်လာလေဆိပ်၊ နီပေါ သင် သာဧဝရတ်တောင်ပေါ်ကိုအလည်သွားဖို့စဉ်းစားထားတယ်ဆိုရင်တော့ ဒီလေဆိပ်ကိုအဓိကအသုံးပြုရမှာပါ။ လေဆိပ်ဟာတောင် ၂ လုံးကြားမှာတည်ရှိပီး အဓိကပြေးလမ်းဟာဆိုရင် အင်မတန်ကိုတိုပါတယ်။ အမြင့်ကြောင့် လေယာဉ်ဟာ မီးတွေလဲမရနိုင်ပဲ လျှပ်စစ်ဓာတ်အားလဲအနည်းငယ်သာရပါတယ်။ အဲ့ အပြင်မြေပြင်ကနေ လေယာဉ်ကိုထိန်းချုပ်ကြည့်ရှုပေးမယ့်ဟာလဲမရှိတဲ့အတွက်ကြောင့် ဘေးကင်းစွာနဲ့ မြေပြင်ပေါ်ဆင်းသက်ဖို့ဆိုတာ လေယာဉ်မှူးနဲ့ပဲသက်ဆိုင်နေပါတယ်။ ၂။ေ က်ာချာဗယ်လေဆိပ်၊ ပြင်သစ် ဒီပြင်သ စ်လေဆိပ်ဟာဆိုရင် အယ်လ်တောင်တန်းတွေဆီကိုသွားဖို့ရာအတွက် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ လေယာဉ်မှူးဟာလေယာဉ်ကိုဆင်းသက်ဖို့လုပ်တဲ့အခါကျဉ်းမြောင်းတဲ့တောင်ကြားကိုဖြတ်သန်းရပါတယ်။ ပြေးလမ်းကလဲအရမ်းကိုတိုပါတယ်။ ကမ္ဘာပေါ်ကလေဆိပ်တွေထဲမှာ အတိုဆုံးပြေးလမ်းရှိတဲ့လေဆိပ်ဆိုလဲမမှားပါဘူး။ ပြေးလမ်းဟာ ၀.၃ မိုင်သာရှိပီး တကယ်လို့လေယာဉ်မှူးကသာ လေယာဉ်ပျံတက်ဖို့အတွက် အရှိန်နှုန်းကိုလုံလုံလောက်လောက်မယူနိုင်ဘူးဆိုရင်လေယာဉ်ဟာချောက်ကမ်းပါးဆီကိုတန်းပီးပျံသွားမှာဖြစ်ပါတယ်။ လေယာဉ်က လေထဲမှာပဲရှိနေဖို့တော့မျှော်လင့်ရတာပေါ့။ နောက်ထပ် ဆင်းတက်လုပ်ဖို့ခက်ခဲရတဲ့ အကြောင်းရင်းကတော့ ပြေးလမ်းဟာ အောက်ဆင်ခြေလျှောဖြစ်နေပီး ၈.၅% ရှိပါတယ်။ လေယာဉ်မှူးအများစုဟာ ဒီလေဆိပ်ကိုရှောင်ရှားကြပါတယ်။ ၃။တန်ကော်တင်လေဆိပ်၊ ဟွန်ဒရပ်စ် ဒီလေဆိပ်ဟာဆိုရင်လဲတောင်တွေကြားမှာတည်ရှိပီး လေယာဉ်မှူးအနေနဲ့ ဆင်းသက်မှုတွေပြုလုပ်ဖို့ရာအတွက် ကြမ်းတမ်းတဲ့မြေပြင်အနေအထားရှိပါတယ်။ တောင်ကြားမှာရှိတဲ့ ပြေးလမ်းဆီကိုဆင်းသက်ဖို့ဆိုရင်တော့ ၄၅ ဒီဂရီလှည်ပီးမှရမှာပါ။ လှည့်ပီးတာနဲ့...

ဘုတ်အဖွဲ့နှင့် ပြသနာတက်ခဲ့သော်လည်း အကယ်ဒမီရခဲ့သော ဆရာသာဓုရဲ့ အတွေ့အကြုံ

သတ်သတ်နှင့် တခြားစီ စာရေးဆရာ သာဓု – ၁၉၆ဝ ခုနှစ်၊ သာဓု၏ ဒုတိယကားဖြစ်သော ‘အငိုလွယ်သည်’ ဇာတ်ကား စတင် ပြသသည့် ဒုတိယနေ့၊ နေ့လယ်ဘက်။ သာဓု ပင်ပန်းလွန်းသဖြင့် အတိုးချ အိပ်မောကျနေဆဲ တစ်စုံတစ်ယောက်က မရဲတရဲ လာနှိုးနေသဖြင့် အော်လိုက် တော့မည်ပြုပြီးမှ မျက်လုံးဖွင့်အကြည့်တွင် သားကြီး မောင်ဝဏ္ဏကို တွေ့ရသဖြင့် ဖက်နမ်းလိုက်ရင်း အကြောင်းကို မေးသည်တွင် ‘ရုပ်ရှင်ရုံက ဖုန်းဆက်တယ်ဖေဖေ၊ အရေးကြီးလို့ နှိုးပေးပါတဲ့’ ‘ဘာပြဿနာ ပေါ်နေပါလိမ့်’ ဟု စိုးရိမ်သွားကာ အလူးအလဲ ထထိုင်မိ၏။ သာဓုသည် ဇတ်ကားပြသရန် ရုံတင်ရက်ကို စာချုပ်ရာ၌ ရက်ကောင်းလုပြီး အရွေးစောသွားသောကြောင့် ဇာတ်ကား ဖြတ်တောက်ပြင်ဆင်မှုများ ကသီ လင်တ ဖြစ်ခဲ့၏။ ဤအငိုလွယ်သည်ဇာတ်ကား စတင်ရိုက်ကူးကတည်းက အနည်းနှင့်အများ ဆိုသလို အနှောက်အယှက်ကလေးများ တွေ့ခဲ့ရသည်။ နောက်ဆုံး ရုံတင်ခါနီး...

သားရှင်မေမေများအတွက် သားသားကို ငယ်ငယ်ကတည်းက သင်ပေးပြောပြထားပေးသင့်တဲ့အချက် (၁၄) ချက် 😊😊😊

ယောကျာ်လေးတွေ တော်တော်များများက (၅)တန်းအရွယ် ဆယ်ကျော်သက်ကစလို့ ဂျစ်ကန်ကန်လေးတွေ ဖြစ်တတ်ကြပါတယ်။ Trouble Maker အရွယ်တွေပေါ့။ အမေတွေအနေနဲ့လည်း တစ်ခါတစ်ခါ ပြောရခက်တာကြောင့် ခေါင်းခြောက်ရတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးအဖြစ်တွေကို တတ်နိုင်သမျှ လျှော့ချစေနိုင်ဖို့ အမေတွေအနေနဲ့ သားသားတွေကို ငယ်ငယ်တည်းက မှန်မှန်ကန်ကန်သွန်သင်လာဖို့ လိုအပ်ပါတယ်နော်။ တချို့ အချက်လေးတွေက မီးမီးလေးတွေ မွေးထားတဲ့ သမီးရှင် မေမေများအတွက်လည်း သင့်တော်ပါတယ်နော်။ 😊😊😊 (၁) အားကစားတစ်ခုခုလိုက်စားဖို့ တိုက်တွန်းပါ။ အားကစားမှာလည်း ဘယ်လိုတရားမျှတစွာအနိုင်ယူတတ်ဖို့၊ ရှူံးခဲ့ရင်လည်း သိက္ခာရှိရှိ အရှုံးကို လက်ခံနိုင်ဖို့သင်ပေးပါ။ အားကစားလိုက်စားခိုင်းတာက ဖြစ်လာမယ့် အခက်အခဲတွေကို ကြိုမြင်ပြီးရှောင်နိုင်ဖို့နဲ့ အချိန်ကို ကောင်းကောင်းအသုံးချတတ်ဖို့ အလေ့အကျင့်ဖြစ်စေမှာပါ။(၂) ငယ်ငယ်တည်းနဲ့ ပိုက်ဆံစုတတ်အောင်သင်ပေးပါ။ တစ်ချိန်ချိန်မှာ လိုအပ်လာနိုင်တယ်ဆိုတဲ့အကြောင်း သင်ပြပြောပြပါ။(၃) သားယောကျာ်းလေး ဆိုပေမယ့်လည်း အသက်အရွယ်အလိုက် အဝတ်လျှောက်စက်၊ မီးပူ၊ ဖုန်စုတ်စက်၊ တံမြက်စီး၊ ပန်ကန်းဆေးစက် စတာတွေ...

မော်တော်ယာဉ်ပိုင်ရှင်တွေ သတိမထားဘဲ လုပ်မိတဲ့အမှားတွေနဲ့ ပုံမှန်စစ်ဆေးသင့်တဲ့အရာတွေ

မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ကားကို ထိခိုက်ပျက်စီးစေချင်တဲ့သူ ဘယ်သူမှမရှိကြပါဘူး။ ဒါပေမဲ့ ကားပိုင်ရှင်ကိုယ်တိုင်မသိဘဲ ကိုယ့်ကားကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ရပ်တွေရှိနေပါတယ်။ ဒီလိုလုပ်ရပ်တွေကို တချို့က သတိမမူမိလို့ လုပ်မိတာ၊ လူငယ်တချို့က အဲဒီအမှားကို အမှားမှန်းမသိဘဲ လုပ်တတ်သလို၊ “အမှားကြာ အမှန်ဖြစ်” ဆိုသလို အမှားလိုလို အမှန်လိုလို ဖြစ်နေတဲ့ လုပ်ရပ်တွေကို ကားပိုင်ရှင်အချို့လုပ်မိနေတဲ့ အမှန်လို့ထင်နေတဲ့ အမှားတွေအကြောင်း၊ ဒေါသစိတ်ကြောင့် လုပ်မိတဲ့မလုပ်သင့်တဲ့အရာတွေ အကြောင်းတွေအပြင် ကိုယ့်ကားကို ပုံမှန်စစ်ဆေးနေသင့်တဲ့ အရာတွေအကြောင်းကို ဖော်ပြပေးမှာပါ။ ဒီလိုအမှားတွေလုပ်နေတာကြောင့် ကိုယ့်ကားကိုထိ ခိုက်ပျက်စီးစေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကြည့်လိုက်ကြရအောင်။ သတိမမူဘဲလုပ်မိတဲ့ အမှားတွေ ဒီလိုလုပ်ရပ်တွေကိုအများအားဖြင့် ကားမောင်း မကျွမ်းကျင်သေးတဲ့သူတွေ၊ ကားအကြောင်း သိပ်နားမလည်တဲ့သူတွေ အလုပ်များကြသလို ဒေါသကြီး ပြီး စိတ်မရှည်တတ်တဲ့သူတွေ အလုပ်များကြပါတယ်။ ဒီလုပ်ရပ်တွေထဲမှာ ဘက်မှန်ပုံမှန်မကြည့်ဖြစ်တာ၊ သတိလက်လွတ်နဲ့ နမော်နမဲ့နိုင်တာ၊ ကားမောင်း နေရင်းဖုန်းသုံးတာ၊ လီဗာကို နင်းသင့်တာထက်...

ဂွမ်းနားကြပ်တံကြာင့် ဦးနှောက်ထဲပိုးဝင်ကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့အမျိုးသား

နားသန့်ရှင်းရေးလုပ်ဖို့အတွက် အခုနောက်ပိုင်း ပေါ်လာတဲ့ ဂွမ်းနားကြပ်တံလေးတွေဟာ သိပ်ကိုအသုံးဝင်တာကိုတော့ ငြင်းလို့မရပါဘူး။ ဒါကြောင့်လည်း လူတိုင်းနီးပါးဟာ ဂွမ်းနားကြပ်တံတွေကို အပတ်စဉ် အသုံးပြုနေကြပြီး တချို့ကျတော့ နေ့တိုင်းနီးပါး အသုံးပြုကာ နားသန့်ရှင်းရေး ပြုလုပ်တတ်ကြပါတယ်။ နားသန့်ရှင်းရေးလုပ်တာဟာ သိပ်ကို ဂရုစိုက်ရတဲ့ လုပ်ငန်းဖြစ်ပြီး အခန့်မသင့်လို့ အားနဲ့ နားထဲထိုးမိတာတို့၊ နားအတွင်းပိုင်းအထိ သိပ်ရောက်သွားတာမျိုးတို့ဆို နားစည်ပေါက်တာတွေ၊ အနာဖြစ်ပြီး ပြည်တည်တာတွေအထိပါ ဖြစ်နိုင်တာမို့ သန့်ရှင်းရေးလုပ်နေတုန်း အရမ်းဂရုပြုလုပ်ဆောင်ရပါတယ်။ သို့ပေမယ့် အခုအခါမှာတော့ အဲဒီအပြဿနာတွေထက်ကို ပိုပြီး အာရုံစိုက်ရမယ့် ပြဿနာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဂွမ်းနားကြပ်တံမှ တစ်ဆင့် ဦးနှောက်ထဲကို ပိုးဝင်ကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အမျိုးသားတစ်ယောက်ရှိနေပါတယ်။အသက် ၃၁ နှစ်အရွယ်အမည်မဖော်ပြထားတဲ့ အမျိုးသားတစ်ဦးဟာ ရုတ်တရက်သတိလစ်မေ့မြောသွားတဲ့အတွက် ဆေးးရုံသို့ အရေးပေါ်ရောက်လာခဲ့ပါတယ်။ ဒီလို သတိမလစ်ခင် ၁၀ ရက်လောက်ရှိတဲ့ ရက်ပိုင်းတွေမှာ မခံမရပ်နိုင်လောက်အောင် ခေါင်းကိုက်တဲ့ဝေဒနာတွေ ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စကို...

ဗိုက်ပူနေတဲ့ဘော်ဒါတွေအတွက် ငွေမကုန်စေဘဲ ဗိုက်ချတဲ့နည်းလမ်း (ကိုယ်တွေ့နော်)

ငွေမကုန်ပဲ ဗိုက်ရွှဲတာပိန်ပြီး လှချင်လား နည်းပေးမယ်လေ။ “ဗိုက်ကျသွားတယ်”” ဘာဆေးစားလဲ”။ မေးသူများလာလို့။ တကယ်က ဆေးမလိုပါဘူး။ လေ့ကျင့်ခန်းလည်းမလုပ်ဘူး။ အစားလည်းမလျှော့ဘူး။ ရေနွေးပဲသောက်တာပါ။ အိပ်ယာထတာနဲ့ ဘာမှမလုပ်ခင် ရေနွေးပူကို အအေးခံပါ။ ခပ်ပူပူလေးနဲ့ သောက်ကောင်းရုံဖြစ်ပြီဆို ငါးကြင်းဖန်ခွက် နှစ်ခွက်စာလောက် တစ်ခါတည်း သောက်ချလိုက်။ အစမှာသူများတွေ ခက်တယ်ပြောပေမဲ့ ကျွန်တော်ကတော့ အခုဆို တစ်ဖလားလောက်လည်း သောက်နိုင်တယ်။ ပုံမှန်တော့ ခွက်ကြီးနှစ်ခွက်စာပဲ သောက်တယ်။ သောက်ပြီး နာရီဝက်လောက်မှ အစားစားရမယ်တဲ့။ ကျွန်တော်ကတော့ ဆယ်မီးနစ်လောက်ဆို စားလိုက်တာများတယ်။ အဆာပြေကိုလည်း အဝပဲစားတာ။ အဓိပ္ပါယ်က လေထိုးတံလို အူထဲက အစာဟောင်းတွေကို ရေနွေးလောင်းချပြီး အစာနဲ့ဖိချလိုက်တော့ အောက်ကိုထွက်လာတာပေါ့။ ဝမ်းချူပ်တတ်သူတွေက ညအိပ်ယာဝင်ရင် ဝမ်းပျော့ဆေး တစ်ခုခုစားပေါ့။ ကျွန်တော်တော့ ဝမ်းချူပ်လို့ မုံရွာ ဆရာမိုး ညတိုင်းစားတယ်။ ဒါကြောင့် ရေနွေးသောက်ပြီးတာနဲ့ ဝမ်းပျော့ ပျော့သွားတယ်။ ဝမ်းထဲမှာ...

အလေးချိန်ပေါင် ၆၆၀ ရှိ ရေပေါ်ပေါလော စံမြန်းတဲ့ တန်ခိုးကြီး ဗုဒ္ဓဆင်းတုတော်

ထိုင်းနိုင်ငံက ရှေးဟောင်း ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဟာ အလေးချိန် ပေါင် ၆၆၀ ရှိပေမယ့် ထူးဆန်းစွာ ရေပေါ်မှာ ပက်လက်အနေအထားဖြင့်သာ ပေါလောပေါ်ပြီး စံမြန်းတော်မူနေတာကြောင့် တန်းခိုးကြီးရုပ်ပွားတော်တစ်ဆူအဖြစ် လာရောက်ဖူးမျှော်သူတွေ များပြားလျှက်ရှိပါတယ်။ ဒီရုပ်ပွားတော်ကြီးဟာ ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်းအရပ်ရှိ “တန်ချတ်ချို” ဘုန်းကြီးကျောင်းမှာ စံမြန်းလျှက်ရှိပါတယ်။ ရုပ်ပွားတော်ကြီးဟာ ဘုန်းကြီးကျောင်းမှာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး သမိုင်းကြောင်းတောင် သိတဲ့သူမရှိဘူးလို့ အဆိုပါဘုန်းကြီးကျောင်းမှ အသက် ၅၇ နှစ်အရွယ် ဘုန်းတော်ကြီး “ပီရွန်နင်ပရာဆဒ်” က ဆိုပါတယ်။ ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကြီးဟာ နှစ်ပေါင်းများစွာကြာမြင့်နေတဲ့ ရုပ်တုကြီးဖြစ်သလို အလေးချိန် ပေါင် ၆၆၀ ရှိတဲ့အပြင် ရုပ်တုရဲ့ နေရာအနှံ့မှာလည်း အပေါက်လေးတွေ များစွာရှိနေတဲ့အတွက် ပုံမှန်ဆိုရင် ရေပေါ်မှာ ပေါလောပေါနိုင်စရာအကြောင်းကိုမရှိဘူးလို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။ ထူးဆန်းတာကတော့ ဘုန်းကြီးကျောင်းရဲ့ နှစ်ပတ်လည်အခမ်းနားတစ်ခုမှာ ကျောင်းမှာရှိတဲ့ ရုပ်ပွားတော်တွေကို အပူဇော်ခံဖို့ သယ်ယူခဲ့ရာမှာ...

ကမ္ဘာပေါ်မှာ နေဘယ်တော့မှ မဝင်ပဲ ညမရှိသော နိုင်ငံများ

ညမရှိသော နိုင်ငံများ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ နွေဥတု၊ မိုးဥတု၊ ဆောင်းဥတုဆိုတဲ့ ရာသီဥတု ၃ ပါးနဲ့ ယဉ်ပါးနေသလို နေ့နဲ့ ညဆိုတဲ့ အချိန်ကာလအပိုင်းအခြားတွေနဲ့လည်း ယဉ်ပါးနေပြီးသားဖြစ်မှာပါ။နံနက်ပိုင်း၊ နေ့လည်ပိုင်း၊ ညနေပိုင်း၊ ညပိုင်း စတဲ့ အချိန်ကာလအပိုင်းအခြားတွေဟာ နေထွက်မှု၊ နေဝင်မှုတွေအပေါ်မူတည်ပြီး ပြောင်းလဲနေတာလည်းဖြစ်ပါတယ်။ဒါပေမယ့် အံ့သြဖွယ်အနေနဲ့ နေဘယ်တော့မှ မဝင်တဲ့ နေရာဒေသတွေ ကမ္ဘာပေါ်မှာရှိနေပါတယ်။အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်ဒေသတွေနဲ့ အန္တာတိတ်စက်ဝိုင်း တောင်ဘက်ဒေသမှာ တည်ရှိတဲ့ နိုင်ငံတွေမှာ ဒီအဖြစ်အပျက်တွေ တည်ရှိနေတာဖြစ်ပါတယ်။ကမ္ဘာကြီးရဲ့ဖွဲ့စည်းပုံ၊ နေအဖွဲ့အစည်းရဲ့ လည်ပတ်လှုပ်ရှားနေမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်က နေဘယ်တော့မှ မဝင်ပဲ ညမရှိတဲ့ နိုင်ငံတွေကို ဖော်ပြပေးပါမယ်။ ၁။ နော်ဝေ နော်ဝေနိုင်ငံဟာ အာတိတ်စက်ဝိုင်းဒေသအတွင်းတည်ရှိပါတယ်။ နေဘယ်တော့မှမဝင်ပဲ ညသန်းခေါင်ယံအထိနေကို ကြည့်နိုင်တဲ့နိုင်ငံအဖြစ်လည်း လူသိများပါတယ်။မေလ ကနေ ဇူလိုင်လအတွင်း ၇၆ ရက်ကာလဟာ နေဘယ်တော့မှ မဝင်ပါဘူး။...

လက်ရှိကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ၁၀ ဦး

၁၀။ မာခက်ရှ် အမ်ဘန်နီ (Petrochemicals, oil & gas) မာခက်ရှ် အမ်ဘန်နီ ကတော့ အာရှရဲ့အချမ်းသာဆုံးဖြစ်ပြီး အိန္ဒိယ အမျိုးသားစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။  သူဟာ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိကပိုင်လုပ်ငန်းစုကြီးများ (Fortune 500 အုပ်စု) တွင် တစ်ခုအပါအဝင် ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက လုပ်ငန်းစုဖြစ်သော Reliance Industries ၏ ဥက္ကဋ္ဌနှင့် မန်နေးဂျင်းဒါရိုက်တာ ဖြစ်ပါတယ်။ သူ၏ တစ်ဦးတည်းပိုင် အစုရှယ်ယာမှာ Industries တစ်ခုလုံး၏ ၄၈ % ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက အပြင်းအထန် ပြန်လည်ထူမတ်လာသော အစုရှယ်ယာ ဈေးကွက်နှင့် အိန္ဒိယ ရူပီးငွေ တန်ဖိုး သိသာထင်ရှားစွာ မြင့်တက်လာမှုတို့ကြောင့် Reliance Industries အုပ်စုကြီး၏ ဈေးကွက် အခွင့်အလမ်းများ မြင့်တက်လာပြီး၊...

error: Content is protected !!