Category: ဓာတ်ပုံ

အင်းယားကန်ဘောင်မှ ထီးများ အမြန်ဆုံးပြန်လည်တပ်ဆင်နေမှု မြို့တော်ဝန်သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးများကြပ်မတ်ရန်မှာကြား

အင်းယားကန်ဘောင်လမ်းလျှောက်သင်္ကြန်မှ ထီးများ အမြန်ဆုံးပြန်လည်တပ်ဆင်နေမှု မြို့တော်ဝန်သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြား ယနေ့ အင်းယားကန်ဘောင်လမ်းလျှောက်သင်္ကြန်တွင် ဖြုတ်ယူခံရသဖြင့် ထီးများပျက်စီးမှု အခြေအနေကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ ယခုညပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြပြီး ယင်းတို့ကို အမြန်ဆုံး ပြန်လည်နေမှုကိုကြည့်ရှုခဲ့ကာ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ Credit-ပေါ်ပြူလာ

မြကျွန်းသာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို လာရောက်ချီးမြှင့်ခဲ့တဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ ဇနီးမောင်နှံ

ယ​နေ့ မြကျွန်းသာ လမ်း​လျှောက်​သင်္ကြန်​ပွဲ​တော်​သို့ လာ​ရောက်​ချီးမြှင့်​ခဲ့သည့်​ သမ္မတ​ဟောင်း ဦးထင်​​ကျော်​နှင့်ဇနီး ။ ရိုးသားတဲ့သမ္မတကြီးတို့ဇနီး​မောင်​နှံ ယ​နေ့ကျ​ရောက်​တဲ့ မဟာသင်္ကြန်​ အကြတ်​​နေ့မှစ၍ ​နောက်​နှစ်​​ပေါင်းများစွာ အသက်​ရှည်​ ကျမ်းမာကြပါ​စေ.. Credit-Pe Tar

UK မှာပြုလုပ်တဲ့ မြန်မာသံရုံးသင်္ကြန်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူနဲ့ မြေးဖြစ်သူတို့ တက်ရောက်

UK မှာပြုလုပ်ကျင်းပတဲ့ မြန်မာသံရုံးသင်္ကြန်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim နှင့် မြေးဖြစ်သူ Jamie တို့ တက်ရောက်ခဲ့တာတွေ့ရပါတယ်။ ထူးထူးခြားခြားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးဖြစ်သူ Jamie လည်း ဒီပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။ Photos-Nitta May

နေပြည်တော် ဇေယျာသီရိကုန်တိုက် မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်မှာ ဧပြီလ(၁၄)ရက် ညနေ ၃ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 2 အဆင့်သတ်မှတ်ပြီး ငြှိမ်းသတ်နေတယ်လို့ သိရပါတယ်။  

တိုက်ချီတိုတို့ မဏ္ဍပ်မှာ ရေထွက်ကစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

အိမ်မွေးခွေးလေးရဲ့ အမည်ပေးထားတဲ့ တိုက်ချီတိုတို့ မဏ္ဍပ်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကြန် အကြိုနေ့ ညနေပိုင်းကို ရေထွက်ကစားရင်း ဖြတ်သန်းခဲ့ပါတယ်။ ဒီမဏ္ဍပ်ဆောက်လုပ်တာ ဒီနှစ်ဆိုရင် ၃ နှစ်မြောက် ရှိပြီ ဖြစ်ပြီး နှစ်တိုင်းလည်း ရေထွက်ကစားလေ့ ရှိပါတယ်။ ဒီနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတကတော် ဒေါ်ချိုချိုနဲ့ အတူ ပြုံးပြုံးရွှင်ရွှင် တွေ့ ရပြီး အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဦးမင်းသူကိုလည်း အနားမှာ တွေ့ ရပါတယ်။ ကျန်တဲ့ ဝန်ကြီးတွေ တော်တော်များများကတော့ နေပြည်တော်ဗဟို မဏ္ဍပ်မှာ ဒုတိယ သမ္မတနဲ့အတူ ဖွင့်ပွဲတက်နေရတဲ့အတွက် တိုက်ချီတိုတို့ မဏ္ဍပ်ကို လာရောက်ခြင်း မရှိခဲ့ပါဘူး။ Credit-ဧရာဝတီ

လှိုင်သာယာ ထိန်ပင် အမှိုက်ပုံထပ်မံမီးလောင်မူဖြစ်ပွား

ပြီးခဲ့သည့်နှစ်ကမီးလောင်မူဖြစ်ခဲ့သောလိုင်သာယာမြို့နယ်ရှိထိန်ပင်အမိုက်ပုံဟာဧပြီလ ၁၃ ရက်နေ့မွန်လွဲပိုင်း၂နာရီခွဲခန့်ကအပူချိန်မြင့်မားမူကြောင့်မီးလောင်မူထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါမီးလောင်းမူကိုမြိုနယ်မီးသတ်ဌာနများရှိမီးသတ်ကား၁၄စီးခန့်မီးသတ်အင်အား၁၀၀ခန့်ဖြင့်မီးငြိမ်းသတ်ခဲ့ရပြီးညနေ၄နာရီခန့်တွင်မီးငြိမ်းသွားကြောင်းသိရသည်။ Credit-News Watch

မဟာဗန္ဓုလပန်းခြံမှာ ယနေ့တည်းက မြင်တွေ့နေရပြီဖြစ်တဲ့ သင်္ကြန်ပန့်ခ်များ

သင်္ကြန် ပန့်ခ်တွေ လာပြီ သင်္ကြန်ပွဲတော်မှာ နှစ်စဉ် မြင်တွေ့နေကျ ပန့်ခ် ဒီဇိုင်းတွေကို ဒီနှစ်မှာလည်း ပြန်တွေ့လာရပါတယ်။ ဒါကတော့ ရန်ကုန် မဟာဗန္ဓုလပန်းခြံထဲမှာ ဖြစ်ပါတယ်။ သင်္ကြန်မှာ ၀တ်တတ်တဲ့ ဖက်ရှင်တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ အမြင်ကိုလည်း ရှယ်ကြပါဦး။ Credit-ဘီဘီစီ

ရန်ကုန်လမ်းလျှောက်သင်္ကြန်လည်ပတ်သူများ အပူဒဏ်သက်သာစေရန် ဝါးပင်များနှင့်တည်ဆောက်

ရန်ကုန်တိုင်းဒေသကြီး မဟာဗန္ဓုလ လမ်းနှင့် ကုန်သည်လမ်းတွင် လမ်းလျှောက်သင်္ကြန်အတွက် သင်္ကြန်လည်ပတ်သူများ အပူဒဏ်သက်သာစေရန်ဝါးပင်များဖြင့် မဏ္ဍပ်နှင့်  သင်္ကြန်မုဒ်ဦးတည်ဆောက်နေကြသည်။ ရန်ကုန်လမ်းလျှောက်သင်္ကြန်ကိုတော့ ယခုနှစ်မှစတင်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ Credit-News Watch

လမ်းလျှောက်သင်္ကြန်အတွက် အင်းလျားကန်ပေါင်မှာ ပုသိမ်ထီးများနှင့် အလှဆင်

ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က အင်းလျားကန်ပေါင်မှာ လမ်းလျှောက်သင်္ကြန်အတွက် ပုသိမ်ထီးလေးတွေနဲ့ အလှဆင်ထားတဲ့ မြင်ကွင်းတချို့ကို ဒီကနေ့ (ဧပြီ ၁၀ ရက်) မှာ တွေ့မြင်ရတာ ဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန်ကို ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ပြုလုပ်ခဲ့ပေမယ့် ရန်ကုန်မြို့မှာတော့ ယခုနှစ်မှစတင်ပြီး ပထမဆုံးအကြိမ်ပြုလုပ်မှာဖြစ်ပါတယ်။ Credit-ဘီဘီစီ