Category: ကျန်းမာရေး

သင်္ကြန်မှာ မသန့်ရှင်းတဲ့ရေကြောင့်ရနိုင်တဲ့ အရေပြားရောဂါများ နဲ့ ကာကွယ်ထိန်းသိမ်းနည်းများ

အခုခေတ်မှာ သင်္ကြန်ရေက အန္တရာယ်ကင်းလား၊ သင်္ကြန်ရေတိုင်းကရော သန့်ရဲ့လား။ သင်္ကြန်အတွင်းမှာ ရေပက်ခံရင်ပဲဖြစ်ြဖစ်၊ ရေပက်ရင်ပဲဖြစ်ဖြစ် ရေအမျိုးစုံနဲ့ထိတွေ့တာနဲ့ နေဒဏ်၊လေဒဏ်တွေကြောင့် အရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။သင်္ကြန်မှာ ရေတိုင်းက အန္တရာယ်မကင်းပါဘူး။ ရေတွေမသန့်တဲ့အခါ အရင်ဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားပါ။ သင်္ကြန်မှာ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေအများကြီးရှိနိုင်ပါတယ်။ အရေပြားနေလောင်ပျက်စီးခြင်း တစ်နှစ်မှာ တစ်ခါပဲကြုံရတာဆိုပြီး သင်္ကြန်ကို မနက်ကစလို့ ညနေအထိတစ်နေကုန်အောင်လည်ကြ ပျော်ကြတာများမယ်ထင်ပါတယ်။ ဒီလိုလည်တဲ့အခါ သင်္ကြန်လည်တာပဲ ရေစိုရင် အရေပြားပေါ်မှာလူးထားတာတွေမထူးဘူး ပျက်သွားမှာပဲလို့တွေးပြီး ဘာမှမလူးဘဲ လည်မလို့စဉ်းစားနေလား။ သင်္ကြန်မှာ နေလောင်ဒဏ်ခံရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။ သေချာတာက သင်္ကြန်လည်ပါတယ်ဆိုမှ ဘယ်သူမှ ကားကိုအလုံပိတ်ပြီး မလည်ဘူးလေ။ ဒီလိုပဲ မဏ္ဍပ်ထိုင်ရင်လည်း နေပူပူထဲမှာအမိုးအောက်ထဲနေပြီး လေဒဏ်ခံရင်း ရေပက်ကြတာပဲလေ။ အရေပြားမှာ အဖုအပိမ့်တွေထွက်ခြင်း သင်္ကြန်ရေတွေထဲမှာ သန့်ရှင်းတဲ့ရေတွေရှိသလို ကန်တွေ၊ သိုလှောင်ထားတဲ့ ရေတွေနဲ့ပက်တဲ့အခါ ရေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားလေးတွေပါနေခဲ့ရင် အရေပြားမှာ...

ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူး (၇)မျိုး

ပျားရည်လို့ပြောလိုက်ရင် အသားအရေ လှစေတဲ့၊ အလှအပအတွက် အရမ်းအသုံးဝင်တဲ့အရာလို့ လူတွေက သိကြပါတယ်။ ဒါပေမယ့် ပျားရည်မှာ တခြားအကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်။ အိပ်ရာဝင်ခါနီးတိုင်းမှာ ပျားရည်ကို စားပေးမယ်ဆိုရင် ဒီလို အံ့မခန်းအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာကတော့ သိတဲ့သူတွေ ရှားပါတယ်။ ဒီတော့ ပျားရည်စားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရလာတဲ့အကျိုးကျေးဇူးလေးတွေကို အခုပဲဖတ်ကြည့်ပြီး မျှဝေလိုက်နော်။ (၁) ကောင်းကောင်းအိပ်ပျော်စေတယ် – ပျားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ tryptophan, amino acid တို့ ပါဝင်တာကြောင့် ညအိပ်ခါနီး ပျားရည်တစ်ဇွန်းကို ရေနွေးလေးနဲ့ရောပြီး သောက်ပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေပါတယ်။ (၂) သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်-သွေးတိုးရောဂါဟာ နောက်ပိုင်းမှာ နှလုံးကို အပြင်းအထန်ထိခိုက်စေပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်တာကြောင့် ပေါ့ဆလို့မရတဲ့ ရောဂါတစ်မျိုးပါ။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် အိပ်ရာဝင်ခါနီးတိုင်း တစ်ဇွန်းစားပေးရင် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ (၃) သွေးကြောထဲအဆီမပိတ်အောင်...

လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က သတိပေးနေတဲ့ လက္ခဏာများ

လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်ပါလိမ့်မယ်။ လေဖြတ်လေငန်းရောဂါဆိုတာ သိပ်ကြောက်ဖို့ကောင်းတဲ့ရောဂါပါ။ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်နိုင်တော့လို့ ချေးပါ၊ သေးပေါက်ကအစ အိမ်သားတွေကို အားကိုးရမှာဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်တာမဟုတ်ဘဲ အိမ်သားတွေပါ ဒုက္ခရောက်စေတဲ့ ရောဂါမျိုးပါ။ ဒါကြောင့် လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင် ပါလိမ့်မယ်။ ၁။ အမြင်အာရုံအားနည်းမယ် လူတော်တော်များများက ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အမြင်အာရုံ အားနည်းခြင်းတို့ကို အသက်အရွယ်ကြီးရင့်လာလို့တို့၊ ပင်ပန်းနွမ်းနယ်လို့တို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မျက်စိထဲမှာ ပုံရိပ်တွေကို နှစ်ထပ်မြင်နေရပြီဆိုတာ ပင်ပန်းလို့ဆိုတာထက်၊ မျက်စိကို အများကြီးအသုံးချမိလို့ ဆိုတာထက်ပိုပါတယ်။ ဒါဟာ သွေးကြောပိတ်ဆို့ခြင်းကြောင့် မျက်စိဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် မရောက်တဲ့အခါဖြစ်တတ်ပါတယ်။ဒါဟာာ လေဖြတ်ခြင်းရဲ့လက္ခဏာတစ်ခုပါ။ ဒါကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ကြုံနေရပြီဆိုရင် မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးပါ။ ပြီးရင်လေဖြတ်...

ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ အသက်ရှည်ကျန်းမာလိုလျှင် ဤစာကိုဖတ်ဖြစ်အောင်ဖတ်ပါ

သံပယိုရည်နဲ့ ရေနွေးကိုသာက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ သကြားကို မထည့်ပါနဲ့ ပူနေတဲ့သံပယိုရေနွေးဟာ အေးနေတဲ့ သံပယိုရည်ထက်ပိုပြီး အကျိုးကျေးဇူးရှိပါတယ်။ ကဇွန်းဥ အဝါနဲ့ခရမ်းရောင်တို့မှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့အရာကောင်းများ ပါဝင်ပါတယ်။ ၁။ ညနှောင်းပိုင်းအစားအစာစားခြင်းဟာအစာအိမ်ကင်ဆာကို ဖြစ်နိုင်ခြေများစေပါတယ်။ ၂။ တပတ်တွင် ကြက်ဥ၄လုံးထက်ပို၍ မစားမိပါစေနဲ့။ ၃။ ကြက်အဆီဘူးကို စားခြင်းဟာအစာအိမ်ကင်ဆာကို ဖြစ်စေပါတယ်။ ၄။အစာစားပြီး အသီးကို မစားပါနှင့်။ အသီးကို အစာမစားမီ စားသုံးပါ။ ၅။ ရာသီလာချိန်တွင်လက်ဖက်ရည်မသောက်ပါနှင့်။ ၆။ ပဲနို့ကို လျော့သောက်ပါ။ ပဲနို့ထဲတွင် သကြားနှင့်ကြက် မထည့်သောက်ပါနှင့်။ ၇။ အစာမရှိဘဲ ခရမ်းချဉ်သီး မစားပါနဲ့။ ၈။ သည်းခြေတွင် ကျောက်တည်ခြင်းမှ ကာကွယ်ရန်နံနက်အစာအစားမီ ရေတခွက်သောက်ပါ။ ၉။ ညမအိပ်မီ ၃နာရီအလိုမည်သည့်အစားအစာမှ မစားပါနှင့်။၁၀။ Teh Tarik နွားနို့နှင့်ရောစပ်ဖျော်ထားသော လက်ဖက်ရည်လျော့သောက်ပါ။ အာဟာရမရှိသော အရာများက ဆီးချိုနှင့်သွေးတိုး...

လမ်းဘေးစပ်ဆေးနှင့် နေဝင်သွားသော ဘဝများ

သမီး…​ရေ…အ​မေ့အတွက်​ ဒူးကိုက်​ ​ပျောက်​​ဆေး… သွားဝယ်​ စမ်းပါအုံး။ အဲ့ ကုလား​လေးကို​ပြော… အ​မေကြီး ဒူး​တွေ တအား နာ​နေလို့…လို့..။ ​ဆေးသုံးခွက်​​လောက်​ စပ်​​ပေး ပါ လို့​ပြော။ ခပ်​ပြင်းပြင်း​လေး စပ်​​ပေးပါလို့ ​ပြောစမ်းပါ​အေ…ဟုတ်​..​မေကြီး။ ယဉ်​​အေး… စာကျက်​​နေရာမှ ​ပြေးထွက်​လာခဲ့သည်​။ ယဉ်​​အေးက .. ​လေးတန်း​ကျောင်းသူ….မနက်​ဖြန်​က စာ​မေးပွဲ။ နှစ်​စဉ်​ နှစ်​တိုင်းပထမ….ရ​နေကျ။။ဒါ​ပေမဲ့လဲ အ​မေ့ကို ​ဆေးစပ်​​ပေးရတာ​တော့ ယဉ်​​အေးရဲ့ ​နေ့တဓူဝ အလုပ်​။  အ​မေ့ရဲ့ ဒူးနာ ခါးနာ တကုယ်​လုံးနာက တ​နေ့ တမျိုး နာသည်​။ ကုလား..ကလဲ ကို့ မြင်​တာနဲ့ မှတ်​မိ​နေပြီ။ အကိုကြီး​ရေ ဆိုတာနဲ့…ဟဲ့ ​ဒေါ်​ထွေးတင်​ ဘယ်​နား နာပြန်​ပြီတုန်း….ဆိုတာချည်းပဲ။ဒေါ်​ထွေးတင်​က… အသက်​က…၄၀..စွန်းစ ​ယောကျာ်းက အရက်​သမား… သမီး​လေး တ​ယောက်​ ထဲ ​မွေးပြီး ဂန္ဒီ​ဆေးရုံမှာ လက်​​မောင်းထဲ သ​န္ဓေတား​ဆေး ပစ္စည်း ထည့်​...

ကိုယ်​​တွေ့မို့ မျှ​ဝေပါရ​စေ လွန်​ခဲ့တဲ့ ၄ လ​လောက်​ထဲက လမ်း​တောင်​မ​လျှောက်​နိုင်​​အောင်​ နာ​နေတဲ့ ဒူးကျီး​ပေါင်းတက်​တာ

ကိုယ်​​တွေ့မို့ မျှ​ဝေပါရ​စေ လွန်​ခဲ့တဲ့ ၄ လ​လောက်​ထဲကလမ်း​တောင်​မ​လျှောက်​နိုင်​​အောင်​ နာ​နေတဲ့ ဒူးကျီး​ပေါင်းတက်​တာ အထူးကုနဲ့ပြ​/​ဆေးမျိုးစုံ​သောက်​/စက်​​တွေနဲ့​လေ့ကျင့်​ခန်းလုပ်​ မ​ပျောက်​လို့စိတ်​ညစ်​​နေတာသူငယ်​ချင်းတစ်​​ယောက်​နဲ့​တွေ့ပြီးသူ့ကိုယ်​​တွေ့ဆိုပြီးညွန်းလို့ မယုံ​ပေမဲ့စမ်းကြည့်​လိုက်​တာ တပတ်​အတွင်းလုံးဝနီးပါး​ပျောက်​သ​လောက်​ဖြစ်​သွားလို့ ပြန်​လည်​မျှ​ဝေပါတယ်​ မူရင်းတင်​သူက သူငယ်​ချင်း ကို​ဇော်​ဦးပါ ကိုယ်​​တွေ့မို့ စမ်းကြည့်​​စေချင်​တယ်​​ သူငယ်​ချင်း ကို​ဇော်​ဦး Post ​သေချာလို့ကြေငြာပါရစေ ၂၀၀၅ ကစလို့ဒူးနာခဲ့တာ၂၀၀၈မှာဒူးထဲမှာချောတဲ့လမ်းကြောင်းသိပ်မရှိတော့ဘူးလမ်းတောင်သိပ်မလျောက်ပါနဲ့လို့profက​ပြောတယ်​ ၆/ ၈ / ၂၀၁၈ ရက်နေ့က မတွေ့တာနှစ်​ပေါင်း၄၀ကျော်ကြာပြီဖြစ်​တဲ့သူငယ်ချင်းသင်္ချာပါမောက္ခကိုဝင်းဆွေ(အငြိမ်းစား)ပေးတဲ့ဆေးနည်း၆/၈/၁၈နေ့မှာဘဲစလိမ်းတာကနေ့၇၅%လောက်ကောင်းနေပါပြီ သူငယ်ချင်းကတော့လည်ပင်းကြီးပေါင်းဇက်လိမ်နေတဲ့အဆင့်ကို ၄၅ ရက်နဲ့ပျောက်ခဲ့တယ်လို့နုတ်ပြောလေးနဲ့မျှဝေလို့ ၃. ၄ ဦးလောက်လဲအဆင်ပြေနေကြပြီ​ ​ဝေဒနာရှိနေရင်ကောင်းစေချင်လို့ထပ်ဆင့်ဖြန့်ဝေတာပါ ဆေးနည်းကအရမ်းဈေးသက်သာပါတယ်သုံးကြည့်ပါ ရက်ရှည်အကြိမ်များများ လိမ်းဖို့တော့လိုပါတယ် ကွမ်းစားတဲ့ထုံးနဲ့အုန်းဆီကိုသမအောင်ရောစပ်ပြီးလိမ်းတဲ့နေရာထုံးဖွေးနေဖို့လဲမလိုဘူးထုံးများသွားရင်​လဲ ထုံးကအဖတ်​လိုက်​ကွာထွက်​ပါတယ်​ အုန်းဆီများသွားရင်​လဲ အဝတ်​အစား​တွေဆီ​ပေပါတယ်​ ချိန်​ဆပြီး​ရောပါအချိုးအစားအစဉ်​​ပြေသွားရင်​ ​ခြောက်​သွားပါတယ်​ ထုံးမကြီးသီး​စေ့ ၅ ​စေ့စာ​လောက်​ကို အုန်းဆီ ၆ စက်​/၇ စက်​ ​လောက်​ ထည့်​ရင်​ အ​တော်​ပါဘဲ နှစ်​ခုစပ်​ပြီးရင်​ ဖြစ်​တဲ့​နေရာကိုအတော်ကြာပွတ်ပေးဖို့​တော့လိုပါတယ် ဘေးထွက်ဆိုးကျိုးမရှိပါ ထုံးမပေါက်ပါ ကိုယ်တွေ့ပါ...

ဝမ်းချုပ်နေသူများ သက်သာအောင် ဒီလိုလုပ်လို့ရတယ်

(၁) နံနက်အိပ်ရာထ သောက်ရေ နှစ်​ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ)(၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။(၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။(၄) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။(၅) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍...

ခြင်တွေဟာ လူတချို့ကို ကိုက်ပြီး တချို့သူတွေကိုတော့ မကိုက်ကြရတဲ့ အကြောင်းအရင်း

ခြင်ဆိုတဲ့ သတ္တဝါဟာ ကမ္ဘာပေါ်မှာ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး သတ္တဝါတမျိုး ဖြစ်ပြီး လူတွေကို မှီခိုပြီး အသက်ရှင်နေကြတဲ့ သတ္တဝါတမျိုးလည်း ဖြစ်ပါတယ်။ နေ့စဉ်ပတ်ဝန်းကျင်မှာ လူတွေဆီကနေ သွေးစုပ်ဖို့ ချောင်းမြောင်းနေတတ်ကြတဲ့ ခြင်တွေဟာ လူတချို့ကို ကိုက်ပြီး တချို့သူတွေကိုတော့ မကိုက်တာမျိုးတွေကို သင့်အနေနဲ့ အနည်းနဲ့ အများဆိုသလို ကြုံတွေ့ဖူးကြမှာပါ။ ဘာကြောင့် ဒီလိုမျိုး ဖြစ်ပေါ်ရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက သိပ္ပံရှုထောင့်ကနေ အခုလိုပဲ ရှင်းလင်းထားပါတယ်။ (၁) ခြင်တွေဟာ လူတွေအသက်ရှုတဲ့အခါ ပြန်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ခြေရာခံကာ ကိုက်တတ်ကြတာဖြစ်ပြီး သူများထက်ပိုပြီး ခြင်အကိုက်ခံရသူတွေဟာ အသက်ရှုတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်များများ ထုတ်တတ်ကြသူတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်က မိမိအသက်ရှုသံကို သတိမထားမိပေမယ့် ခြင်တွေကတော့ သင်ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မူတည်ပြီး သွေးစုပ်တတ်ကြပါတယ်။ (၂) သိပ္ပံပညာရှင်တွေရဲ့ နောက်ထပ်လေ့လာမှုတခုကတော့ ခန္ဓာကိုယ်မှာ ပုံမှန်ထက် ချွေးပိုထွက်တတ်သူတွေဟာ ခြင်ပိုမိုကိုက်ခံရလေ့ရှိပြီး ခန္ဓာကိုယ်ကထွက်တဲ့...

ကလေး နို့ကို ညစ်ခိုင်းသူများ၊ ကတုံးတုံးခိုင်းသူများ၊ ချက်ထဲ ဟိုဆေးထည့် ဒီဆေးထည့်ခိုင်းသူများ ၊ သနပ်ခါး၊ ပေါင်ဒါ သုံးခိုင်းသူများ ဖတ်ထားကြပါ

ကိုယ်တွေနိုင်ငံက ကျန်းမာရေး ပညာပေး ဘယ်လိုလုပ်လုပ် အရိုးစွဲနေတဲ့ မဟုတ်မဟုတ် အတွေးအခေါ် အယူအဆကတော့ ပြင်ကိုမပြင်နိုင်ကြဘူး .. တလွဲဆံပင်ကောင်းတွေ P.s သနပ်ခါးက သဘာဝလို့ တော့ လာမပြောနဲ့ ဘယ် သနပ်ခါးတုံးမှ ပိုးသတ်ပြီးရောင်တာ မရှိသေးဘူး ကလေးမိဘတွေ သတိထားကျပါ !” မရှိတာထက် ….. မသိတာကခက်မသိတာထက် …… သိသိနဲ့မလိုက်နာတာက ပိုခက်” ကလေးအနှီးဖွင့်လိုက်တော့ ချက်ပုပ်တဲ့အနံ့ကထောင်းခဲရလိုက်တယ် ။ ခေါင်းလေးပြောင် ၊ အဖျားတွေတတ် နို့အုံလေးယောင်ပြီး ငိုနေတဲ့ ကလေးကိုကြည့်ပြီး သနားစိတ်နဲ့အတူ မိဘတွေကို နဲနဲတော့ဆူမိတယ် ။ဘယ်မှာမွေးတာလဲ ဆိုတော့ ဆေးရုံမှာ ဆရာမတွေကလဲဆောင်ရန်ရှောင်ရန်တွေပြောပြတယ် အိမ်က အဖွားကလုပ်ဆိုလို့ တဲ့( ကလေးငယ် နို့အုံယောင်နေတာ အဖွားလက်နဲ့ညှစ်တာ ကြီးတဲ့အခါနို့မစူအောင်တဲ့ ၊ ခေါင်းရိတ်ခိုင်းတယ် ၊ သနပ်ခါးနဲ့ပေါင်ဒါတွေက သမီးလုပ်ထားတာ ) ကလေးမေမေရေ ကလေးတွေမှာ...

သင်ကိုယ်တိုင်မသိခင်မှာပဲ စိုးရိမ်စရာရောဂါတွေရှိနေပြီလား…ဒီလက္ခဏာတွေကို မပေါ့ဆသင့်ပါ…

သင့်ရဲ့ခန္ဓာကိုယ်ဟာ သင်မသိခင်မှာပဲ သင့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လက္ခဏာလေးတွေနဲ့ အသိပေးနေတတ်တယ်ဆိုတာ သင်သိပါသလား။ ဒီလို လက္ခဏာလေးတွေကို သတိမထားပဲ ပေါ့ပေါ့ဆဆ နေမိရင် ကြာလာတဲ့အခါ ပိုပြီးပြင်းထန်လာတော့မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်က ဒီလက္ခဏာလေးတွေ ပြနေပြီဆိုရင်တော့ ဆရာဝန်ထံ သွားရောက်ဆေးစစ်မှုခံယူဖို့ လိုအပ်နေပါပြီ။ (၁) ခြေဖဝါးတွေနီနေရင်၊ ပန်းရောင်ဖြစ်နေရင်….. သင့်ရဲ့ခြေဖဝါးတွေ နီနေတယ်၊ ပန်းရောင်ဖြစ်နေတယ်ဆိုရင် ခြေဖဝါးလေးတွေ နုနေလို့လို့ မထင်လိုက်ပါနဲ့။ သင့်ရဲ့ခန္ဓာကိုယ်ထဲက သကြားပမာဏကို စစ်ဆေးဖို့လိုနေပါပြီ။ ဆီးချို ဒါမှမဟုတ် ဝမ်းနဲ့ပတ်သက်ပြီး ပြသနာတစ်ခုခုရှိနေနိုင်ပါတယ်။ (၂) မျက်ခုံးမွှေးတွေကျွတ်ရင် တကယ်လို့ သင့်မျက်ခုံးမွှေးတွေဟာ တဖြည်းဖြည်း ပါးသွားရင်၊ ကျွတ်နေရင်တော့ သင့်ရဲ့ သိုင်းရွိုက်မှာ ပြသနာရှိနေနိုင်တာကြောင့် ဆရာဝန်ထံ သွားရောက်ပြသဖို့လိုနေပါပြီ။ (၃) ခြေထောက်တွေ ရောင်ရမ်းနေရင် သင့်ခြေထောက်ဟာ နာကျင်မှုလည်းမရှိ၊ ယားယံမှုလည်း မရှိပေမယ့် ရောင်ရမ်းလာတယ်၊ ဖောလာတယ်ဆိုရင်တော့ အဆစ်အမြစ်ရောင်ရောဂါ...

error: Content is protected !!