ဒီကနေ့ Diamond KTV ဖွင့်ပွဲကို အမိုက်စားဖက်ရှင်တစ်မျိုးနဲ့ တက်ရောက်လာခဲ့ပြန်တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ လတ်​တ​လောမှာ​တော့ သူမက​ အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုရယ်​ သူငယ်​ချင်း​တွေရယ်​နဲ့အတူ ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။

သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကိုလဲ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီး ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးနေလျက်ရှိပါတယ်။ အမြဲလိုလိုဖက်​ရှင်​ကျ​နေတဲ့ သင်​ဇာက​တော့ ပွဲ​အခမ်းအနားတွေမှာလည်း စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဖက်​ရှင်​​တွေနဲ့ တက်​​ရောက်​​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ ပါးစပ်​ဖျားမှာ နာမည်​ကြီး​နေသူ​လေးပဲ ဖြစ်​ပါတယ်​။

ဒီကနေ့၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်၊ ဦးဝိစာရလမ်းမှာ ဖွင့်လှစ်လိုက်တဲ့ “Diamond KTV” ဖွင့်ပွဲကို သင်ဇာဝင့်ကျော်ကအမိုက်စားဖက်ရှင်နဲ့တက်ရောက်လာခဲ့ပြန်ပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ပွဲတက်ဖက်ရှင် ဟာ အရမ်းကို Sexy ကျတာကြောင့်ပရိသတ်တွေကြားလူပြောများနေပါတယ်။ Diamond KTV ဖွင့်ပွဲကိုတက်ရောက်လာတဲ့သင်ဇာရဲ့ ပုံရိပ်တွေကိုပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလဲ သင်ဇာ့ကိုချစ်ရင် Share သွားဖို့မမေ့နဲ့နော်။

photo source : myanmar celebrity

Tips News

error: Content is protected !!