ပြန်လာချင်တယ်ပြောတဲ့ ရည်းစားဟောင်းတွေအပေါ် ဆယ်လီတွေရဲ့ တုံ့ပြန်ပုံ

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် ဆယ်လီတွေရဲ့ EX တွေအပေါ်ပြောတဲ့ စကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁)“ရဲရင့်အောင်”

( မယ်လမု ဘုရားက သောကြာထောင့်မှာ ကိုးနဝင်း မိုးလင်းတဲ့ အထိ ဝင်ရင်း ဆုတောင်းလေ.. ပူဖောင်းတော့ ရချင်ရမယ် ငါ့အချစ်နင် ပြန်မရဘူး )

(၂)“သုသု” [မိတ်ကပ်]

( ပါးချည်း Double ဆင့်ရိုက်လိုက်လို့ ညာဘက်သွားတွေက ဘူးသီးတောင်… ဘယ်ဘက်သွားတွေက လောက်ကိုင်… လေ့လာရေး ခရီးတွေ ထွက်ကုန်မယ် ဘာမှတ်။ Ex ဆိုတာ City mart က ဝယ်လာတဲ့ ကြွပ်ကြွပ်အိတ် အမဲလေးထဲက ဟာလိုပဲ… တစ်ခါသုံးဖို့ အတွက်ပဲ ထိုက်တန်တာမျိုး)

(၃)” ရွှေမှုန်ရတီ”

( အနားမှာ မနေချင်လို့ ထွက်သွားလည်း I Don’t care… ပြန်လာမယ်ပြောပြီး ဒူးထောက်ပြနေလည်း I Don’t Care… Ex ဆိုတာ ကျမ ဆင်းကူးနေကျ ကန်ထဲကရေလိုပဲ… မသန့်လို့ ပိုးသတ်ဆေး အမြဲထည့် Clean လုပ်ရသလို သုံးမရတော့တာနဲ့ အသစ်ပြန်လဲလှယ်ပေးရတာမျိုး)

(၄)“ဂျူး”

( မောင့်လွှတ်ချထားခဲ့တဲ့ ခပ်နွမ်းနွမ်း လက်တစ်စုံမှာ ကတ်တီးယား စိန်တိုက်က လက်ထပ်လက်စွပ် အပွင်ကြီးကြီး နေရာယူတာ မြင်ရတော့မှ.. ဘာတဲ့ မောင် ! ဖြစ်ခဲ့သမျှ တောင်းပန်ပါတယ် တဲ့လား? စိတ်ချပါ မောင် ! ဒီမင်္ဂလာပွဲ နဲ့ မောင့် လူ့ဘဝသက်တမ်း Expire ကုန်မယ့်ရက် တစ်ထပ်တည်း ဖြစ်စေရပါ့မယ်.. ဒါ ကျယ်မရဲ့ သစ္စာစကားပဲ။ )

(၅)“အိုင်းရစ်ဇင်မာမြင့်”

( မလိုအပ်တော့လို့ အမှိုက်ပုံထဲ ပစ်ထည်ထားခဲ့တဲ့ ဖိနပ်တစ်ရံလေ… ရှိုးအပဲ့ခံ အိမ်နေရင်းတောင် ပြန်မစီးဘူး။ ကိုယ်အတွက် သုံးမရတဲ့ဖိနပ် သူများက ဦးခေါင်းထက် တင်ထားတာ မြင်ရလေ.. နောက်ဂျွမ်း 62 ခါပစ် ရယ်ချင်မိလေပဲ )

Source : popping new

Tips News

error: Content is protected !!