ဇနီးသည်နှင့် ကွဲကွာနေသဖြင့် အရက်စွဲနေသည့် အမျိုးသားက ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

ဇနီးဖြစိသူနှင့်ကွဲပြီးနောက်ပိုင်း အရက်စွဲသွားသည့် အမျိုးသားတစ်ဦး ၃ ကြိမ်မြောက် သေကြောင်းကြံခြင်းအဖြစ် ကြိုးဆွဲချသေ ကြောင်းကြံရာမှ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု မွန်ပြည်နယ်၊ သထုံမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဇန်န၀ါရီလ ၂၈ ရက် နံနက် ၈ နာရီခန့်က သထုံမြို့၊ နောင်ကုလားကျေးရွာ၊ ဂန္ဓမာလမ်းရှိ ဦးစံတင်ပိုင်ဆိုင်သော မင်းဂွတ်ခြံ အတွင်း အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းပေးချက်ကြောင့် တာဝန်ရှိသူများကသွားရောက် စစ်ဆေးခဲ့ရာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အဆိုပါ ကျေးရွာနေ ရဲထိုက်(၃၆)နှစ် ဆိုသူဖြစ်ပြီး အမြင့် (၁၀)ပေခန့်ရှိ မင်းဂွတ်ပင် သစ်ကိုင်းတွင် အ၀ါရောင်နိုင် လွန်ကြိုးကို အသုံးပြု၍ ယခုလိုကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။“လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ဇနီးဖြစ်သူနဲ့ ကွဲသွားခဲ့လို့ အရက်သမားလုံးလုံးဖြစ်နေတာလို့ သိရတယ်။ အခုလိုပုံစံမျိုးနဲ့ သေကြောင်းကြံနေတာ ၂ ကြိမ်လောက်ရှိတယ်လို့ သူ့အဖေကပြောတယ်။ ဒီနေ့ နံနက် ၅ နာရီအချိန်မှာ အိပ်ယာကနေ ထသွား တာကို တွေ့တဲ့အတွက် မင်းဘယ်သွားမလို့လဲဆိုပြီး ဖခင်ကလှမ်းမေးတဲ့အခါမှာ သူကရွာထဲလို့ ပြန်ပြောသေးတယ်တဲ့။ ခဏ အကြာမှာ သွားရှာခဲ့ကြတာကနေ အခုလိုမင်းဂွတ်ခြံထဲမှာ ကြိုးဆွဲချသေဆုံးလျက်နဲ့ တွေ့ရတာပါပဲ” ဟု သထုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၉ ဖြင့် သထုံမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။

Credit-Akonthi

Tips News

error: Content is protected !!