သတ်သေသွားတဲ့ ကျော်ဇင်ဝင်းနဲ့ပတ်သက်ပြီး ဖြေရှင်းစကားပြောလာတဲ့ MIU မှ Founder ဒေါ်ပို့ပို့ကြည်

အခုရက်ပိုင်း မြန်မာနိုင်ငံတင်မက နိုင်ငံတကာက လူမှုကွန်ယက်တွေကိုပါ ရုတ်ရုတ်သဲသဲဖြစ်အောင် ကိုင်လှုပ်သွားတဲ့ Myanmar Imperial University က စာကြည့်တိုက်မှူး ကိုကျော်ဇင်ဝင်းရဲ့ဝမ်းနည်းစရာဖြစ်ရပ်ကို အားလုံးသိလိုက်ကြမှာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး MIU ဟာ တစ်နိုင်ငံလုံးရဲ့ ဝေဖန်မှုတွေကိုခံနေရတာပါ။ ကိုကျော်ဇင်ဝင်းအတွက်ဝမ်းနည်းကြောင်းတွေဟာလည်း facebook မှာ ပလူပျံနေခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး MIU ရဲ့ Founder ဒေါ်ပို့ပို့ကြည်က 8days TV ကနေတစ်ဆင့် ဝမ်းနည်းစကားနဲ့ အခြေအနေတွေကိုဖြေရှင်းပြောပြလာခဲ့ပါတယ်။

ဒေါ်ပို့ပို့ကြည်က ဒီဖြစ်ရပ်ကိုတစ်ကျောင်းလုံးက စိတ်မကောင်းဖြစ်ရကြောင်း “ဒါ ကျွန်မတို့ တစ်ကျောင်းလုံးက စိတ်မကောင်းဖြစ်ရပါတယ်။ ဒါ ကျွန်မ ဘယ်မှာမှမဖြစ်စေချင်ပါဘူး။ ဒါ ကျွန်မ MIU မိသားစုဝင်တွေထဲကဖြစ်တဲ့အတွက်လည်း တကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်။ တကယ်လည်းမဖြစ်ချင်ပါဘူး။ ကျွန်မအနေနဲ့ တကယ်ပဲစိတ်မကောင်းဖြစ်ပါတယ်”လို့ ပြောထားပါတယ်

MIU က တစ်ယောက်မှပေါ်မလာပဲ လျစ်လျူရှုထားတယ်လို့ပြောနေကြတာကိုလည်း ဒေါ်ပို့ပို့ကြည်က “ကျွန်မအနေနဲ့ လျစ်လျူရှုထားတယ်လို့ပြောနေကြတယ်ပေါ့နော်။ အခြားနေရာမှာရောက်နေတယ်ပေါ့။ ကျွန်မက သိသိချင်း နှစ်နာရီလောက်မှာဆေးရုံကိုလိုက်သွားခဲ့ပါတယ်။ ဆေးရုံမှာမရှိတော့ဘူးအိမ်ကိုသွားတာဖြစ်တဲ့အတွက် အိမ်ကိုသွားပြီး ညနက်တဲ့အထိကိစ္စအဝဝကူလုပ်ပေးဖြစ်တယ်။ ကူလုပ်ပေးပြီးတော့ Social Media မှာ အစ်မဘယ်လိုမှ မတင်လိုက်ခဲ့နိုင်ဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့ First Priority က ဒီအဲဒီဘက်ကို အရင်သွားပြီးကူညီမှုတွေလုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒတစ်ခုပဲရှိတာပါ”လို့ ပြောပြထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရုံးမှာ LGBT တွေကိုလည်းလက်ခံပေးထားတဲ့အကြောင်း “ကလေးပြောတဲ့ဟာပေါ်မှာ မူတည်ပြီးပြောမယ်ဆိုရင်တော့ ဒါ Gender Equality ပေါ့။ အရင်တုန်းကတည်းက Gender Equality ကိုလည်းအများကြီးလုပ်ခဲ့တာပါ။ ငါ့မှာ ယောက်ျားလည်းမရှိဘူး မိန်းမလည်းမရှိဘူး လူသားတစ်မျိုးပဲရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ရပ်တည်ခဲ့တဲ့သူပါ။ ဒီကလေးကိုမြင်ကတည်းကလည်းသိပါတယ်။ ဒီရုံးဝန်ထမ်းတွေထဲမှာလည်း LGBT တွေရှိပါတယ်။ ရုံးက ကြိုက်တဲ့လူတွေကိုလာမေးလို့ရပါတယ်။ LGBT တွေအကုန်လုံးကိုလည်းလာမေးလို့ရပါတယ်။ ကျောင်းမှာ LGBT တွေလည်းပါပါတယ် ယောက်ျားရော မိန်းကလေးလည်းပါပါတယ်။ LGBT မို့လို့၊ယောက်ျားလေးမို့လို့မိန်းကလေးမို့လို့ဆိုတဲ့စိတ်တွေဘာမှမရှိဘူး”လို့ ပြောထားပါတယ်။

ဒီကိစ္စကို ကျောင်းမှာ တာဝန်ယူလုပ်ဆောင်သွားမယ်လို့လည်း “ကျောင်းမှာလည်း Discrimination Policy လည်းရှိတယ်။ Sexual Harassment Policy လည်းရှိတယ်။ စုံစမ်းစစ်ဆေးရေးတွေလည်းစလုပ်နေပြီ။ အဲဒီက ထွက်လာတဲ့ဟာပေါ်မှာမူတည်ပြီးတော့ ကျွန်မတို့က တုံ့ပြန်သွားမှာပါ။ Discrimination နဲ့ Sexual Harassment ကိုကျွန်မတို့ဘက်ကလုံးဝလက်မခံပါဘူး။လိုအပ်လို့ရှိရင် Third Party စုံစမ်းစစ်ဆေးရေးအဖွဲ့တွေလည်းတည်ဆောက်ပြီးတော့ ကျွန်မတို့လုပ်သွားမယ်။ ဒီဖြစ်ရပ်ထဲမှာပါတယ်လို့သတ်မှတ်ရတဲ့သုံးယောက်ကိုလည်း ကျောင်းကနေပြီးတော့ ရပ်ဆိုင်းထားပါတယ်။ စုံစမ်းစစ်ဆေးတဲ့ကာလအတွင်းမှာတော့ သူတို့လာရမှာပေါ့နော်။ စုံစမ်းစစ်ဆေးပြီးသွားပြီဆိုလို့ရှိရင် Report တွေကိုထုတ်ပြန်ပြီးတော့ ကျွန်မတို့ဘယ်လိုရှိရင်ဆိုတာကို ကောက်ချက်ချရမှာပေါ့နော်”လို့ ဖြေရှင်းပြောပြထားတာတွေ့ရပါတယ်။

Source:8 day

Tips News