ဘုန်းဘုန်းပါ မျက်လုံးပြူးခဲ့ရတဲ့ ၁၃ နှစ်သားလေးနဲ့ ၁၁ နှစ်သမီးတို့ရဲ့ အဖြစ်

(ခွင့်ပြုချက်ရဖြစ်ရပ်မှန်အစစ်ပါ)မနေ့က မနက်ခင်းလေးမှာပေါ့_ကလေး၂ယောက်နဲ့လူကြီး၁ယောက်တို့ကျောင်းပေါ်ကိုရောက်လာကြတယ်!ဆွမ်းဂျိုင့်လေးကိုင်ပြီး ပြုံးတုံ့တုံ့ မခို့တရို့ပုံစံလေးတွေနဲ့ မျက်နှာလေးတွေကလည်း ကြည်ရှင်းလို့…လူကြီးဖြစ်သူက…သွား¡ ဘုန်းဘုန်းကို သွားကပ်လို့ ပြောလိုက်တော့ရှေ့တိုးလာကြတာနဲ့ မောင်နှမမွေးနေ့ဆွမ်းလား?လို့မေးလိုက်တဲ့အခါ သူတို့၂ယောက်က “မင်္ဂလာဆွမ်း”ပါ ဘုရားတဲ့!ဟင်¡¡¡ဆိုပြီး မယုံနိုင်လို့ ပါလာတဲ့လူကြီးဖြစ်သူကို လှမ်းကြည့်တဲ့အခါသူက “ဟုတ်တယ် ဘုရား!မင်္ဂလာဆွမ်းပါ “တဲ့!ဒါနဲ့ ကိုယ်က”တကာကြီးရဲ့ သားလား’?လို့ မေးလိုက်တော့ မဟုတ်ဘူး ..မိဘတွေက အိမ်မှာ ဧည့်ခံနေလို့ လိုက်ပို့ပေးတာပါ ပါဝါနိုင်းငှက်ပျောခြံကပါ”တဲ့!!!

အသက်ဘယ်လောက်ရှိပြီလဲ? 11နှစ်သမီးကကော? 13နှစ် တဲ့!ကျောင်းမနေကြတော့ဘူးပေါ့? ဟုတ် တဲ့!ဘယ်နှတန်းအထိနေခဲ့ကြသလဲ?ကောင်လေးက ၃တန်း!ကောင်မလေးက ၆တန်း တဲ့!ကျောင်းထွက်ပြီး ဘာလုပ်ကြသလဲ?ဆိုတော့_ငှက်ပျောခြံမှာ နေ့စားလုပ်ကြတယ် ဘုရားတဲ့!လိုက်ပို့တဲ့ လူကြီးက သူတို့၂ယောက်က ခိုးပြေးကြလို့မိဘတွေက လိုက်ရှာခေါ်ခဲ့ပြီး ပေးစားလိုက်ရတော့တာဘုရား တဲ့_ဒါနဲ့ ကိုယ်က သူတို့၂ယောက်ကိုမေးကြည့်လိုက်ပြန်တယ်…သားတို့က အသက်မှ မပြည့်သေးတာ မှတ်ပုံတင်လည်း မရှိသေးတော့ရထားလက်မှတ်ဝယ်လို့ ရသလား?ဆိုတော့ ထောက်ခံစာနဲ့ဝယ်တာ တဲ့!မိဘတွေကို ဘယ်လိုပြောပြီးသွားတာလဲ?မေးပြန်တော့ ရွာကို ခဏပြန်မယ်လို့ပြောခဲ့တာ တဲ့!ကိုယ်ကလည်း ပေါက်ပေါက်ရှာရှာတွေးတတ်သူဖြစ်နေပြန်တော့¡”သားက သူ့ကို့ဘယ်လို ရည်းစားစကားပြောတာလဲ?စာရေးတာလား?စကားပြောတာလား?ဆိုတော့!ဖုန်းနဲ့ပြောကြတာ တဲ့!ကဲ! နည်းသစ် ရည်းစားစကားပြောနည်း လမ်းညွှန်ပါ…ကဲ!လိုက်ဆို ဣဒံ မေ ပုညံ ဘာညာ လုပ်ပေးပြီးတော့_သားတို့ကို စကားနည်းနည်းပြောပေးမယ် နားထောင်မလားဆိုတော့ဟုတ် တဲ့! သားတို့ မင်္ဂလာဆိုတာ ဘာလဲ?သိလား ဆိုတော့!ဟင့် အင်း!တဲ့…“မင်္ဂလာဆိုတာ မကောင်းမှုကိုပယ်ဖြတ်ခြင်းလို့ပြောတာ!မင်္ဂလာဆောင်ဆိုတာက သားတို့၂ယောက် ဒီနေ့ကစပြီး ဘဝတလျှောက်အထိတိုင်ခိုင်မာတဲ့ မင်္ဂလာတွေနဲ့ပြည့်စုံနေဖို့ ၂ယောက်စလုံး မကောင်းတာတွေကိုပယ်ဖြတ်ပြီး ကောင်းတာတွေကို အတူသယ်ဆောင်သွားကြရမှာကိုမင်္ဂလာဆောင်တယ်လို့ခေါ်တယ်!ဒီလိုမဟုတ်ဘူးဆိုရင်တော့သားတို့ဖြေကြည့် ထောင်ကျတာ ကောင်းလား? ဟင့် အင်း!လွတ်လပ်သလား?ကျဉ်းကြပ်သလား? ကျဉ်းကြပ်တယ်_အေး!မင်းတို့၂ယောက် မကောင်းတဲ့စိတ်တွေ အကျင့်တွေနဲ့ နေသွားကြမယ်ဆိုရင်တော့ မင်္ဂလာဆောင်တာ မဟုတ်ဘဲ ထောင်ကျတာနဲ့တူသွားတာကို အိမ်ထောင်ကျတယ်လို့ခေါ်တယ်!အဲဒီတော့ သားတို့ကမင်္ဂလာဆောင်တာလား? အိမ်ထောင်ကျတာလား?မေးတော့!မင်္ဂလာဆောင်တာ” တဲ့!နောက်ပြီးတော့ “သားတို့ အချစ်ဆိုတာ ဘာလဲ?လို့ သိလား?ဆိုတော့ဟင့် အင်း တဲ့! အေး အချစ်ဆိုတာ မတူတာ ၂ခုကို တူအောင်လုပ်တာ၂ယောက်ပေါင်း ၁စိတ်ထဲ ဖြစ်စေရမယ်လို့ နားလည်မှုကိုယ်စီထားပေးပါ့မယ်လို့ ကတိပြုလိုက်တာဟာ အချစ်ပဲ ”သားတို့ မကြားဖူးတဲ့ “အချစ်ဟာ မီးလား?ဆိုတဲ့ သီချင်းလေးရှိတယ်!နောက် “ဒုက္ခက ပျားရည်လိုချိုတယ်”ဆိုတဲ့ သီချင်းလည်း ရှိသေးတယ်_“အချစ်ဆိုတာက သုံးတတ်ရင် ထီး!မသုံးတတ်ရင် မီး ပဲကွဲ့!”ထီးအဖြစ်သုံးတတ်ကြမှသာ!အချစ်ဟာ မီးလား?လို့ ဆိုစရာမလိုဘဲ”ဒုက္ခက ပျားရည်လို ချိုတယ် လို့ သားတို့ ဆိုနိုင်ကြမှာနော်”ဒီတော့ “သားတို့ ၂ယောက်ရဲ့ချစ်ခြင်းတွေနဲ့ဘဝတလျှောက်ကိုမင်္ဂလာတွေကိုသယ်ဆောင်သွားနိုင်ဖို့ ဘုန်းဘုန်းတို့ဗုဒ္ဓမြတ်စွာဘုရားကမင်္ဂလာဇနီးမောင်နှံ၂ဦးကို ဆု၅ခုစီပေးထားတယ်…သားတို့သမီးတို့အတွက် ပေးထားတယ်!ယူချင်ကြသလား?ဘုရားပေးတဲ့_ဆုပေါ့-ဆိုတော့ ယူမယ် ဘုရား”လို့ဆိုလာကြတော့…

သားကို ပြောတဲ့အခါ သမီးက မှတ်ထား!သမီးကိုပြောတဲ့အခါသားကမှတ်ထား!အခု သားက ဘဝမှာ ဦးဆောင်ရမှာမို့သားအတွက် ဘုရားပေးတဲ့ဆု၅ခုကို ပေးတော့မယ် လိုက်ဆို!”မထီမဲ့ကင်း,အပ်နှင်းဥစ္စာ!မိစ္ဆာမမှား,ဝတ်စားဆင်ယင်!မြတ်နိုးကြင်ငါးအင် လင်ကျင့်ရာ”တဲ့!

၁-မထီမဲ့ကင်း-ကိုယ့်ချစ်သူကို အထက်စီးနဲ့ ပိုင်ပါတယ်လို့ မလုပ်ပါနဲ့၂-အပ်နှင်းဥစ္စာ_ဒီနေ့တော့၅ထောင်ရတယ်!မေရေ ရော့ သိမ်းထား…၃-မိစ္ဆာမမှား_ချစ်သူသက်ထားအပေါ်သစ္စာရှိပါ မဖောက်ပြန်နဲ့!၄-ဝတ်စားဆင်ယင်_သူများနဲ့တန်းတူ မျက်နှာမငယ်အောင် ဆင်ပေးပါ¡၅-မြတ်နိုးကြင်_နူးညံ့သောကြင်နာမှုများနဲ့ဆက်ဆံပေးပါ…အဲဒါ_သားအတွက် ဘုရားပေးတဲ့ ဆု၅ချက်…သမီးက မှတ်ထားပြီးသားဘက်က ချို့ယွင်းလာရင် ပြုပြင်သတိပေးပေါ့နော်…သမီးအတွက် ဘုရားပေးတဲ့ဆု၅မျိုးကို ပေးတော့မယ် သားက မှတ်ထား!သမီးကလည်း လိုက်ဆိုပြီး မှတ်!!

“အိမ်တွင်းမှုလုပ်,သိမ်းထုပ်သေချာ,မိစ္ဆာကြဉ်ရှောင်,လျော်အောင်ဖြန့်ချိ,ပျင်းရိမမူ ဝတ်ငါးဆူ!အိမ်သူကျင့်အပ်စွာ”တဲ့…၁-အိမ်တွင်းမှုလုပ်_ကိုယ့်ကိုလေးစားမှုရှိအောင် မိန်းကလေးပီသပါစေ!၂-သိမ်းထုပ်သေချာ_ရှာဖွေအပ်နှံထားသမျှ ဘဝအတွက်လို့ သတိရှိပါ!၃-မိစ္ဆာကြဉ်ရှောင်_မျက်မှောက် မျက်ကွယ်မှာ သစ္စာရှိပေးပါ!၄-လျော်အောင်ဖြန့်ချိ_၂ယောက်ဆိုင်သမျှအားလုံး သင့်တင့်မျှတပါစေ!၅-ပျင်းရိမမူ_၂ယောက်ဘဝတိုးတက်အောင်မြင်ဖို့ နိုးကြားဝိရီယရှိပါစေ!ဒီ၅ချက် သမီးပျက်ကွက်ခဲ့ရင် သားက ပြင်ဆင်ဖြည့်စွက်ပေးပေါ့_၂ယောက်စလုံးက ဘုရားပေးတဲ့ဆုတွေကို ကိုယ်စီထိန်းသိမ်းနိုင်မှသာသားနဲ့သမီးတို့ မင်္ဂလာဆောင်က ၁သက်တာခိုင်မြဲစွာနဲ့ ကျဉ်းကြပ်ခက်ခဲတဲ့ အိမ်ထောင်ကျခြင်းအမှုက လွတ်မြောက်နိုင်ကြမှာပါ!!စသည်ဖြင့် သူတို့အတွက် စာနာစိုးရိမ်သော ကရုဏာစေတနာများနဲ့ ဘုရားပေးတဲ့_ဆု_ကို!”မင်္ဂလာလက်ဖွဲ့ပေးအပ်ခဲ့ပါလေတော့သတည်း။

Credit-ဝါရှောင် ဆရာတော်

Tips News