ကန်ဘောင်မှ စည်ပင်ဝန်ထမ်းတွေအတွက် ထမင်း၊ဟင်းတွေ ချက်ကျွေးခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလဲ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

လူလေးလှသလို စိတ်ထားလေးလည်းလှတဲ့ မင်းသမီးချောလေး ဖွေးဖွေးက အားနည်းသူတွေကို ကူညီဖို့ အမြဲရှိနေတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဖွေးဖွေးက ဒီတစ်ခေါက်မှာလည်း သူမတို့အိမ်နားက စည်ပင်ဝန်ထမ်းတွေကို ကျွေးမွေးဖို့အတွက် ဟင်းတွေ ချက်ပြုတ်ရင်း ကူညီပေးနေတာကို တွေ့ရပါတယ်။

ဖွေးဖွေးက ” ဖွေးတို့ အိမ်နားက ကန်ဘောင်က မြက်နူတ်ပြီးကန်ဘောင်အလှ ထိန်းသိမ်းပေးတဲ့ အဖွားတွေ ကလေးတွေ ဦးလေးတွေ အတွက် လှူဖို့….အိုင်ကတော့ ထုံးစံအတိုင်း ငရုတ်သီးဖြူးပါတယ်.. 😅❤” ဆိုပြီး သူမရဲ့ အလှူလေးကို ဝမ်းသာအားရ ပြောထားပါတယ်။

ဖွေးဖွေးက ဒီလိုမျိုး ဟင်းတွေချက်ပြုတ်ပြီး မကြာခဏ လှူဒါန်းတတ်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်းက ကုန်ထမ်းသူတွေအတွက် ကြက်သားဟင်းနဲ့ ထမင်းတွေကို လှူဒါန်းခဲ့ပါသေးတယ်။

အကယ်ဒမီ မင်းသမီး ဖွေးဖွေးကတော့ စည်ပင်ဝန်ထမ်းတွေကို ကျွေးမွေးဖို့ သူမကိုယ်တိုင် ချက်ပြုတ်နေတဲ့ မြင်ကွင်းလေးကတော့ တကယ်ကို ကြည်နူးစရာပါပဲနော်။ စေတနာပါပါနဲ့ စည်ပင်ဝန်ထမ်းတွေကို ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ ဖွေးဖွေးတို့ မိသားစုလည်း ဒီထက်မက အောင်မြင်တိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit- momolay

Tips News