Gay လို့ဝန်ခံခိုင်းခဲ့တာကြောင့်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့မြေးလေးအိမ်ပြန်အလာကိုစောင့်မျှော်နေရှာတဲ့ အဖွားဒေါ်စောနန်း

ဂျစ်တူးလေးလို့ ကျွန်တော်တို့ စပြီးရင်းနှီးခဲ့တဲ့ညီလေး Kyaw Zin Win လူ့လောကကို စွန့်ခွာသွားပါပြီ။ သတ်သေသွား တာပါ။ အစည်းအဝေးခန်းထဲမှာ တစ်ယောက်တည်း ကွက်ချန်ပြီး Gay ဟုတ်ပါတယ်လို့ ဝန်ခံခိုင်းခဲ့ကြတယ်။ အဲဒီနောက် လုပ်ငန်းခွင် Viber Group ထဲမှာ သူ့ကိုဝိုင်းလှောင်ခဲ့တယ်။ သူ့လိုမဖြစ်စေနဲ့လို့တောင် မိန်းမ တစ်ယောက်က ပြောသေးတယ်။ အကောင်တစ်ကောင်က စစ်ထဲပို့ရမှာဆိုပြီး ပြောတဲ့ Screenshots တွေ သူမသေခင်တင်သွားတယ်။

သူဟာ Myanmar Imperial University ရဲ့ Librarian တစ်ယောက်ဖြစ်ပါတယ်။ အဲဒီ Screenshot ထဲမှာပါတဲ့ သူတွေ အနေနဲ့ ရော အခု ပျော်နေလားသိချင်သလို သူတို့ကဘယ်သူတွေပါ ဆိုတာလည်း သိချင်မိတယ်။ ဒီကလေးဟာ Gay ဆိုပေမယ့် အင်မတန် ဖြူစင်ရှာပါတယ်။ အဘွားကို သူ့အလုပ်လေးနဲ့ ထောက်ပံ့နေတဲ့သူပါ။

လုပ်ငန်းခွင်မှာ ဒါဟာ အနိုင်ကျင့်တာပါ။ လူ့အခွင့်အရေးကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ပြီး သတ်သေလောက်တဲ့ အထိ ထိခိုက်နာကျင်စေတာဖြစ်ပါတယ်။ လုပ်တဲ့သူတွေက လူမဟုတ်ဘူး ယောက်ျား စစ်စစ် ဖြစ်ဖြစ် မိန်းမ စစ်စစ်ပဲ ဖြစ်ဖြစ် ဘာရာထူးပဲ ဖြစ်နေဖြစ်နေ ရွံစရာကောင်းပြီး သောက်ထင်ကြီး စရာတစ်ကွက်မှ မရှိဘူး လို့ပဲ ပြောရမှာဖြစ်ပါတယ်။

အခုတော့ မြေးလေးအိမ်ပြန်အလာကိုစောင့်မျှော်နေရှာတဲ့အဖွားရဲ့ခံစားချက်တွေကဒီပုံလေးတွေမှာမြင်ရမှာပါ။ကွယ်လွန်သွားသူ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးရင်း လူအချင်းချင်း ခွဲခြားဆက်ဆံ လှောင်ပြောင်ခြင်းများ ကင်းဝေးပြီး တရားဥပဒေ အစိုးရစေဖို့ မျှော်လင့်မိပါတယ်။စစ်မှန်စွာ ငြိမ်းချမ်းပြီး ပျော်ရွှင်ကြပါစေ။ 🙏🏽

Credit- Online Media

Tips News