ခင်ပွန်းကို လက်ဆောင်ဝယ်ပေးခဲ့တဲ့ ကားကြီးနဲ့ပတ်သက်ပြီး ပြောလာတဲ့ ကြာစိဇနီး

သရုပ်ဆောင် လူရွှင်တော် ကြာစိဟာာ ဆိုရင် ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ 5 Star အဖွဲ့ လေးနဲ့ ပရိသတ်တစ်ခဲနက် အားပေးခြင်းခံထားရတဲ့ ကြာစိက အနုပညာကို ကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေးနဲ့ဘ၀ကိုပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ကြာစိ ဇနီးက ခင်ပွန်း အတွက် လက်ဆောင်ပေးခဲ့တဲ့ ကားကြီးနဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လွန်ခဲ့တဲ့ ၁နှစ်ခန့်လောက်က ခင်ပွန်းဖြစ်သူ ကြာစိကို ဇနီးဖြစ်သူက ကားတစ်စီး လက်ဆောင်ဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်း ရဲ့ ဂရုစိုက်ချစ်ခင်မှုတွေကို အမြဲ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြတတ်တဲ့ သူမက လွန်ခဲ့တဲ့ ၁နှစ်လောက်က ခင်ပွန်းဖြစ်သူ အတွက် ကားတစ်စီး လက်ဆောင်ပေးခဲ့ပြီး ” ချစ်ယောကျာ်း အတွက် လက်ဆောင်. အမှန်တော့ ကိုယ်ကြိုက်လို့” လို့ဆိုပြီး စနောက်ပြောထားပါသေးတယ်။

ခင်ပွန်းကို လက်ဆောင်ပေးခဲ့တဲ့ ကားကြီး

ကြာစိတို့ ဇနီးမောင်နှံမှာ ချစ်စရာကောင်းတဲ့ သမီးလေး ကိုလည်း ပိုင်ဆိုင်ထားပြီး သမီးလေးက ခုဆိုရင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေကို လုပ်တတ်နေပြီပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် လူရွှင်တော် ကြာစိ တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit- momolay

Tips News