စေတနာပြည့်ဝ နှလုံးလှသည့် ယာဉ်ထိန်းတပ်ကြပ်ဂုဏ်ပြုခံရ

စေတနာပြည့်ဝ နှလုံးလှသည့် ယာဉ်ထိန်းတပ်ကြပ်ဂုဏ်ပြုခံရ

ယခုဇွန်လ လဆန်းက လားရှိုးကြီးမီးပွိုင့်လမ်းဆုံအနီး ယာဉ်ထိန်းတပ်ကြပ်မျိုးကြီးသည် တာဝန်ထမ်းဆောင်နေစဉ် ဆိုင်ကယ်စီးလာသည့်ဒေသခံတိုင်းရင်းသားကြီး ၂ ဦး ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိရာတွင် စေတနာမေတ္တာဖြင့်ကူညီပေးခဲ့ရာမှ လူမှုကွန်ယက်ပေါ်ပျံ့နှံ့သွားပြီး ပြည်သူ့အကျိုးပြုဂုဏ်ပြုဆုရရှိကာ ပြည်သူများ၏ချီးကျူးဂုဏ်ပြုခြင်းခံရသည်။

” ပြည်သူတစ်ဦးပေါ်စေတနာအပြည့်နဲ့ကူညီလိုက်တဲ့အကျိုးရဲ့ရလဒ်ကပြည်သူအများရဲ့အသိအမှတ်ပြုခြင်းကိုခံရတဲ့အပြင် အထက်အကြီးအကဲများရဲ့ဂုဏ်ပြုခြင်းကိုပါရရှိခဲ့တွက်အတွက်ပြည်သူလူထုအားလုံးကိုအထူးဘဲကျေးဇူးတင်ပါတယ်ဗျ” ဟု ပြည်သူများကိုကျေးဇူးတင်ကြောင်း ၎င်း၏လူမှုကွန်ယက်တွင်ရေးသားထားသည်။

လားရှိုးယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်မျိုးကြီးကို ဂုဏ်ပြုစကားပြောကြားပေးချင်ရင် 👇🏻👇🏻👇🏻

https://facebook.com/story.php?story_fbid=717754855306991&id=100012174486613

Credit- Lashio Media

Tips News