အမေရိကန်သမ္မတတွေနေတဲ့ အိမ်ဖြူတော်၏ ထိပ်တန်းလျှို့ဝှက်များ

လွန်ခဲ့တဲ့ နှစ် ၂၀၀ကျော်လောက်က မီးလောင်မှုကြောင့်ပျက်စီးသွားခဲ့တဲ့ အမေရိကန်သမ္မတအဆက်ဆက်နေထိုင်ခဲ့တဲ့ အဆောက်အအုံကို ပြင်ဆင်မှုတွေပြုလုပ်ပီး ယခုအခါ လျှို့ဝှက်ချက်တွေ လုံခြုံရေးတွေပြည့်နေတဲ့ အိမ်ဖြူတော်ပေါ်ပေါက်လာခဲ့တာပါ။ ဒါကြောင့် အိမ်ဖြူတော်ထဲက လျှို့ဝှက်ချက်အချို့ကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။

မြေအောက်လှိုဏ်ခေါင်းတွေ

အိမ်ဖြူတော်မှာ မြေအောက်လှိုဏ်ခေါင်း ၂လွှာရှိတယ်လို့ဆိုပါတယ်။ထိုအလွှာတွေထဲမှာ ဘိုးလိန်းကစားရုံတစ်ခုပါဝင်ပီး သွားဆေးခန်းတစ်ခုလဲတည်ရှိပါတယ်တဲ့။ ကောလဟာလတွေအရတော့ ထိုလှိုဏ်ခေါင်းတွေဟာ အခြားလျှို့ဝှက်နေရာတစ်ခုကို ဆက်သွယ်ထားပါတယ်တဲ့။

အချက်ပေးစနစ်တွေ

Oval Office ဟာ အမေရိကန် သမ္မတအဆက်ဆက် ရုံးခန်းအဖြစ်အသုံးပြုခဲ့တာပါ။ထိုအခန်းရဲ့လုံခြုံရေးကိုအထူးလေ့ကျင့်ထားတဲ့ အစောင့်တွေထားရှိရုံမက သမ္မတကိုယ်တိုင် အချက်ပေးနိုင်တဲ့ စနစ်တွေကို ထိုအခန်းထဲက စားပွဲတ၀ိုက်မှာအများအပြားတပ်ဆင်ထားပါတယ်။

လေရေ အရင်းအမြစ်

အိမ်ဖြူတော်ရဲ့ရေအရင်းအမြစ်ဟာ အဆင့်ဆင့်သော Filters စနစ်တွေကို ဖြတ်သန်းလာတာကြောင့် အဆိပ်အတောက်လုံးဝကင်းစင်နေပါတော့တယ်။ လေထုအနေနဲ့လည်းပြင်ပလေထက် ဖိအားများအောင်ပြုလုပ်ထားပီး လေထုထဲမှာပါဝင်တဲ့ chemical တွေကို ဖယ်ထုတ်ထားပီးသားပါ။

အပူလှိုင်းဆိုင်ရာ အချက်ပေးစနစ်

အိမ်ဖြူတော်အတွင်း ခြံကျော်ဝင်သူတွေကို သင်တော်တော်များများကြားဖူးမှာပါ။ထိုသူတွေအတွက် လုံခြုံရေးတွေ အထူးလေ့ကျင့်ထားတဲ့ခွေးတွေထားရှိသော်လည်း လစ်ဟာမှုမရှိစေရန် တံခါးတွေမှာ အပူလှိုင်းဆိုင်ရာ အချက်ပေးစနစ်တွေပါတပ်ဆင်ထားပါတယ်။

လျှို့ဝှက်တံခါး

လျှို့ဝှက်တံခါးလို့ဆိုတာနဲ့ သမ္မတစားပွဲအောက်က အကန့်လေးကို သွားမြင်မိမှာပါ။တကယ်တော့ Oval Office ထဲမှာ အခြားတံခါးတစ်ခုရှိပါသေးတယ်။ ထိုတံခါးဟာ မြေအောက်လှိုဏ်ခေါင်းအထိပေါက်ပါတယ်။

အမိုးပေါ်က အဆင့်မြင့်လုံခြုံရေးတွေ

အိမ်ဖြူတော်အမိုးပေါ်မှာ တွေ့ကြုံလာနိုင်တဲ့ လေကြောင်းရန်တွေအတွက် အသေအချာပြင်ဆင်ထားပီး လေကြောင်းရန်ကာကွယ်ရေးတွေ ရေဒါစနစ်တွေအပြည့်ပါရှိပါတယ်။ ထို့အပြင် ထိုနေရာက မောင်းသူမဲ့လေယာဉ်မပျံသန်းရဇုန်ပါ။

ဖိအားခြေရာခံစနစ်

Oval Office အတွင်းက ဖိအားခြေရာခံစနစ်တွေဟာ ရုံးခန်းအတွင်း လူဘယ်နှစ်ဦး ရှိနေတယ်ဆိုတာကအစ ခြေရာခံနိုင်အောင် တီထွင်ထားပါတယ်။

Wine celler

ထို ၀ိုင်ဘားနဲ့ပတ်သတ်ပီးကောလဟာလ အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။ အချို့က မြေအောက်လှိုဏ်ခေါင်းတွေထဲမှာ ၀ိုင်ဘားတစ်ခု ရှိတယ်လို့ပြောကြပီး တချို့ကတော့ Wine Celler ဆိုတာ သီးသန့် သေတ္ထာတစ်ခုပါလို့ဆိုပါတယ် ။

နောက်ဆုံးတစ်ခုကတော့ သမ္မတတွေအတွက်တော်တော်လေးအဆင်မပြေပါဘူး။အဆင့်မြင့်လုံခြုံရေးစောင့်ကြည့်မှုပါ။ ထိုအရာတွေက သမ္မတ နဲ့ First Lady တို့ရဲ့သီးသန့်အချိန်လေးတွေကိုပါ မှတ်တမ်းတင်နေလို့ပါတဲ့။

Credit- Daily Hot News

Tips News

error: Content is protected !!