ကလေးရှိသူများ သတိထားမိစေဖို့ ရာသီဥတု အရမ်းပူပါသည် မန်းလေး အပူချိန် 40-42` C ရှိပါသည် ရန်​ကုန်​ အပူချိန်​ 47° C ရှိ​နေပါပြီ

သတိထားမိစေဖို့ ကလေးရှိသူများ ရာသီဥတု အရမ်းပူပါသည် မန်းလေး အပူချိန် 40-42` C ရှိပါသည် ရန်​ကုန်​ အပူချိန်​ 47° C ရှိ​နေပါပြီ ကလေးတွေ ဖျားကြသည် အပူချိန် 104-105` F ထိ ဖျားကြသည် အဖျားသိပ်ကြီးလျှင် တက်သွားနိုင်ပါသည်ကလေးဖျားလျှင် အေးသောနေရာမှာ ထားကြပါ အရိပ်ရသော နေရာမှာထားပါ Air con ခန်းတွင် ထားနိုင်ပါသည် ပန်ကာဖွင့်/ ပြတင်းတံခါးများ ဖွင့်ထားပါ အနွေးထည် မဝတ်ရ ဂျင်းသား အပူစများ မဝတ်ပေးရ ပွပွချောင်ချောင် ချည်ထည် စွပ်ကြယ်သား စပန့်သား အဝတ်များသာ ဝတ်ပေးပါ

ရေပတ်တိုက်ပေးပါ ရေပတ်တိုက်လျှင် သဘက်စ ချည်ထည်စကို ရေဆွတ်၍ ကလေး၏ တစ်ကိုယ်လုံးကို တိုက်ပေးပါ ပတ်ထားပါ နဖူး ဂျိုင်းကြား ပေါင်ခြံကြား မကျန်အောင် ရေပတ်တိုက်ပေးပါ နဖူးပေါ်ပဲ ရေပတ်ဝတ် တင်ရုံဖြင့် အဖျား မကျပါ
တစ်ကိုယ်လုံးတိုက်မှ အဖျားကျပါမည် ရေခဲရေ မသုံးရ (အဖျားပိုတက်တတ်သည်) ရိုးရိုးရေအေးအေးသာ သုံးပါ အဖျားကြီးသောကလေး  ရေချိုးပေးလို့ ရပါသည် ရေချိုးလို့ မဖျားပါ ရေမချိုးမှ အပူကြီးပြီး ကလေးတက်သွားနိုင်ပါသည် အဖျားကျဆေး Paracetamol/ Biogesic တိုက်ပေး၍ရပါသည် Paracetamol ကို တိုက်ချင်သလောက် တိုက်၍မရပါ အချိုးအဆ မှန်မှန်တိုက်ရပါမည် နည်းတိုက်လျှင်အဖျားမကျနိုင်ပါ များတိုက်မိလျှင် Para ၏ ဘေးထွက်ဆိုးကျိုးမှာ အသည်းထိခိုက်တတ်ပါသည်

Para ကို 15 mg/kg ဖြင့် 6 နာရီခြား အပူအရမ်းကြီးလျှင် 4 နာရီခြား တိုက်၍ရပါသည် (eg. body weight 8 kg ရှိသော ကလေးကို Para 120 mg အား 5 ml 4-6 times တစ်နေ့တာအတွက်တိုက်၍ရပါသည်) Para အများစုမှာ 120 mg ဖြစ်သည် 250 mg 150 mg ပါသောဆေးများလည်းရှိသည် ကလေးစအိုထဲသို့ အဖျားကျဆေးတောင့် Para suppositary လည်း ထည့်ပေးနိုင်ပါသည် ချွင်းချက်-သွေးဥမွှားနည်းနေသောကလေးများ Reduced Platelet count ဝမ်းလျှောနေသောကလေးများတွင် မထည့်ရပါ

Para suppo သည်လည်း 120 mg / 250 mg အမျိုးမျိုးရှိပါသည် Para suppo ထည့်ထားပြီးလျှင် Para ထပ်ပြီး ချက်ချင်းမတိုက်ရပါ အနည်းဆုံး 4 နာရီခြားပြီးမှ တိုက်ရပါမည် ဖျားနေသော ကလေးအား မက်ကလောင် မဖောက်ရပါ စအိုဝတွင် မက်ကလောင်ဖောက်လျှင် သွေးဆိပ်ပြန့်၍ အသက်ဆုံးသည်အထိ ဖြစ်တတ်ပါသည် ရှားခြစ်တာလည်း မလုပ်ရပါ (အရေပြားကို ဇွန်း စတီးပြား သံပြားဖြင့် နီရဲနေအောင်ခြစ်ပစ်ခြင်း) ရှားခြစ်ခြင်းကြောင့် အရေပြားအောက်ရှိ သွေးကြောငယ်လေးများ ပေါက်သွားစေပါသည် အမှန်တကယ် အဖျားကျစေသောနည်းလမ်း မဟုတ်ပါ

ဖျားနေသောကလေးအား အပူပါသော ရင်လူးဆေးများ မလိမ်းပါနှင့် အပူပိုတက်နိုင်သလို အရေပြားများ လန်သွားနိုင်ပါသည် လျှောလျှောလျူလျူ ဝင်လွယ်မည့် အစားအစာများကျွေးပေးပါ (ဆန်ပြုတ် ခေါက်ဆွဲပျော့ပျော့အရည်ဖျော် ကြက်ပေါင်းရည်) နို့စို့အရွယ်လေးများ အမေနို့ဆက်တိုက်ပေးပါ အဖျားတက်နေလျှင် ကလေးများမစားနိုင်ပါ ရေပတ်တိုက်ပြီး အဖျားကျဆေးတိုက်ပြီး အဖျားကျသွားချိန်တွင် အစားဝင်အောင်ကျွေးပေးပါ ကလေးများ အပူဒဏ် အန္တရာယ်မှ ကင်းဝေးကြပါစေ

credit – Htar Htar myint

Tips News