နှစ်နဲ့ချီလေ့လာပြီး တည်ဆောက်ထားတဲ့ မြန်မာ့ပထမဆုံး လမ်းကြမ်းသွား(Off Road)ကားကို တီထွင်နိုင်ခဲ့

မြန်မာ့လမ်းကြမ်းသွားဝါသနာရှင်များရဲ့ မှတ်တမ်းတစ်ခုပါ LN 100 ကို ဒေသတွင်းအဆင့်တစ်ခုထိရောက်အောင်အဆင့်မြင့် ပြင်ဆင်ထားတဲ့ကားတစ်စီးရယ် (ကားပိုင်ရှင်ကိုယ်တိုင် ကြံဆပြီး တပ်ဆင်ထားတဲ့ကားပါ ပိုင်ရှင်က ကိုNyan Lynn Win စက်ဆရာကိုမွန်ကြီးနဲ့လက်ထောက်အာနိုးတို့ရဲ့ ကြိုးစားမှုပါ-ထပ်ဖြည့် ကျနော်သိသော မဲတူလေးအကြောင်း …LN 100 ကို အထူးပြုပြင်ထားတယ် 5 VZ FE အင်ဂျင်ကို ပြောင်းလဲတပ်ဆင်ထားတယ် တန်းတွေကတော့ Landcruiser VX 80 ရဲ့တန်း Gear ratio က ၅:၁၇(၅:၂၇ လဲဖြစ်နိုင်တယ် ) တာယာ ဆိုဒ်က ၃၇ လက်မ ကမ္ဘာ့အကောင်းဆုံးတာယာလို့ပြောကြတဲ့ Maxxis M8060 Trapedor တာယာကိုတပ်ဆင်ထားပြီး ARB Air Locker RD132/143 တပ်ထားတယ်

အောက်ပိုင်းစနစ်ကတော့ ရှေ့ (၃)တန်းချိတ်စနစ် နောက် (၄) တန်းချိတ်စနစ်ဖြစ်ပြီး မြန်မာ့ ပထမဦးဆုံးတပ်ဆင်မှုဖြစ်တယ် ကားရဲ့ ဝိတ်နဲ့ လမ်းကြမ်းခံနိုင်ဖို့အတွက်  ကွိုင်(၂) ထပ်နဲ့ရှော့ဘားတွေတပ်ထားတယ် အထူးပြုလုပ်ချက်တွေတစ်စီးလုံးလုပ်ထားတဲ့အထဲမှာ Hydro Steering ကို အမေရိကရဲ့ ထိပ်ဆုံး အမှတ်တံဆိပ်ဖြစ်တဲ့ PSC စနစ်ကို တပ်ဆင်ထားတယ် …Jolly Joint တွေ Long Arm တွေတပ်ထားပြီး မလူးအောင် Anti rock စနစ်နဲ့ပြန်ထိန်းပြီး အဆောင့်ချိန် Bump Stop တွေတပ်ထားတယ်

Anti-drive Anti-Quad စတဲ့ မော်တော်ယာဉ်တစ်စီးရဲ့ စက်ရုံထုတ်စနစ်ကို ကျော်လွန်ဖောက်ဖျက်ပြီး တည်ဆောက်ထားရတဲ့ကားဖြစ်လို့ …Idea နဲ့ Design workmanship Physic Mechanical Dynamic စတဲ့ ပညာရပ်တွေကို
သည်ကားအတွက် နှစ်နဲ့ချီပြီးလေ့လားထားပြီးမှ တည်ဆောက်ယူထားတဲ့ကားဖြစ်တယ်

Prototype ကားဖြစ်တာကြောင့် လိုအပ်ချက်လေးတွေရှိနေမှာဖြစ်ပါတယ် …ဒါကကျနော်မြင်မိသလောက်ပြောတာပါ …မိတ်ဆွေတို့လို ဝါသနာရှင်တွေအနေနဲ့ ကြုံကြိုက် တိုက်ဆိုင်တဲ့ သည်နေ့မှာ အင်းယားလိတ်ဟိုတယ်မှာ ပြသနေတဲ့ ကားပွဲကို သည်နေ့သွားရောက်ပြီး ကြည့်ရှု့လေ့လာစေနိုင်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ

ဘNyan Lynn Winနဲ့ သူ့အဖွဲ့သားMon GyiZaw Myoတို့ကို ဂုဏ်ပြုပေးလိုက်ရအောင်ဗျာ …)HZJ 74 ကို အရှိန်မြင့်မြင့်မောင်းလို့ရအောင် ပြင်ဆင်ထားတဲ့ကားရယ် (စက်ဆရာခိုင်ထူးရဲ့ ပြုပြင်တည်ဆောက်မှု-ထပ်ဖြည့်)သည်(၂) စီးကို စိတ်ဝင်တစားကြည့်ရှုပြီးရင် ကျနော်တို့ မြန်မာတွေလည်း အခြေအနေတစ်ခုရရင် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲတွေကို တက်လှမ်းဖို့ အားတွေစုနေပြီဆိုတာ သိနိုင်မယ်ထင်ပါတယ်

Credit-MAG

Tips News

error: Content is protected !!