ပကာသနတွေကင်းမဲ့ပြီး ရိုးရှင်းလွန်းလှတဲ့ ဘဝလေးမှာ သာယာပျော်ရွှင်နေပြီဖြစ်တဲ့ နဝရတ်

မင်းသမီးလေး နဝရတ်လို့ဆိုလိုက်ရင် အပို၊ အလိုမရှိတဲ့ အိုက်တင်တွေနဲ့ ပရိသတ်အကြိုက်ကို ထပ်တူအကျနိုင်ဆုံး ပုံဖော်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ကို ပြေးမြင်မိကြမှာပါနော်။ တချိန်တုန်းက ပရိသတ်တွေကို အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံး ဖျော်ဖြေပြနိုင်ခဲ့ပါတယ်။

ဗီဒီယိုခေတ်ရဲ့ မင်းသမီးလေးတစ်လက်ဖြစ်ခဲ့တဲ့ နဝရတ်ဟာ အနုပညာလောကကနေ အနားယူသွားခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ အေးချမ်းတဲ့ ပြင်ဦးလွင်မြို့လေးမှာ မိခင်ဖြစ်သူနဲ့အတူ သွားရောက်နေထိုင်နေတာလည်းဖြစ်ပါတယ်။ သူမရဲ့ အချိန်တွေကို မိခင်ဖြစ်သူအတွက် ပေးဆပ်ပြီးတော့ အနားမှာပြုစုနေထိုင်သွားချင်တာကလည်း သူမရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်နေခဲ့ပါတယ်။

မင်းသမီးလေး နဝရတ်ကတော့ သူမရဲ့ ခေတ်ကာလတုန်းကလည်း ပရိသတ်တွေကို အမြင်ဆန်းတဲ့ဖက်ရှင်လေးတွေနဲ့ ခပ်မိုက်မိုက်စတိုင်လေးတွေကို ထုတ်ပြခဲ့သူတစ်ဦးပါ။ အနုပညာလောကကနေ အနားယူသွားတဲ့နောက်ပိုင်းမှာတော့ ရိုးရှင်းတဲ့ဘဝလေးကို ပိုမိုသဘောကျလာပုံရတဲ့ နဝရတ်က သူမရဲ့ ပကာသနတွေကင်းမဲ့ပြီး ရိုးရိုးလေးနဲ့လှနေတဲ့ ပုံလေးတွေကို တင်ထားခဲ့တာဖြစ်ပါတယ်။

မင်းသမီးလေးနဝရတ်ရဲ့ ပရိသတ်တွေအတွက် သဘာဝဆန်ဆန်လှတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Credit-We Love Cele

Tips News