ရေခဲတောင်မှအဆင်း ဘေးချောက်ကမ်းပါးထဲပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မိန်းကလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ လွင်မိုး

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးကတော့ ဇနီးချောလေးရယ်၊ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေး နှစ်ယောက်ရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ လက်ရှိမှာတော့ သမီးကြီး ယွန်းဝတီလွင်မိုးက လွင်မိုးအတွက် မြေးဦးလေး Liam ကို မွေးဖွားပေးထားတာကြောင့် ဖိုးဖိုးကြီး လွင်မိုးတစ်ယောက် မြေးလေးကို သဲသဲလှုပ် အချစ်ပိုနေရပြီး မအားမလပ်ဖြစ်နေရပါတယ်။

လတ်တလောမှာ ရေခဲတောင်မှာ မတော်တဆ ခြေချော်ကျပြီး အသက်ဆုံးပါးသွားရတဲ့ မိန်းကလေးအတွက် ပြည်သူတစ်ရပ်လုံးက စိတ်မကောင်းကြီးစွာဖြစ်နေရသလို မင်းသားကြီးလွင်မိုးကလဲ ထိုမိန်းကလေးအတွက် စိတ်မကောင်းဖြစ်နေရကြောင်းကို သူ့ရဲ့အတွေ့အကြုံနဲ့ ယှဉ်ပြီး အခုလိုပဲ ပြောပြထားပါတယ်။

“ရေခဲတောင်….တောင်တက်ခရီးတွေဟာ လွယ်ကူတဲ့အရာတွေတော့မဟုတ်ပါ..မလွယ်ကူတဲ့ရေခဲတောင်တက်ခရီးတွေထဲမှာမှ ဖုန်ကန်တောင်ဟာ အလွယ်ကူဆုံးနဲ့ အတွေ့အကြုံ ဗဟုသုတ သင်ယူစရာအကောင်းဆုံး..ရေခဲတောင်တက်လူငယ်တွေအတွက်ကြိုးစားဖို့အခွင့်အရေးအကောင်းဆုံးတောင်ပဲဖြစ်ပါတယ်။”

“သင်ယူစရာတွေ..လေ့လာစရာတွေထဲက ဆရာသမားတွေပြောတဲ့ စကားတခွန်းပြန်လည်ဝေမျှလိုက်ပါတယ်။ “.တောင်တက်သမားတွေရဲ့ အောင်မြင်မှုတွေထဲမှာ ချောချောမောမောနဲ့ အိမ်ပြန်ရောက်ဖို့လည်းပါတယ်တဲ့”…ရေခဲတောင် မတော်တဆအတွင်းအသက်ဆုံးရှုံးခဲ့ရသူများအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်…….လွင်မိုး” ဆိုပြီး စိတ်မကောင်းဖြစ်နေရကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

လွင်မိုးပြောသလိုပဲ ရေခဲတောင်တက်တယ်ဆိုတာ တကယ်ကို အသက်နဲ့ရင်းပြီး လုပ်ရတဲ့ အလုပ်ပါပဲ။ ရေခဲတောင်မှာ အသက်ဆုံးပါးသွားတဲ့ မိန်းကလေးအတွက်လဲ မိသားစုနဲ့ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး

Tips News

error: Content is protected !!