သရုပ်ဆောင်တော်တဲ့ မုန်းမာန်နဲ့ အနွယ်တော်လေးတို့နှစ်ယောက်ကို ချီးကျူးလိုက်တဲ့ မင်းမျိုးနွယ်

ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်အားပေးခဲ့ကြတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲလေးကတော့ ဒီနေ့မှာ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ဘယ်လိုပုံစံမျိုးနဲ့ ဇာတ်သိမ်းသွားမလဲဆိုတာကို စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်တွေဖြစ်စေချင်တဲ့အတိုင်း မိန်းမချောကလည်း နောင်တတရားတွေရပြီး သူ့မိသားစုနဲ့အတူ နေရာမှန်ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

မင်းမျိုးနွယ်ကလည်း အတိတ်ကို ပြန်သတိရနေပြီဖြစ်ပေမယ့် စံမြန်းကတော့ သူ့ခင်ပွန်းကို ပြန်လက်ခံဖို့အတွက် အချိန်ယူစဉ်းစားနေတာ ဖြစ်ပါတယ်။ အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေကတော့ ဇာတ်သိမ်းပိုင်းရောက်မှာကိုတောင် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ အခုလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင်နှစ်ဦးကို မင်းမျိုးနွယ်က ချီးကျူးစကားဆိုထားတာ တွေ့ရပါတယ်။

မုန်းမာန်နဲ့ အနွယ်တော်ဆိုပြီး ဇာတ်ရုပ်ကိုအကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ ကလေးနှစ်ယောက်ကို မင်းမျိုးနွယ်က ” သရုပ်ဆောင်အရမ်းတော်ကြသော ကလေးများ ” ဆိုပြီး ချီးကျူးပေးထားတာပဲ ဖြစ်ပါတယ်။ ဒီကလေးနှစ်ယောက်ကလည်း ဇာတ်လမ်းကိုဇာတ်ရှိန်မြင့်လာအောင် အဓိကပံ့ပိုးပေးနိုင်တဲ့ ကလေးသရုပ်ဆောင်လေးတွေပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းမျိုးနွယ်နဲ့ ကလေးနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

source:Aung Yay Chan

Tips News

error: Content is protected !!