ဆိုက္ကားအစီး ၃၀ အတွက် ဆိုက္ကားထီး အလက် ၃၀ လှူလိုက်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

ဒီကနေ့ မြန်မာ သက္ခရာဇ် ၁၃၈၁ ခုနှစ် နှစ်ဆန်း ၁ရက်နေ့မှာတော့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လောကကို အေးမြစေမယ့် အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ပရဟိတတွေ အလှူအတန်းတွေမှာ အားတက်သရော လှူတန်းလေ့ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေဟာ အနှေးယာဉ် (ဆိုက္ကား)လုပ်သားတွေ အပူဒဏ် ကင်းဝေးစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုက္ကားထီး အလက် ၃၀ ကို ဆိုက္ကားအစီးရေ ၃၀ အတွက် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ဒီလှူဒါန်းမှုလေးကိုတော့ ကျိုက္ကဆီဘုရား တောင်ဘက်မုဒ်မှာ ပြုလုပ်ခဲ့တာပဲ ဖြစ်ပြီးတော့ အခုလို လှူဒါန်းဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း သူမက လူမှုကွန်ရက်မှာ အခုလို မျှဝေထားပါတယ်။

” လှူချင်သော အလှူတစ်ခု အထမြောက် အောင်မြင်ခဲ့ပါပြီ။ မွေးနေ့ကတည်းက လှူဖို့ရည်မှန်းထားပေမယ့် မလှူဖြစ်ခဲ့လို့ ဒီနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ လှူဒါန်းခဲ့ပါတယ်ရှင်။

ကျွန်မတို့ အဲကွန်းလေးနဲ့ကားစီးပြီး အမြဲသွားနေရတဲ့ သူတွေတောင် နွေရာသီရဲ့အပူဒဏ်ကိုပြင်းထန်စွာခံစားနေရတာ တစ်နေကုန်နေပူထဲမှာ ဆိုက္ကားနင်းနေရတဲ့ ကာယလုပ်သားတွေ ဘယ်လောက်တောင် ပူလိုက်မလဲဆိုတဲ့စိတ်ကူးနဲ့ ဆိုက္ကား အစီးရေ ၃၀အတွက် ဆိုက္ကားထီးအချောင်း ၃၀ တပ်ဆင်လှူဒါန်းပေးခဲ့ပါတယ်။.ဆိုက္ကားနင်းပြီး အသက်မွေးဝမ်းကြောင်းရသောသူများနှင့် ၇ရက် သား/သမီးအပေါင်း အေးချမ်းကြပါစေရှင်” လို့ သူမရဲ့ လူမှုကွန်ရက်မှာ ရေသားထားပါတယ်။

ဒါ့အပြင် သူမှဟာ စတုဒီသာ အလှူကိုလှူဒါန်းခဲ့သေးတဲ့အပြင် ခြင်ထောင်တွေလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Credit-Akonthi

Tips News