ချစ်စရာကောင်းလွန်းတဲ့ မြေးချောလေးကိုထိန်းရင်း ပီတိတွေဖြာနေတဲ့ ဘိုးဘိုးလွင်မိုး

နာမည်ကျော် သရုပ်ဆောင် မင်းသားကြီး လွင်မိုးကတော့ အနုပညာလောကမှာ ထင်ရှားအောင်မြင်ခဲ့တဲ့ ငွေကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဘဝကို မိသားစုနဲ့အတူ အေးချမ်းစွာ ဖြတ်သန်းနေတဲ့ လွင်မိုးက သူနဲ့တစ်ထေရာတည်းတူတဲ့ မြေးချောလေးကိုတောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ သမီးကြီး ယွန်းဝတီလွင်မိုးရဲ့ သားဦးလေးဖြစ်တဲ့ Liam လေးက ဘိုးဘိုးလွင်မိုးရဲ့ရုပ်အတိုင်း ချွတ်စွပ်တူတဲ့ မြေးလေးပဲ ဖြစ်ပါတယ်။

မွေးစအရွယ်ကတည်းက အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ Liam လေးက ဘိုးဘိုး၊ ဘွားဘွားတွေနဲ့ မိသားစုတွေအားလုံးရဲ့ အသည်းကျော်လေးတစ်ဦး ဖြစ်ပါတယ်။ အခုဆိုရင် Liam လေးက အသက် (၅) လကျော်ရှိနေပြီဖြစ်သလို ပရိသတ်တွေကြားမှာလည်း အရမ်းကို လူချစ်လူခင် ပေါများနေတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ အခုလည်း ဘိုးဘိုးလွင်မိုးက ပြီးခဲ့တဲ့ပိတ်ရက်ကို မြေးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။

မြေးလေးကို လက်ကမချနိုင်အောင် ထိန်းပေးနေတဲ့ လွင်မိုးနဲ့ မြေးလေး Liam တို့ရဲ့ ကြည်နူးစရာမြင်ကွင်းလေးမှာတော့ ဘိုးဘိုး လွင်မိုးက မြေးလေးကို ထိန်းရင်း ပီတိအပြုံးတွေနဲ့ ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ အရမ်းကို ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးကြီးပြင်းလာတဲ့ Liam လေးက တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လွင်မိုးတို့မြေးအဘိုးနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:yunnandylm & yunwaddy

Tips News