အဆိုတော်ရသအား ထောင်ဒဏ် (၁၁)နှစ်ကျချမှတ်

ရသဟာ တစ်နိုင်ငံလုံးက ပရိသတ်တော်တော်များများနှစ်သက်သဘောကျတဲ့ နာမည်ရအဆိုတော်တစ်ယောက်ပါ။ ဒါ့အပြင် သီချင်းကောင်းတွေကိုသီဆိုတတ်ပြီး လူမှုဆက်ဆံရေးလည်းကောင်းလို့ ချစ်သူခင်သူပေါများသူတစ်ဦးလည်းဖြစ်ပါတယ်။မကြာသေးမီက ရသကို မူးယစ်ဆေးပြား (၁၆၀၀)ကျော်နဲ့အတူဖမ်းဆီးရမိလို့ တရားစွဲဆိုထားတယ်ဆိုတဲ့ သတင်းထွက်လာခဲ့စဉ်က ရသအတွက်စိတ်မကောင်းဖြစ်သူတွေ စိုးရိမ်ပူပန်သူတွေလည်းများခဲ့ပါတယ်။

ရသအပါအဝင်အတူဖမ်းမိသူကနှစ်ယောက်ပါ။ တစ်ကိုယ်ရည်သုံးစာမဟုတ်ပဲ မူးယစ်ဆေးပြားတွေအများကြီးနဲ့ ဖမ်းမိတာဖြစ်လို့ အပြစ်ဒဏ်ကတော့ သက်ညှာလိမ့်မယ်မဟုတ်ဘူးလို့ လူတွေကလည်း လူမှုကွန်ယက်တွေပေါ်မှာတစ်ယောက်တစ်ပေါက်ထင်ကြေးပေးနေကြပါတယ်။ ရသနဲ့အတူဖမ်းမိသူနှစ်ယောက် ပေါင်းသုံးယောက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေး ချမ်းမြသာစည်က တည်းခိုခန်းတစ်ခုမှာ စိတ်ကြွဆေးပြား (၁၆၅၅) ပြားနဲ့ဖမ်းမိတာဖြစ်ပြီး မန္တလေးခရိုင်တရားရုံးမှာ စစ်ဆေးခံနေခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရသကို တရားရုံးတော်က အပြီးသတ်အပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။အဲဒါကတော့ ရသနဲ့ အပေါင်းအပါနှစ်ယောက်ကို ထောင်ဒဏ် (၁၁) နှစ်စီချမှတ်လိုက်တာပါ။ ပရိသတ်တွေက ဝမ်းနည်းနေကြပြီး ခင်မင်ရင်းနှီးသူတွေလည်းအကြီးအကျယ်စိတ်မကောင်းဖြစ်နေကြရပါတယ်။ ရသကတော့ ကိုယ်ဖြစ်ကိုယ်ခံမို့အယူခံမဝင်လိုတော့ကြောင်းကို “ကျွန်တော့်အတွက်တော့ အယူခံမဝင်ချင်တော့ပါဘူး။ ကိုယ်သုံးစွဲလို့ကိုယ်ခံရတာခံရဲတယ်။ ဒါပေမယ့် သုံးစွဲသူကို ခုလောက်ပြစ်ဒဏ်ချမှတ်လိုက်တဲ့အတွက် ဘဝင်တော့မကျပါဘူး”လို့ ပြောကြားသွားပါတယ်။

ရသကတော့ မူးယစ်ဆေးသုံးစွဲမိတဲ့အတွက်ဘယ်သူမပြုမိမိမှုအနေနဲ့ စိတ်မကောင်းစရာ ထောင်ဒဏ်နှစ်အရှည်ကြီးကျခံရတော့မှာပဲဖြစ်ပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရသအတွက်စိတ်မကောင်းဖြစ်နေကြလား။ စိတ်မကောင်းဖြစ်ရင် ကိုယ်တိုင် မူးယစ်ဆေးနဲ့ကင်းရှင်းစွာနေဖို့တိုက်တွန်းလိုက်ရပါတယ်။

Can’t Wait To Say

Tips News