၂၀၁၈ အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်နေတဲ့ အနုပညာရှင် (၄) ဦး

အကယ်ဒမီဆုဆိုတာ အနုပညာရှင်တိုင်း အိပ်မက်မက်ရတဲ့ သူတို့ရဲ့အနုပညာ မှတ်တိုင်တစ်ခု စိုက်ထူခွင့်ရမယ့်အကောင်းဆုံးသော ဆုပဲဖြစ်ပါတယ် ။ နှစ်စဉ်နှ်စ်တိုင်း တစ်နှစ်တာအတွက်အကောင်းဆုံး အကယ်ဒမီဆုတွေကို ပေးအပ်တဲ့ အကယ်ဒမီဆုပေးပွဲကြီးကလည်း မကြာမီ ကျင်းပတော့မှာဖြစ်သလို ပရိသတ်တွေ ထင်ကြေးပေးနေကြတဲ့ အနုပညာရှင်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေရမယ့် ကာလကိုရောက်ရှိလို့လာပါပြီ ။ လာမယ့် မတ်လမှာ ကျင်းပပြုလုပ်မယ့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးအတွက် ဆန်ကာတင် စာရင်းဝင်နေတဲ့ အနုပညာရှင် အမျိုးသမီးဇာတ်ပို့တွေကို ဖော်ပြပေးလိုက်ပါတယ် ။

(၁) အေးဝတ်ရည်သောင်း (မုန်းစွဲ)

မုန်းစွဲ ကားမှာ မကြာဥဆိုတဲ့ ကာရိုက်တာနဲ့သရုပ်ဆောင်ခဲ့တာဖြစ်ပြီး လင်ယောက်ျားကို တုန်နေအောင် ချစ် ၊ လိုလေသေးမရှိ ပါရမီဖြည့်ပေးတတ်တဲ့ ဇနီးကောင်းတစ်ယောက်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တာပါ ။ တစ်ကားလုံး လူတိုင်း မုန်းစွဲစွဲနေကြတဲ့အထဲမှာ မကြာဥတစ်ယောက်ပဲ ချစ်စွဲစွဲပြီး ၂ဘ၀ဆက်တိုက် ဒီယောက်ျားတစ်ယောက်ထဲကိုပဲ တမ်းတမ်းစွဲချစ်မြတ်နိုးတဲ့ မိန်းမတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ သဘောကျ နှစ်ခြိုက်ခဲ့ရတဲ့ မအေးသောင်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုကတော့ အံ့မခန်းပါပဲ ။

(၂) စိုးမြတ်သူဇာ ( အနမ်းဝိုင် ၊ ငယ်ကျွန် ၊၀ိဥာဉ်စိမ်း )

အနမ်းဝိုင် ဇာတ်ကားမှာ အတ္တကြီးပြီး သားဖြစ်သူကိုအရမ်းချစ်တဲ့ မိန်းမတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပြီး ငယ်ကျွန်ကားမှာတော့ တော်ဝင်မျိုးနွယ်က ဆင်းသက်လာတဲ့ မိန်းမတစ်ယောက်ဖြစ်သလို လင်ယောက်ျားကပါ ဒူးထောက်ပြီး အခစားဝင်ရတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ ။ ၀ိညာဉ်စိမ်းမှာတော့ ဆိုးသွမ်းနေတဲ့ သား ၄ယောက်ရဲ့မိခင်အဖြစ်သရုပ်ဆောင်ထားးတာဖြစ်ပါတယ် ။ ဇာတ်ကားတိုင်းဟာ သူမနဲ့လိုက်ဖက်တဲ့ ကာရိုက်တာတွေဖြစ်ပြီး ၀ါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ပီပြင်တဲ့ မာန်ပါပါသရုပ်ဆောင်မှုတွေကြောင့် ဒီနှစ်ရဲ့ အကောင်းဆုံးဇာတ်ပို့ဆုအဖြစ် ဆန်ကာတင် ရွေးချယ်ခံထားရတာပါ ။

(၃) လင်းဇာနည်ဇော် (မှော်ဝင်သမန်းကျား ၊ တစ်ခုလပ် )

သရုပ်ဆောင်လောကမှာ အနုပညာခြေလှမ်းတွေကျဲနေပေမယ့် လက်ရှိရိုက်ကူးထားတဲ့ တစ်ခုလပ်နဲ့ မှော်ဝင်သမန်းကျားကားကြီးမှာ သူမရဲ့ပြောင်မြောက်တဲ့အနုပညာအရည်အသွေးတွေကို တွေ့မြင်ရမှာဖြစ်ပြီး ပီပြင်လွန်းတဲ့သူမရဲ့သရုပ်ဆောင်မှုတွေကြောင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုမှာ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတာပါ ။

(၄) ခင်ဇာခြည်ကျော် ( ဥပါဒါန်)

ငါသူတစ်ပါး ယောက်ျားမိန်းမ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ သူမဟာ ဥပါဒါန်ကားမှာ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကိုပေါ်လွင်အောင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေကို မျက်ရည်လည်စေတဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကတော့ အကယ်ဒမီခင်ဇာခြည်ကျော် ရယ်လို့ပြောစရာမလိုအောင်ကောင်းလွန်းပါတယ် ။

၂၀၁၈ အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ဆန်ကာတင် မင်းသမီးလေးယောက်ကို ဖော်ပြပေးလိုက်ပါပြီ ပရိသတ်ကြီးရေ ..။ ပရိသတ်ကြီးရော ဘယ်မင်းသမီးက အကောင်းဆုံး ဇာတ်ပို့ဆုရမယ်ထင်လည်း comment ရေးပေးသွားပါဦးနော် ။

Credit: CeleGabar

Tips News