၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို အပြိုင်လုရမယ့် အနုပညာရှင် (၄)ဦး

မကြာခင်မှာ ပြုလုပ်တော့မယ့် ၂၀၁၈ အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနားက နီးကပ်လာပါပြီ ။ ၂၀၁၈ တစ်ခုလုံးမှာလည်း ဇာတ်ကားကောင်းများစွာနဲ့ သရုပ်ဆောင်ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင်ပေါင်းများစွာ ပေါ်ထွက်ခဲ့ပါတယ် ။ အဲဒီလို ဇာတ်ကားကောင်းတွေထဲကနေ ပရိသတ်တွေအနေနဲ့ထင်ကြေးပေးနေကြတဲ့ အမျိုးသားဇာတ်ပို့တွေအများအပြားရှိပါတယ် ။ အဲဒီထဲကမှ ၂၀၁၈ အတွက်အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ကိုဆန်ကာတင် ရွေးချယ်ခံထားရတဲ့ မင်းသားတွေကိုဖော်ပြပေးလိုက်ပါတယ် ။

(၁) အောင်မြင့်မြတ် ( ဥပါယ်တံမျဉ်)

ပထမဆုံးပွဲဦးထွက်ကားဖြစ်သလို ပထမဆုံးကားမှာတင် ကိုသိန်းစိုးဆိုတဲ့ ဗီလိန်ကာရိုက်တာကို ပရိသတ်တွေ အားပေးကြမ်းခဲ့တာပါ ။ ” ခင်ဗျားဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ စောက်ဖက်မလုပ်ဘူး ” ဆိုတဲ့ ကိုသိန်းစိုးရဲ့ ဒိုင်ယာလော့လေးဟာ လည်း ပရိသတ်တွေကြားထဲမှာ အထူးရေးပန်စားခဲ့ပါသေးတယ် ။ ပထမဆုံးရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ အောင်မြင့်မြတ်ဘယ်လောက်သရုပ်ဆောင်ကောင်းတယ်ဆိုတာ ပရိသတ်တွေသိပြီး ဖြစ်မှာပါနော် ။

(၂) ကျော်ကျော်ဗိုလ်

မုန်းစွဲရုပ်ရှင်ကားကြီးမှာ ခြေတစ်ဖက်မသန်တဲ့ ဒုက္ခိတတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။ သရုပ်ဆောင်တဲ့အပေါ်မုဝင်ပြီး ခြေတရွတ်တိုက်တွေ စွဲခဲ့ရလို့ ခြေထောက်တွေတောင် ပွန်းခဲ့တဲ့အထိ အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့တာပါ ။

(၃) ရဲရင့်အောင် ( ငါ့ကိုနမ်းတဲ့မုန်တိုင်း)

ငါ့ကိုနမ်းတဲ့ မုန်တိုင်းကားမှာ ဗီ လိန်နေရာကနေ သရုပ်ဆောင်ထားပြီး အချစ်ကြီးတဲ့ ယောက်ျားတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင် ခဲ့တာပါ ။ ဒီကားမှာ ရဲရင့်အောင်ရဲ့ သရုပ်ဆောင် ကောင်းမှုတွေကို ပရိသတ်တွေလက်ခံခဲ့တဲ့ကားကောင်းတစ်ကားပါ ။

(၄)နေမျိုးအောင် (သုံးရောင်ခြယ်)

မြန်မာနိုင်ငံက ရိုးသားတဲ့ တောသူလေးတွေ ပြည့်တန်ဆာအဖြစ် ရောင်းစားခံနေရတဲ့ ပညာပေးဇာတ်ကားမှာ သရုပ်ဆောင်ထားပြီး ဒရမ်မာပိုင်နိုင်လွန်းတဲ့ သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့အဖြစ် ဆန်ကာတင်ရွေးချယ်ခံခဲ့ရတာပါ ။

Credit : CeleGabar

Tips News