ငယ်ငယ်တုန်းက ရုပ်ချင်းဆင်လွန်းလို့ နာမည်တွေမှားခေါ်ခဲ့ကြပုံတွေကို ပြောလာတဲ့ ခိုင်နှင်းဝေ

ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို သူမအပျိုဘဝကတည်းက တစ်စိုက်မက်မက် လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဆံနွယ်အရှည်ကြီးကို ပိုင်ဆိုင်ပြီး မြန်မာဆန်တဲ့ မျက်နှာလေးကြောင့် မဟာဆန်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ခိုင်နှင်းဝေက ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးခဲ့ပြီး ပါးချိုင့်နှစ်ဖတ်နဲ့မင်းသမီးလေးလို့ ပရိတ်သတ်တွေက သတိထားမိလာကြပါတယ်။

ခိုင်နှင်းဝေက ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ပြီး အလုပ်ကို ကြိုးစားတဲ့သူတစ်ယောက်ဖြစ်လို့ သူမရဲ့ ဇာတ်ကားတွေကို ပရိတ်သတ်တွေက ကြိုက်နှစ်သက်ကြပြီး တစ်ခဲနက်အားပေးခြင်းတွေကိုရရှိခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။အခုဆိုရင်လည်း ခိုင်နှင်းဝေက အရင်လိုလှပနေဆဲဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို လိုအပ်နေတဲ့သူတွေအတွက် ပရဟိတအလုပ်ကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်ပြီး ကူညီနေတဲ့ စိတ်သဘောဖြူတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေက ငယ်ငယ်ကလည်း အရမ်းလှခဲ့ပြီး အိုင်တင်ကောင်းလို့ ပရိတ်သတ်တွေရဲ့ရင်ထဲမှာနေရာယူလာတဲ့ မင်းသမီးလေးပါ။ခိုင်နှင်းဝေနဲ့ ဆုပန်ထွာက သူငယ်ချင်းတွေဖြစ်ကြပြီး ဇာတ်ကားတွေလည်း အတူတူတွဲပြီး သရုပ်ဆောင်ဖူးကြပါတယ်။အခုဆိုရင် ခိုင်နှင်းဝေက “အပြင်သွားတိုင်း သူ့ကိုခိုင်နှင်းဝေလို့ ခေါ်ပြီး ကျွန်မကို ဆုပန်ထွာလို့ခေါ်ကြတယ်”ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရဲ့ အမှတ်တရလေးတွေကို ပြောပြပြီး သူတို့ရဲ့ ငယ်ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။

Source:Khine Hnin Wai

Tips News

error: Content is protected !!