နတ်တွေ၊ သိကြားမင်းတွေတောင် မနေနိုင်ဘဲ ဒီဂါထာရွတ်ရင် လိုက်ဖြည့်ဆည်းပေးရတဲ့ ဂါထာ

သမ္ဗုဒ္ဓေဂါထာလေးအကြောင်းမသိသူတွေအတွက်ဗဟုသုတအဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင်အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊ပြိတ္တာကတော ဂါထာအစကြားတာနဲ့တစ်ချိုးတည်းလစ်ပြေးပါတယ်၊ကျောင်းထိုင်ပြတ္တာကြီးတွေအခြားဂါထာတွေပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ်သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ၊ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး၊

သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင်နတ်တွေ သကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပီး စိတ်ကတောင့်တရင်သူတို့တွေကောင်းကောင်းနေမရပါဘူး၊လိုက်ဖြည့်ဆည်းပေးရပါတယ် သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်၊ ဘုရားတွေရှိခိုးရတာကြောင့်အရမ်းအစွမ်းထက်ကြောင်းအနည်းငယ်ဗဟုသုတအနေနဲ့တင်ပြလိုက်ပါတယ်

သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။-နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။-ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။

(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။-ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။

Credit-Nay Ye Zaw

Tips News