ပညာရေးသံတမန် ဖြစ်သွားတဲ့ ဇနီးကို သူ့ကြောင့် ဂုဏ်မငယ်စေရဘူးလို့ ကတိပေးလိုက်တဲ့ လင်းလင်း

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

လင်းလင်းက ပညာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ဇနီးချောလေး ချစ်သုဝေအတွက် ဂုဏ်ယူနေကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ပြောထားပါတယ်။ ” ညည်းလို့မိန်းမမျိုးရထားတဲ့ ကျုပ်လိုယောကျာင်္းက ဒါမျိုးမှ ဂုဏ်မယူ ဘယ်လိုဂုဏ်ယူရမလဲဟ”

” စိတ်သာချ ကျုပ်လျှောက်နေတဲ့လမ်းမှာလဲ ညည်းဂုဏ်မငယ်စေရသလို နိုင်ငံ နဲ့ ခေါင်းဆောင် အပေါ်လဲ ဘယ်တော့မှ သစ္စာမပျက်စေဘူးဟေ့” ဆိုပြီး ချစ်ဇနီးလေးကို ကတိပေးထားပါတယ်။

ချစ်သုဝေက “မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌါန (Myanmar learning resource centre-MLRC) ” ရဲ့ “ပညာရေးသံတမန်” အဖြစ် မတ်လ(၃၁) ရက်နေ့က ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

ချစ်သုဝေနဲ့ လင်းလင်းကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက် ဖြည့်စည်းပေးတတ်တဲ့ သူတွေပါပဲ။ ချစ်ဇနီးလေးအတွက် လင်းလင်းတစ်ယောက် တော်တော်လေး ပျော်နေတဲ့ ပုံပါပဲ။ ပရိသတ်ကြီးလဲ လင်းလင်းနဲ့ ချစ်သုဝေတို့အတွဲလေးကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-momolay

Tips News