ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား ထီလက်မှတ်ကဲ့သို့သဘောထားပြီး ထီထိုးသော်လည်း ထီပေါက်စဉ်မထွက်သေးသကဲ့သို့ခံစားနေရဟု ဆို

ပည်သူအများစုက နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထီလက်မှတ်ကဲ့သို့ သဘောထားကာ ထီထိုးထားသော်လည်း ထီပေါက်စဉ်ပင်မထွက်သေးသကဲ့သို့ ခံစားနေရကြောင်း ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ကိုမင်းဇေယျက ပြောသည်။ရန်ကင်းမြို့နယ်တွင် ဇန်န၀ါရီလ ၂၇ ရက်က ကျင်းပသော ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ အကုန်သိသတင်းဌာန၏ မေးမြန်းချက်ကို ဖြေကြားခြင်းဖြစ်သည်။

“ထီထိုးတယ် ။ထီထိုးတဲ့သူတွေရဲ့ ရည်ရွယ်ချက်က ထီပေါက်ချင်လို့ဗျ။ ထီမထိုးဘဲထီပေါက်ချင်လို့ မျှော်လင့်လို့မရဘူး။ အခုကျွန်တော်တို့ပြည်သူတွေကထီထိုးလိုက်ပြီ။ အဲဒီထီလက်မှတ်ကို NLD ကို လွှဲထားလိုက်ပြီ။ တစ်နေ့နေ့တော့ထီပေါက်မယ်ပေါ့ဗျာ။ အဲဒီလိုမျော်လင့်ချက်နဲ့ဆိုရင်တော့ေ မျှာ်လင့်ရကျိုးနက်တာပေါ့ဗျာ။ပေါက်တာမပေါက်တာတစ်ပိုင်းထားဗျာ။ အခုက ပြည်သူတွေက အန်တီစုပြောသလိုထီထိုးတယ်။ ပြီးတော့ထီပေါက်မလားဆိုပြီးမျှော်လင့်နေတယ်။ဒါပေမဲ့ အချိန်သာ ကြာလာတာ၊ ထီပေါက်စဉ်ကထွက်မလာဘူး။ပေါက်မပေါက်လည်းမသိရဘူးဆိုတော့ နောက်တစ်ခါ ထီထိုးဖို့ကြတော့ လူတွေကတွန့်သွားမှာလေ။ ကျွန်တော်အဲဒါတော့စိတ်ပူတယ်’’ဟု ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ကိုမင်းဇေယျက ပြောသည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုများတွင် တိုးတက်မှုနှေးကွေးမှုများကြောင့် ပြည်သူများ၏ အားမရမှုပိုမိုကြီးထွားလာကြောင်း ၄င်းက ဆက်ပြောသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လူထုထောက်ခံဆန္ဒမဲထက်ဝက်ကျော်ဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့ပြီး လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများအပြားရရှိခဲ့သည်။

Credit-Akonthi

Tips News

error: Content is protected !!