နိုင်ငံအတွက် ပေးဆပ်ခဲ့ကြတဲ့ အဖိုး အဖွားတွေကို ဒီလိုတော့ မရက်စက်သင့်ပါဘူးလေ

ဒီ​နေ့ အဖိုးကိုပင်​စင်​လိုက်​ထုတ်​​ပေးတယ်​ ပင်​စင်​​လစာ​တွေ တိုးတာကို သူတို့ဆီမှာရှိပြီးသားစာရင်းကို ​ဘောမှာကပ်​ထားပြီး စာအုပ်​ထပ်​ရင်​လက်​မခံပဲ နာမည်​သွားရှာခိုင်းတယ် ..​ တိုးမတိုးသွားရှာလို့သာ ​ပြောလိုက်​တာ ဘယ်​လိုရှာရမယ်​ဆိုတာတခွန်းမ​ပြောဘူး ကိုယ်​ကပြန်​​မေးတယ်​.. ဦး​လေး ဘယ်​လိုကြည့်​ပြီးရှာရမလဲ​ပေါ့ နာမည်​ ရာထူးနဲ့ ဌာန တိုက်​ရှာတဲ့ ..ကိုယ်​စရှာတယ်​..နာမည်​ကစပြီး ဘုတ်​​တွေက ဟိုဘက်​​ကောဒီဘက်​​ကော မနည်းဘူး..နာမည်​​တွေက ​ဗြောက်​​သောက်​ ဌာနကလဲ​ဗြောက်​​သောက်​ အရင်​အမှတ်​စဉ်​နဲ့ စီထားတာလဲမဟုတ်​ .. ကိုယ်​ရှာရတာအ​ကြောင်းမဟုတ်​ဘူး..​နေကပူပူ အရိပ်​မရှိဘာမရှိ တုန်​တုန်​ချိချိ မျက်​လုံးမ​ကောင်းတဲ့အဖိုး​တွေအဖွား​တွေဆိုတာ မနည်းဘူး ဟိုနား​လေးရပ်​ရှာ ဒီနား​လေးရပ်​ရှာနဲ့ သားရယ်​ ဘယ်​လိုရှာရမလဲ အဖွားမမြင်​ရလို့ အဖိုးမမြင်​ရလို့ ဆိုပြီး​ပြောလာသူ​တွေ မနည်းကိုယ်​လဲမှတ်​မိနိုင်​သ​လောက်​နာမည်​​တွေမှတ်​ရှာ​ပေး ဘယ်​လိုမှအဆင်​မ​ပြေ..

နောက်​ဆုံး အဖိုးပင်​စင်​စာအုပ်​တစ်​အုပ်​လုံး ပိုက်​စိပ်​တိုက်​လိုက်​ကြည့်​ပြီး ဘယ်​လိုရှာရင်​အလွယ်​ဆုံးဆိုတာနည်းလမ်း​တွေ့တယ်​..ဒါနဲ့ကိုယ့်​အဖိုးနာမည်​​ပြေးရှာ ရပြီဆိုတာနဲ့ ဓာတ်​ပုံရိုက်​ မှတ်​ထား စာအုပ်​​ပြေးထပ်​ ညီဝမ်းကွဲနဲ့ အဖိုးကိုစာအုပ်​ထပ်​တဲ့နား နာမည်​​ခေါ်တာ​စောင့်​ခိုင်းပြီး မ​နေနိုင်​တဲ့ကိုယ်​ဘုတ်​​တွေနားကိုပြန်​​ပြေး အဖိုးသားကို စာအုပ်​ခဏပြ အဖွားသားကို စာအုပ်​ခဏပြဆိုပြီး အမိန့်​လွှာအမှတ်​ကို ဓာတ်​ပုံရိုက်​ယူ(စာအုပ်​ယူထားရင်​​ပျောက်​မှာစိုးလို့) ဟိုအရိပ်​ထဲသွား​စောင့်​​နေကြဆိုပြီး အဲ့​နေပူထဲမယ်​တစ်​​ယောက်​ပြီးတစ်​​ယောက်​ရှာ​ပေး မှတ်​​ရေး​ပေးရတယ်​ တစ်​ချို့အဖိုးအဖွား​တွေလဲ နာမည်​မပါ (မတိုးဘူး) ​မျှော်​လင့်​ချက်​​လေး​တွေနဲ့ ​တွေ့မလား​တွေ့မလား ရှာ​နေကြ​သေးတယ်​ ..
ကိုယ့်​မယ်​ သနားလဲသနား ​ဒေါသ​တွေလဲထွက်​ ..

ပင်​စင်​လစာလာထုတ်​ကြသူ​တွေဟာ အဖိုး​တွေအဖွား​တွေများတယ်​ အိမ်​ကလူပါလာတယ်​ဆိုတာ ​တော်​​တော်​ကိုရှားတယ်​ ဒါကိုမညှာမတာ သူတို့သက်​သာဖို့အ​ရေး  လစာတိုးပါမပါ နာမည်​ အမှတ်​စဉ်​ရှာခိုင်းတာ ဟုတ်​ကိုမဟုတ်​ဘူး ..တကယ်​ဆို Smart Card နဲ့ ထုတ်​တာပဲ သူတို့်​မှာ စာရင်းရှိပြီးသား ရှာခိုင်းစရာလိုကိုမလိုတာ..ရှာလို့​တွေ့လာတဲ့အမှတ်​စဉ်​ကို ဘာလုပ်​သလဲဆို​တော့ စာအုပ်​အဖုံးမှာ​ရေးလိုက်​တယ်​ သူတို့မှာ ဘုတ်​မှာကပ်​ထားတဲ့ စာရွက်​​တွေကို သူ့အတွဲလိုက်​စီ ရှိ​နေပြီးသားကို အဲ့အမှတ်​စဉ်​ကို ရှာပြီး လယ်​ချာစာအုပ်​ထဲ ပြန်​ကူး​ရေးသတဲ့ အ​မေးဇင်း လုပ်​ထုံးလုပ်​နည်းကြီး..

ဒါ​လေးတစ်​ခုအတွက်​ ​နေပူကြီးထဲ နာမည်​ရှာမရလို့ စိတ်​ပူ ပင်​ပန်း​နေကြတဲ့အဖိုး​တွေအဖွား​တွေကိုကြည့်​ရင်း ​ဒေါသထွက်​လိုက်​တာ ဆိုတာ အသား​တောင်​ တဆတ်ဆတ်တုန်​တယ်​..အဖိုး​ငွေထုတ်​ပြီးတဲ့အထိ နိုင်​သ​လောက်​ရှာ​ပေးခဲ့တယ်​ ကိုယ်​ပြန်​လာတဲ့အထိ ရှာ​နေကြတဲ့အဖိုး​တွေအဖွား​တွေကို စိတ်​မချမ်းမသာနဲ့ပဲထားခဲ့ရတယ်​.. ပိုသမျှအစွန်းတွက်​​တွေကိုကျ ​ဝေမျှယူကြ ကိုယ်​ကျအရိပ်​ထဲ​နေပြီး..ကိုယ်​ချင်းစာစိတ်​​လေး​တော့ထားကြဖို့​ကောင်းပါတယ်​ ကိုယ်​ချင်းစာနိုင်​ကြပါ​စေ..

PS: ​ငွေ​ပေးအမိန့်​စာအမှတ်​နဲ့ ရှာတာ အလွယ်​ဆုံးပါ တိုးတာ​တွေက  GON, N(YGN),N(NPT),NA,NB တို့ပဲဖြစ်​ပါတယ်​ ကျန်​တဲ့ Fတို့ ဘာတို့ တိုးတဲ့ထဲမပါပါဘူးခင်​ဗျ ဒီလမပါ​သေးတဲ့သူ​တွေ စာရင်းမပြီးလို့ ​နောက်​လမှပါပါလိမ့်​မယ်..

Credit-မူရင်းရေးသားသူ

Tips News

error: Content is protected !!