အမြန်လမ်းတွင် မန္တလာမင်း ခရီးသည်တင်ယာဉ်မှ ကုန်တင်ယာဉ်အားဝင်တိုက်မိရာမှ ယာဉ်အကူသေဆုံး

၂၀၀၉ ခုနှစ် မတ်လ(၂၉)ရက်နေ့ နံနက်(၀၅၃၀) နာရီ အချိန်. ရန်ကုန်-မန္တလေး လမ်း မိုင်တိုင် ၂၅၈/၄ အနီး တွင် ယာဉ်မောင်း ကိုမျိုးမင်းလတ်၊ ၃၀နှစ်၊ ကျိုက်ထိုမြို့နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် YGN 7P- 2—Yutong အမျိုးအစား အနီရောင် မန္တလာမင်း Express သည် ရှေ့မှ လားရာတူ မောင်းနှင်နေသေည့် ယာဉ်မောင်း ကိုတင်ဝင်းမောင်းနှင်သော 9K/1—Canter ကုန်တင်ယာဉ်ကို ဝင်ရောက်တိုက်မိပြီး မန္တလာမင်းယာဉ်မှာ ဂါတ်ဝေးတန်းအား ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောတွင် ရပ်တန့်သွားပြီး Express ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား ၁၉ဦး၊ မ ၄ဦး၊ ပေါင်း ၂၃ဦးပါရှိပြီး ယာဉ်အကူ အောင်မြတ်သူ ထိခိုက်ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ပေပင်လေး စခန်းမှ တပ်ဖွဲ့ ဝင်များမှ တောင်ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ ရာ. ဆေးရုံရောက်ရှိသည့်အချိန် သေဆုံးသွားပါသည်။

Credit-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

Tips News