အသက် (၉၀) ကျော် အဘွားအိုရဲ့ ဆန္ဒကို အိမ်တိုင်ရာရောက်သွားပြီး ဖြည့်ဆည်းပေးခဲ့တဲ့ မြင့်မြတ်

အကယ်ဒမီ မင်းသားချောကြီး မြင့်မြတ်ကတော့ အနေအေးပြီး ရိုးသားဖြူစင်တဲ့ နှလုံးသားပိုင်ရှင်တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးအောင်မြင်ခဲ့တဲ့ မြင့်မြတ်က မတူညီတဲ့ဇာတ်ရုပ်မျိုးစုံကို ပီပီပြင်ပြင်နဲ့ အသက်သွင်းနိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြင့်မြတ်က ပရိသတ်တွေအပေါ်မှာလည်း ရင်းနှီးမှုအပြည့်နဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံလေ့ရှိပါတယ်။

အခုလည်း မြင့်မြတ်က အသက် (၉၀) အရွယ်ရှိတဲ့ အဘွားအိုတစ်ယောက်ရဲ့ဆန္ဒကို အိမ်တိုင်ရာရောက်သွားပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ မြင့်မြတ်ကို တွေ့ချင်စိတ်ပြင်းပြနေတဲ့ အဘွားအိုရှိရာ ကျုံဒိုးအထိ မြင့်မြတ်က ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြင့်မြတ်က Ve Ve Tour ခရီးစဉ်လေးကို K ညီနဲ့အတူ ခရီးထွက်နေတာ ဖြစ်ပါတယ်။

မြင့်မြတ်က ” ကျုံဒိုးမှာ အသက်၉၀အဖွားကတွေ့ချင်တယ်ဆိုလို့ ဝင်တွေ့ကြသည် …” ဆိုပြီး ကြည်နူးစရာကောင်းတဲ့ ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ မြင့်မြတ်ကို တွေ့ဆုံရလို့ ပျော်ရွှင်နေတဲ့ အဘွားအိုရဲ့အပြုံးလေးတွေကတော့ မြင်ရသူတိုင်းရင်ကို ကြည်နူးပီတိတွေ ဝေဖြာစေနိုင်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်နဲ့ သူရဲ့ ပရိသတ် အဘွားအိုတို့ရဲ့ တွေ့ဆုံမှုပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:မြင့်မြတ်;

Tips News

error: Content is protected !!