ဇနီးသည်ကို ဘန်ကောက်လိုက်ပို့ပြီး တူနှစ်ကိုယ်အမှတ်တရတွေကို ဖန်တီးနိုင်ခဲ့တဲ့ ရွှေနှစ်ရွှေ

ရွှေနှစ်ရွှေကတော့ ဘန်ကောက်ကို အစားတလိုင်းခရီးစဉ်အဖြစ်ရောက်ရှိခဲ့တုန်းကပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေက သတ်မှတ်ထားရတဲ့ ရွှေနှစ်ရွှေကတော့ အမြဲလိုလို ရိုဆန်ဆန် ပုံရိပ်လေးတွေနဲ့အတူ တွေ့ရလေ့ရှိပါတယ်။ ပူပူနွေးနွေးအိမ်ထောင်သည်ဘဝလေးကို ခံယူထားပြီး ခင်ပွန်းသည်၊ ဇနီးဖြစ်သူရဲ့ ဂရုစိုက်မှုတွေကြားထဲမှာ ပျော်ရွှင်နေတာကိုလည်း တွေ့ရပြန်ပါတယ်။

ရွှေနှစ်ရွှေကတော့ ဘန်ကောက်သို့အစားတလိုင်းအနေနဲ့ရောက်ခဲ့တဲ့အချိန်တုန်းက ပုံရိပ်လေးတွေကိုနှစ်ဦးလုံးက မျှဝေထားပါသေးတယ်။ ဒါ့အပြင် ခင်ပွန်းဖြစ်သူ ရွှေထူးကတော့ “သူအလုပ်ပင်ပန်းလို့ကိုယ်လိုက်ပို့တာလား … ကိုယ်အလုပ်ပင်ပန်းလို့ သူလိုက်ပို့တာလား မသိသောခရီးစဉ်… 😁” လို့ ခပ်နောက်နောက် Caption လေးနဲ့အတူ ချစ်ဇနီးနဲ့ပုံရိပ်လေးတွေကို တင်ထားခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်ရောက်ရှိစဉ်မှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့အမှတ်တရတွေကိုဖန်တီးနိုင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။

Credit-We Love Cele

Tips News

error: Content is protected !!